NEWS

Myanmar Fortess Wealth Garment စက်ရုံ စနေနေ့ အချိန်ပိုမဆင်းလို့ ဆိုပြီး ဒေးကြေး ကျပ် ၆၈၀၀ ပဲ ပေး

CoverLogo
305 Views
 
Myanmar Fortess Wealth အထည်ချုပ်စက်ရုံက စနေနေ့မှာ အချိန်ပိုမဆင်းပဲ နေအိမ်ပြန်ပါက အလုပ်တစ် ရက်ပျက်တယ်ဆိုပြီး တပတ်လုံးကို ဒေးကြေး ၆၈၀၀ကျပ် နဲ့ပဲ လုပ်ခ ရှင်းပေးတယ်လို့ မြန်မာနိုင်ငံကုန်ထုတ်နှင့် စက်မှုလက်မှု အလုပ်သမားများအဖွဲ့ချုပ် (IWFM) ကို အလုပ်သမားတွေက ပြောပါတယ်။
 
“တပတ်အလုပ်လုပ်ချိန် ၄၄ နာရီမို့၊ စနေနေ့ နေ့ဝတ်ဆင်းပြီး ပြန်တာကို တပတ်လုံး ၆၈၀၀ နဲ့ပဲ ရှင်းပေးတယ်။ ဒါတင်မဟုတ်ဘူး အလုပ်တစ်ရက်ပျက်ရင် တပတ်လုံး ၆၈၀၀ကျပ်နဲ့ လစာတွက်ပေးတာ၊ လုပ် အားခ ခေါင်းပုံဖြတ်တာပါ.” လို့ အလုပ်သမားတွေက ပြောပါတယ်။
 
၁၉၅၁ ခုနှစ်၊ အလုပ်ရုံများ အက်ဥပဒေ ပုဒ်မ ၅၄ မှာ အလုပ်ရုံတွင် ခန့်ထားသောအလုပ်သမား မည်သူ့ကိုမျှ မည်သည့်နေ့၌မဆို (၈) နာရီထက်ပို၍ အလုပ်လုပ်ကိုင်စေခြင်း မပြုရ၊ သို့တည်းမဟုတ် အလုပ်လုပ်ခွင့် မပြုရ။ ၎င်းပြင် ရက်သတ္တပတ်တစ်ပတ်အတွင်းတွင်လည်း (၄၄) နာရီထက် ပို၍ အလုပ်လုပ်ကိုင်စေခြင်း မပြုရ၊ သို့တည်းမဟုတ် အလုပ်လုပ်ခွင့် မပြုရ။” လို့ပါရှိပါတယ်။
 
စက်ရုံ ဒေးကြေး ကျပ် ၁၁,၀၀၀၊ ရက်မှန်ကြေး ကျပ် ၃၀၀၀၀ သတ်မှတ်ထားပြီး ဥပဒေအရ ခံစားခွင့်ရှိတဲ့ ခွင့်ရက်တော့ မရဘူးလို့ အလုပ်သမားတွေက ပြောပါတယ်။
 
“ခွင့်ရက်တွေ၊ ဆေးခွင့်တွေမရဘူး၊ လူမှုဖူ လုံရေးကြေး လတိုင်းဖြတ်တယ်၊ ဆေးခွင့်တော့မရဘူး။ ရက်ပျက်တာနဲ့ တစ်ရက် ကျပ် ၁၀,၀၀၀ ကျော် အဖြတ်ခံရတယ်။ မိနစ်ပိုင်း နောက်ကျတာတောင် ၃၀,၀၀၀ ကျော် အဖြတ်ခံရပါတယ်။” လို့ ပြောပါတယ်။
 
သီတင်းကျွတ်ရက်မှာ စက်ရုံမှူး၊ မန်နေဂျာကို ကန်တော့ဖို့ ဆိုပြီး အလုပ်သမားတစ်ယောက် ကျပ် ၁၀,၀၀၀ကျပ်ကောက်ခဲ့တဲ့ အပြင် တန်ဆောင်တိုင် ကထိန်အတွက်ဆိုပြီး တစ်ယောက် ကျပ် ၃၀၀၀ ထပ်ပြီ ကောက်ယူခဲ့တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
စက်ရုံ သည်အလုပ်သမားတွေ မချုပ်နိုင်တဲ့ အထည်တွေ ဖိအားပေးတောင်းခံပြီး မပြည့်ပါက ခေါင်းဆောင်တွေက အစည်းအဝေးခေါ်ပြီး ဆဲဆိုတယ်လို့လည်း အလုပ်သမားတွေက ပြောပါတယ်။
 
