NEWS

Myanmar FORJS APPAREL စက်ရုံအလုပ််သမား ၁၀၀ကျော်အလုပ်မှရပ်နားခံရ

CoverLogo
714 Views

ရွှေပြည်သာမြို့နယ် ၊ဝါးတရာစက်မှူဇုန်၊ သိမ်ကျောင်းလမ်း Myanmar FORJS APPAREL စက်ရုံ အလုပ််သမား ၁၀၀ ကျော်ဟာ  ကြိုတင်အသိပေးခြင််းမရှိဘဲ စက်ရုံပိတ်သိမ်းမည်ဆိုကာ  အလုပ်မှရပ်နားခံလိုက်ရတယ်လို့ သိရပါတယ်။

"အဲ့ဒီစက်ရုံတစ်ရုံလုံးမှ အလုပ်သမားတစ်ရာကျော်ပဲရှိတာ။  အော်ဒါမရှိလို့ဆိုပြီး စက်ရုံပိတ်လိုက်တာ။ညနေ၃နာရီက စက်ရုံပိတ်မယ်လို့ပြောတယ်။  အဲ့တော့အလုပ်သမားတွေက  မပြန်ကြဘူး။  သူတို့ စက်တွေသယ်သွားကြမှာစိုးလို့။ အဓိကကလစာလည်းအပြည့်မပေးဘူး။   ၂၇ရက်စာပဲပေးမယ်ပြောထား တယ်။  ဥပေဒအရဆို အဲ့လိုမဟုတ်ဘူး နို့တစ်ကြေးတစ်လစာရယ်  လစာအပြည့်ရယ်ပေးရမှာ။  သူတို့က အော်ဒါပြီးပြီးချင်း စက်ရုံပိတ်မယ်ပြောတယ်။ သူတို့ကဘောင်းဘီအော်ဒါချုပ်နေကြတာ။  လောလောဆယ် တော့  စက်ရုံထဲမှာပဲ  ဒီပိုက်ဆံရဖို့တောင်းနေကြတယ်။ လောလောဆယ်တော့  သူတို့ဘာလုပ်မှာလဲ ညှိနှိုင်းမှာ လားဆိုတာကိုစောင့်ကြည့်နေကြတယ်" လို့  အဆိုပါအလုပ်သမားတွေကိုကူညီဆောင်ရွက်ပေးနေသူက ဆိုပါတယ်။  

အဆိုပါစက်ရုံဟာ  အလုပ်သမားတစ်ရာကျော်ဖြင့်လည်ပတ်နေခြင်းဖြစ်ပြီး တရုတ်မြန်မာဖက်စပ်ပိုင်တဲ့ စက်ရုံဖြစ်ကာ  အလုပ်သမားတွေကိုကြိုတင်အသိပေးပြောဆိုခြင်းမရှိဘဲ စက်ရုံပိတ်မယ်လို့နို၀င်ဘာ၂၅ရက်ညနေကပြောဆိုလိုက်တာလို့ဆိုပါတယ်။

အဲ့ဒီလိုကြိုတင်အကြောင်းမကြားဘဲ ရုတ်တရက်စက်ရုံပိတ်လိုက်ပြီဆိုတာကြောင့်  အလုပ်သမားတွေကို နို့တစ်ကြေးတစ်လစာနဲ့ လက်ရှိလုပ်ခလစာအပြည့်ပေးရမှာဖြစ်ပေမဲ့  ယင်းစက်ရုံက နို့တစ်ကြေးလည်းမပေးတဲ့အပြင် လုပ်ခလစာအပြည့်အ၀မပေးတာကြောင့်  အလုပ်သမားတွေဟာ လစာအပြည့်ရရှိရေးအတွက်   စက်ရုံတွင်းမှာသာစောင့်ဆိုင်းနေကြတယ်လို့ ဆိုပါတယ်။  

ဒါ့အပြင် လှိုင်သာယာမြို့နယ် ရွှေလင်ဗန်းစက်မှုဇုန်တွင်းမှာလည်း ယခုလတ်တလောကာလအတွင်းမှာ   အထည်ချုပ်စက်ရုံဟာ  ကုန်ကြမ်းမရရှိခြင်းကြောင့်ဆိုကာ  စက်ရုံယာယီပိတ်လိုက်တာကြောင့်  အလုပ်သမားနှစ်ရာခန့်အလုပ်လက်မဲ့ဖြစ်ပြီး ဖိနပ်အောက်ခံဆိုးပြားစက်ရုံမှာ နိုင်ငံခြားအော်ဒါမရရှိခြင်းကြောင့် ယာယီပိတ်လိုက်တာကြောင့်  အလုပ်သမား ၃၀၀ခန့် အလုပ်လက်မဲ့ဖြစ်ခဲ့ရတယ်လို့ သိရပါတယ်။  

ယခု ကာလမှာ စက်ရုံအချို့ဟာ  နိုင်ငံခြားအော်ဒါမရရှိခြင်းတွေကြောင့်  စက်ရုံယာယီပိတ်သိမ်းမှုတွေဖြစ်ပေါ်နေပြီး  အလုပ်သမားတွေလည်းအလုပ်လက်မဲ့တွေဖြစ်လာရတဲ့ အပြင် အချိန်ပို အိုတီလျှော့ချခြင်းတွေလည်းပြုလုပ်လာကြတယ်လို့ သိရပါတယ်။

#MyanmarLabourNews


Related posts

Cover
လူငယ်တွေရဲ့အနာဂတ်ကို ရိုက်ချိုးလိုက်တဲ့ စစ်ကောင်စီရဲ့ ပြည်ပအလုပ်လုပ်ခွင့် အသက်ကန့်သတ်ပိတ်ပင်မှု
May 07, 2024
Cover
"ရုန်(လ်)သာအထည်ချုပ်စက်ရုံက အလုပ်သမားများကိုအချိန်ပို အတင်းအကျပ်ခေါ်ယူစေခိုင်း
May 07, 2024
Cover
မေဒေးအလွန်မှာ စက်ရုံအချို့ လုပ်အားခတိုးမြှင့်ပြီးလုပ်သားခေါ်ယူတာတွေရှိလာ
May 07, 2024
Cover
Myanmar Yong Jia Garment Color Correction(ကာလာကွဲဆေးခြယ်) လုပ်ငန်းက လုပ်ခလစာနဲ့နစ်နာကြေးပြန်လည်ပေးချေ
May 06, 2024
Cover
အထည်စံချိန်အလွန်အကျွံတောင်းခံချုပ်လုပ်ခိုင်း၊ အထည်စံချိန်မပြည့်ပါက ရေသောက်ခွင့်မပေး
May 06, 2024
Cover
အလုပ်လျှောက်ပါက ငွေကြေးတောင်းခံ၊ လုပ်ငန်းခွင်အတွင်းကိုယ်ထိလက်ရောက်ကျူးလွန်နေ
May 06, 2024
Cover
အမျိုးသားတွေပြည်ပကိုအလုပ်ထွက်လုပ်ခွင့်ပိတ်ပင်တာက တရားမဝင်ရွှေ့ပြောင်းသွားလာမှုတွေပိုမိုဖြစ်လာနိုင်တယ်လို့ဆို
May 03, 2024
Cover
Vic song- Myanmar စက်ရုံအလုပ်သမားများ တရိစ္ဆာန်များနှင့် ရောနှော စားသောက်နေရ
May 03, 2024