NEWS

Myanmar Fala Fala အထည်ချုပ်စက်ရုံတွင် အလုပ်သမားများ တတိယမြောက်နေ့ တောင်းဆိုနေ

CoverLogo
503 Views
 
Myanmar Fala Fala Clothing အထည်ချုပ်စက်ရုံ အလုပ်သမားတွေက ရက်တွက် ဒေးကြေး နဲ့ တခြားရပိုင်ခွင့်တွေ တိုးမြှင်ပေးဖို့ ဒီကနေ့ ဇူလိုင် ၂၁ ရက်မှာ တတိယမြောက်နေ့ ဆက်လက်တောင်းဆိုနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
စက်ချုပ် အလုပ်သမား ၃၀၀ ကျော် ပါဝင်တောင်းဆိုနေပြီး စက်ရုံဝန်းသွား သွားလာမှုကို ကန့်သတ်ထားတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
"စက်ရုံဘေးဘက်ကို သံဇကာ‌ တွေနဲ့ ကာထားတယ်၊ နောက် ကား‌ တွေနဲ့ ထပ်ပြီး ပိတ်လိုက်တယ်။ တောင်ဆိုနေတဲ့ အလုပ်သမားတွေ သောက်ရေလည်း ခပ်မရတော့ဘူး၊ သန့်စင်ခန်းလည်း သုံးမရဘူး။ ပိတ်ထားတာ အလုပ်သမားတွေ စက်ဝန်းထဲ ဆန္ဒပြ မရအောင် လုပ်ထားတာပါ။"လို့ အလုပ်သမားတွေက ပြောပါတယ်။
 
ဒေးကြေးကျပ် ၁၀၀၀၀ ကနေ ၁၂၀၀၀၊ အိုတီကြေး ၂၁၀၀ ကနေ ၂၇၀၀ တိုးပေးဖို့၊ ရက်မှန်ကြေး ကို ညနေ ၄ နာရီခွဲ ဂိတ်ပတ်ယူရင် မဖြုတ်ဖို့တောင်းကို အလုပ်သမား တွေက တောင်းဆိုနေပါတယ်။
 
Myanmar Fala Fala Clothing အထည်ချုပ် စက်ရုံက ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုန်၊ မြလမ်းမှာ ရှိပြီး လုပ်သား ၂၀၀၀ ဝန်းကျင်လုပ်ကိုင်နေပါတယ်။

Related posts

Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026
Cover
Tha Shu Myanmar အထည်ချုပ် လုပ်ငန်းခွင် ထိခိုက်မှုအား တာဝန်မယူဘဲ ဆေးခွင့်ပါ မပေး
Aug 10, 2026
Cover
RAINBOWTEC အထည်ချုပ် အမျိုးသားအလုပ်သမားများအား သုံးလတကြိမ် အလုပ်ထုတ်
Aug 10, 2026
Cover
SINOPROUND စက်ရုံ အထည်စံချိန် တောင်းလို့ နားချိန်မရဘဲ ချုပ်ပေးရ
Aug 10, 2026
Cover
Huayin TJ Denim Garment စက်ရုံ အပ်ချည်နဲ့ ချည်လုံးအတွက် တစ်ရက် ၁၂၀၀ ဖြတ်ယူ
Aug 10, 2026
Cover
Myanmar Handsome မန်နေဂျာ လုပ်အားခ ခေါင်းပုံဖြတ်
Aug 07, 2026