“ မချုပ် နိုင်တဲ့ အထည်စံချိန်တောင်းတယ်။ ခက်ရင် ၄၅ ထည်၊ လွယ်ရင် အထည် ၈၀ ကျော် အထိ တောင်းတယ်။ အထည်တွေက ဂျပန်ထည်တွေ ဝယ်လွန်တွေ။ ခေါင်းဆောင်တွေ စက်လိုင်းတွေကို အထည် ပြိုင်ချုပ်ခိုင်းတာ၊ လိုင်းချင်းချင်း ယှဉ်ပြီးချုပ်ခိုင်းတာက ရန်တိုက်သလိုပဲ။ အထည်မရတဲ့လိုင်းတွေဆို စံချိန်ပြည့် အောင်မပေးရမလားဆိုပြီး မီတင်ခေါ်ကာ အော်ဟစ်ဆဲနေတာ” လို့ ပြောပါတယ်။
 
စက်ရုံအတွင်း ၁၅,၁၆နှစ်အရွယ် အသက်မပြည့်တဲ့ အလုပ်သ မား ၂၀၀ ကျော်ကို လူကြီးအလုပ်သမားတွေနဲ့ တန်းတူခိုင်းစေပေမဲ့ လုပ်ခလစာ တန်းတူ မရဘူးလို့ အလုပ်သမားတွေက ပြောပါတယ်။ လုပ်ငန်းခွင်အတွင်း အရေးအေပါ် ဆေးဝါးတောက်ပံတွေ မပြည့်စုံတာနဲ့ တခြား လိုအပ်ချက်တွေလည်း ရှိနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“ အလုပ်လုပ်နေတုန်း နေမကောင်းလို့ ဆေးခန်းမှာဆေးတောင်းရင် ဆေးကတစ်ခါ မှမရှိဘူး။ ပိုက်ဆံနဲ့ ပေးဝယ်ရင်တော့ ဆရာမက ရောင်းပါတယ်။ ဆေးလဲချက်ချင်းရတယ်။ သောက် ရေ ပုံမှန်မရဘူး၊ ၊ ရေပြတ်တယ်၊ အိပ်သာမှာ ရေမရဘူး စဉ်းစားကြည့်တော့၊” လို့ အလုပ်သမားတွေက ပြောပါတယ်။
 
လိုင်းစာရေးမက အလုပ်သမားတွေရဲ့ ကိုယ်ရေးအချက်အလက်တွေတောင်းနေပြီး အကြောင်းအရင်းကို ပြောဆိုတာမရှိလို့ အလုပ်သမားတွေမှာ စိုးရိမ်မှုတွေ ရှိနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“ရွေးကောက်ပွဲ နီးလို့လားမသိဘူး၊ ဘာမှမပြောဘဲ ကိုယ်ရေးအကျဥ်းတွေ နေရပ်လိပ်စာတွေ တောင်းတယ်။ မေးတော့ မဖြေဘူး ၊ အဲ့တော့ အမှန်မပေးကြဘူး၊ စစ်မှုထမ်းအတွက် စာရင်းတွေပို့လိုက်ရင် ဘယ်လိုလုပ်မလဲ ။ ” လို့ အလုပ်သမားတွေက ပြောပါတယ်။
 
Myanmar Fortess Wealth Garment စက်ရုံက ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ မြစိမ်းရောင်စက်မှုဇုန်မှာ ဖွင့်လှစ်ထားပြီး တရုတ်နိုင်ငံသားပိုင် စက်ရုံလို့ အလုပ်သမားတွေက ပြောဆိုပါတယ်။ စက်ရုံမှာ အလုပ်သမား ၁၅၀၀ ကျော် လုပ်ကိုင်နေပြီး Sport-TKE တံဆိပ် အထည်တွေ ချုပ်လုပ်နေလို့ ပြောဆိုထားပါတယ်။
 

Related posts

Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026
Cover
Myanmar Zhen Xiang Garment တပတ် နာရီ ၂၀ ကျော် အချိန်ပိုဆင်းခိုင်း ဖယ်ရီမပေးဘဲ ဆဲဆို
Jun 07, 2026
Cover
Casico Garment တွင် နှစ်လုံးရောင်းချသူ ဖုန်းအား မသိမ်းဘဲ၊ အလုပ်သမား ဖုန်း အားလုံး သိမ်းဆည်း
Jun 07, 2026
Cover
Saifeom International အထည်ချုပ် လျှစ်စစ် အန္တရာယ်နှင့် ကြုံတွေ့နေရ
Jun 07, 2026