NEWS

Myanmar FORJS APPAREL စက်ရုံအလုပ််သမား ၁၀၀ကျော်အလုပ်မှရပ်နားခံရ

CoverLogo
1.2K Views

ရွှေပြည်သာမြို့နယ် ၊ဝါးတရာစက်မှူဇုန်၊ သိမ်ကျောင်းလမ်း Myanmar FORJS APPAREL စက်ရုံ အလုပ််သမား ၁၀၀ ကျော်ဟာ  ကြိုတင်အသိပေးခြင််းမရှိဘဲ စက်ရုံပိတ်သိမ်းမည်ဆိုကာ  အလုပ်မှရပ်နားခံလိုက်ရတယ်လို့ သိရပါတယ်။

"အဲ့ဒီစက်ရုံတစ်ရုံလုံးမှ အလုပ်သမားတစ်ရာကျော်ပဲရှိတာ။  အော်ဒါမရှိလို့ဆိုပြီး စက်ရုံပိတ်လိုက်တာ။ညနေ၃နာရီက စက်ရုံပိတ်မယ်လို့ပြောတယ်။  အဲ့တော့အလုပ်သမားတွေက  မပြန်ကြဘူး။  သူတို့ စက်တွေသယ်သွားကြမှာစိုးလို့။ အဓိကကလစာလည်းအပြည့်မပေးဘူး။   ၂၇ရက်စာပဲပေးမယ်ပြောထား တယ်။  ဥပေဒအရဆို အဲ့လိုမဟုတ်ဘူး နို့တစ်ကြေးတစ်လစာရယ်  လစာအပြည့်ရယ်ပေးရမှာ။  သူတို့က အော်ဒါပြီးပြီးချင်း စက်ရုံပိတ်မယ်ပြောတယ်။ သူတို့ကဘောင်းဘီအော်ဒါချုပ်နေကြတာ။  လောလောဆယ် တော့  စက်ရုံထဲမှာပဲ  ဒီပိုက်ဆံရဖို့တောင်းနေကြတယ်။ လောလောဆယ်တော့  သူတို့ဘာလုပ်မှာလဲ ညှိနှိုင်းမှာ လားဆိုတာကိုစောင့်ကြည့်နေကြတယ်" လို့  အဆိုပါအလုပ်သမားတွေကိုကူညီဆောင်ရွက်ပေးနေသူက ဆိုပါတယ်။  

အဆိုပါစက်ရုံဟာ  အလုပ်သမားတစ်ရာကျော်ဖြင့်လည်ပတ်နေခြင်းဖြစ်ပြီး တရုတ်မြန်မာဖက်စပ်ပိုင်တဲ့ စက်ရုံဖြစ်ကာ  အလုပ်သမားတွေကိုကြိုတင်အသိပေးပြောဆိုခြင်းမရှိဘဲ စက်ရုံပိတ်မယ်လို့နို၀င်ဘာ၂၅ရက်ညနေကပြောဆိုလိုက်တာလို့ဆိုပါတယ်။

အဲ့ဒီလိုကြိုတင်အကြောင်းမကြားဘဲ ရုတ်တရက်စက်ရုံပိတ်လိုက်ပြီဆိုတာကြောင့်  အလုပ်သမားတွေကို နို့တစ်ကြေးတစ်လစာနဲ့ လက်ရှိလုပ်ခလစာအပြည့်ပေးရမှာဖြစ်ပေမဲ့  ယင်းစက်ရုံက နို့တစ်ကြေးလည်းမပေးတဲ့အပြင် လုပ်ခလစာအပြည့်အ၀မပေးတာကြောင့်  အလုပ်သမားတွေဟာ လစာအပြည့်ရရှိရေးအတွက်   စက်ရုံတွင်းမှာသာစောင့်ဆိုင်းနေကြတယ်လို့ ဆိုပါတယ်။  

ဒါ့အပြင် လှိုင်သာယာမြို့နယ် ရွှေလင်ဗန်းစက်မှုဇုန်တွင်းမှာလည်း ယခုလတ်တလောကာလအတွင်းမှာ   အထည်ချုပ်စက်ရုံဟာ  ကုန်ကြမ်းမရရှိခြင်းကြောင့်ဆိုကာ  စက်ရုံယာယီပိတ်လိုက်တာကြောင့်  အလုပ်သမားနှစ်ရာခန့်အလုပ်လက်မဲ့ဖြစ်ပြီး ဖိနပ်အောက်ခံဆိုးပြားစက်ရုံမှာ နိုင်ငံခြားအော်ဒါမရရှိခြင်းကြောင့် ယာယီပိတ်လိုက်တာကြောင့်  အလုပ်သမား ၃၀၀ခန့် အလုပ်လက်မဲ့ဖြစ်ခဲ့ရတယ်လို့ သိရပါတယ်။  

ယခု ကာလမှာ စက်ရုံအချို့ဟာ  နိုင်ငံခြားအော်ဒါမရရှိခြင်းတွေကြောင့်  စက်ရုံယာယီပိတ်သိမ်းမှုတွေဖြစ်ပေါ်နေပြီး  အလုပ်သမားတွေလည်းအလုပ်လက်မဲ့တွေဖြစ်လာရတဲ့ အပြင် အချိန်ပို အိုတီလျှော့ချခြင်းတွေလည်းပြုလုပ်လာကြတယ်လို့ သိရပါတယ်။

#MyanmarLabourNews


Related posts

Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026
Cover
Sunrise Garment စက်ရုံ အထည်စံချိန်မပေးနိုင်ပါက ရပိုင်ခွင့် လျှော့ချမည်ဟု ခြိမ်းခြောက်
Mar 31, 2026
Cover
STUM ဦးဆောင်သူ ဒေါ်မျိုးအေးရဲ့အယူခံဝင်မှုအား ပလပ်၊ ဒုတိယအကြိမ်အယူခံတင်မည်
Mar 31, 2026
Cover
Asdet Myanmar Garment .စက်ရုံ အထည်စံချိန်တိုးတောင်းပြီး ဖိအားပေး အတင်းအကျပ် ချုပ်ခိုင်း
Mar 31, 2026
Cover
Jinli Garment တိုင်ကြားလို့ ဆိုပြီး အလုပ်သမားများအား ခြိမ်းခြောက်
Mar 27, 2026
Cover
ဝါးတရာစက်မှုဇုန် ရှိ ပလတ်စတစ်စက်ရုံ မှ အလုပ်သမား ၁၈ ဦးခန့် ဓာတုအဆိပ်သင့်မှုဖြစ်ပွား
Mar 26, 2026
Cover
စုယုအိ အထည်ချုပ် စက်ရုံ ပြန်ချိန် သတ်မှတ်ချက်မရှိဘဲ အချိန်ပို ဆင်းခိုင်း
Mar 26, 2026