NEWS

Myanmar Fala Fala အထည်ချုပ်စက်ရုံတွင် လုပ်ခလစာ တိုးမြှင့်ပေးရေး အလုပ်သမာများ တောင်းဆိုနေ

CoverLogo
667 Views
 
Myanmar Fala Fala Clothing အထည်ချုပ်စက်ရုံ အလုပ်သမားတွေက ရက်တွက် ဒေးကြေး နဲ့ တခြားရပိုင်ခွင့်တွေ တိုးမြှင်ပေးဖို့ တောင်းဆိုနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ ဒီကနေ့ ဇူလိုင် ၁၇ ရက် မနက်ပိုင်းကတည်း လုပ်ခတိုးမြှင့်ပေးဖို့ တောင်းဆိုခဲ့တာဖြစ်ပြီး အလုပ်သမားရာဂဏန်းပါဝင် နေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
“လုပ်ခတွေ ဒေးကြေးကျပ် ၁၀၀၀၀ ကနေ ၁၂၀၀၀၊ အိုတီကြေး ၂၁၀၀ ကနေ ၂၇၀၀ တိုးပေးဖို့၊ ရက်မှန်ကြေး ကို ညနေ ၄ နာရီခွဲ ဂိတ်ပတ်ယူရင် မဖြုတ်ဖို့တောင်းဆိုတောင်းဆိုနေတာပါ။ စက်ရုံထဲမှာဘဲ တောင်းဆိုချက်တွေ တောင်းဆိုနေပါတယ်။” လို့ ပြောပါတယ်။
လက်ရှိ ရက်မှန်ကြေး ကျပ် ၄၀၀၀၀ ရရှိပေမဲ့ ဂိတ်ပတ်စ် နှစ်နာရီယူတဲ့ အလုပ်သမားတွေကို ကျပ်နှစ်သောင်း၊ ညနေ ၄ နာရီခွဲ နေအိမ်ပြန်ဖို့ ဂိတ်ပတ်စ်ယူတဲ့ အလုပ်သမားတွေကို ရက်မှန်ကြေးကျပ် နှစ်သောင်းဖြတ်တာနဲ့ ပိတ်ရက်အတွက် ဒေးကြေးကို ၆၈၀၀ နဲ့ ရှင်းပေးတာတွေ ရှိနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
“အရင်တုန်းက အလုပ်နောက်ကျတာနဲ့ ရက်မှန်ကြေးပြုတ်တယ်။ ၄၀၀၀၀ လုံးပြုတ်တာ၊ လက်ရှိက ၄ နာရီခွဲ ဂိတ်ပတ်စ်ယူတာနဲ့ ရက်မှန်ကြေးတွေ ပြုတ်နေတာ။ အဲဒါလည်း တလပဲရှိသေးတယ်။ ညီမတို့ အလုပ်ချိန်က ၈ နာရီပဲ။ ၈ နာရီ အလုပ်လုပ်ပြီးရင် မပြည့်စုံဘူးလား၊ အလုပ်ရက်မမှန်တာလား၊ ဒါကြောင့် ညနေပြန်ရင် ရက်မှန်ကြေးကို မဖြုတ်ဖို့ တောင်းဆိုတာ။” လို့ ပြောပါတယ်။
တောင်းဆိုမှု စတင်ချိန်က အလုပ်သမား အနည်းငယ်သာရှိပေမဲ့ နေ့လယ်စာစားပြီးချိန်ကတည်း တောင်းဆိုမှုမှာ ပါဝင်တဲ့ အလုပ်သမား ဦးရေများလာတယ်လို့ ပြောပါတယ်။
“စစခြင်း ဆယ်ဂဏန်းလောက်ပဲ၊ နေ့လည် ထမင်းစားပြီးတော့ အများကြီးဖြစ်လာတယ်။ စက်ရုံဘက်က အပေါ်ထပ်က အလုပ်သမားတွေ ပါမှာ စိုးလို့ ပိတ်ထားတာကို တွေ့ရတယ်။ စက်ရုံကိုယ်စားလှယ်တွေက ညှိမယ်လို့ တော့ ပြောနေတယ်။
Myanmar Fala Fala Clothing အထည်ချုပ် စက်ရုံက ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုန်၊ မြလမ်းမှာ ရှိပြီး လုပ်သား ၂၀၀၀ ဝန်းကျင်လုပ်ကိုင်နေပါတယ်။

Related posts

Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026
Cover
Tha Shu Myanmar အထည်ချုပ် လုပ်ငန်းခွင် ထိခိုက်မှုအား တာဝန်မယူဘဲ ဆေးခွင့်ပါ မပေး
Aug 10, 2026
Cover
RAINBOWTEC အထည်ချုပ် အမျိုးသားအလုပ်သမားများအား သုံးလတကြိမ် အလုပ်ထုတ်
Aug 10, 2026
Cover
SINOPROUND စက်ရုံ အထည်စံချိန် တောင်းလို့ နားချိန်မရဘဲ ချုပ်ပေးရ
Aug 10, 2026