NEWS

Myanmar Dongxin စက်ရုံတွင် လိင်ပိုင်းဆိုင် ထိခိုက်စော်ကားမှုတွေ ဖြစ်ပွားနေ

CoverLogo
977 Views
 
Myanmar Dongxin အထည်ချုပ်စက်ရုံမှာ လိင်ပိုင်းဆိုင် ထိခိုက်စော်ကားမှုတွေ ဖြစ်ပွားနေတယ်လို့ စက်ရုံမှာ အလုပ် လုပ်ကိုင်နေတဲ့ အလုပ်သမား အမျိုးသမီးတွေက ပြောပါတယ်။
 
စက်ရုံအတွင်း အလုပ်သမားဦးရေ ၁၀၀၀ ဝန်းကျင် လုပ်ကိုင်နေကြပြီး လုပ်ငန်းခွင်က အလုပ်သမားတွေကို နိုင်ငံသား စူပါတွေ ၊ အောစူပါတွေသာမက ကျွမ်းကျင် နိုင်ငံခြားသား တရုတ်နိုင်ငံသားတွေလည်း အုပ်ချုပ် နေတယ်လို့ သိရပါတယ်။
 
အဲဒီ တရုတ်နိုင်ငံသားတွေထဲက တချို့က အလုပ်သမား အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ ထိခိုက် စော်ကားတာတွေ ပြုလုပ်နေတယ်လို့ ကိုယ်တိုင် ကြုံတွေ့ခဲ့ရတဲ့ အမျိုးသမီးတဦးက ပြောပါတယ်။
 
“အလုပ်ခိုင်းသလိုလိုနဲ့ ပုခုံးကို ကိုင်တယ်၊ ခါးကိုင်တာမျိုးတွေရှိတယ်။ တခြားအလုပ်သမားအမျိုးသမီးတွေကို အဲလို လုပ်တာရှိတယ်။ အပြင်လိုက်ခဲ့ ၃ သိန်းပေးမယ် အဲလိုတွေလည်း ပြောခဲ့ပါတယ်။ ” လို့ အဲဒီအမျိုးသမီးက ပြောပါတယ်။
 
ဒါ့အပြင် အပြင်လိုက်ခဲ့အဲဒီလို ကိုယ်ထိလက်ရောက် လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေပြုလုပ်နေသူကတော့ လိုင်း ၆ ကနေ လိုင်း ၁၀ အထိ နည်းပညာ ကျွမ်းကျင်သူ အဖြစ် လုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသား ဖြစ်တယ်လို့ အဲ့ဒီ အမျိုးသမီးက ပြောပါတယ်။ Myanmar Dongxin စက်ရုံအတွင်း တရုတ်အမျိုးသား ၄ ဦးနဲ့ တရုတ်အမျိုးသမီး ၂ ဦး တို့က နည်းပညာပိုင်း ကြီးကြပ်သူတွေအဖြစ်လုပ်ကိုင်နေတယ်လို့လည်း သိရပါ။
 
စက်ရုံမှာ TIGORA, VOYAGER, WindCore, CAMP 7, LCW VISION, LC WAIKIKI စတဲ့ အမှတ်တံဆိပ်တွေ ချုပ် လုပ်နေပြီး ( LCW VISION/ LC WAIKIKI ) တံဆိပ် (Brand) ကိုယ်စားလှယ် တရုတ်အမျိုးသားတဦးလည်း လုပ်ငန်းခွင်အတွင်းမှာ ရှိနေတယ်လို့ အလုပ်သမားအမျိုးသမီးတဦး က ပြောပါတယ်။
 
“အဲဒီ တံဆိပ်ကိုယ်စားလှယ်ဆိုတဲ့သူကလည်း စူပါတွေ အောစူပါတွေက တဆင့် အထည်ချုပ်လုပ်သား အမျိုးသမီး တွေကို မိတ်ဆက်ခိုင်းနေတယ်။ အဲဒီလို မိတ်ဆက်ခံရတဲ့သူတွေက အရမ်းရှက်ကြရတယ်။ လာပြောရဲ့တဲ့ အမျိုးသမီးတွေကို လည်း အံဩမိတယ်။ တချို့လည်း အဲ့လို အပြောခံရပြီး အလုပ်ထွက်သွားတာ တွေရှိတယ်” လို့ အလုပ်သမား တဦးက ပြောပြပါတယ်။
စက်ရုံလုပ်ငန်းတွေထဲ မြန်မာအမျိုးသမီးများအပေါ် တရုတ်အမျိုးသားတွေရဲ့ အထင်သေးအမြင်သေး ဆက်ဆံ မှုတွေက လိင်ပိုင်းဆိုင်ရာတင် မဟုတ်ပဲ စိတ်ပိုင်းဆိုင်ရာ ထိပါးနောက်ယှက်နေတာ ဖြစ်တယ်လို့ အလုပ်သမား အဖွဲ့ချုပ် အဖွဲ့ဝင် တဦးက ပြောပါတယ်။
 
“လိင်ပိုင်းဆိုင်ရာတွင်မဟုတ်ပဲ စိတ်ပိုင်းဆိုင်ရာ ထိပါးနောက်ယှက်နေ ခြင်းဖြစ်ပါတယ်။ဒီ လိုနောင်ယှက်မှုကြောင့် မိန်းခလေးတွေက စိတ်လုံခြုံမှုမရှိတော့ဘူး။ အပြောခံရတဲ့အတွက် ရှက်စိတ်၊ ကြောက်စိတ် ဝင်လာမယ်၊ လုပ်ငန်းခွင် ထိခိုက်လာမယ်။ သူငယ်ချင်းအပေါင်းသင်းကြား သွေးဖယ်လာပြီး အလုပ်ထွက်ရင်ထွက် မထွက်ရင် ကိုယ့်ကိုယ် အဆုံးစီရင်တာတွေလည်း ဖြစ်လာနိုင်ပါတယ်။” လို့ အလုပ်သမားအဖွဲ့ချုပ် အဖွဲ့ဝင် တဦး က ပြောပါတယ်။
 
ဒီလို လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှုတွေကို အရေးယူမှု တစုံတရာ မပြုလုပ်ခဲ့နိုင်ဘူးဆိုရင် မြန်မာနိုင်ငံ က အမျိုးသမီး အလုပ်သမားထုအတွက် မတွေးဝံ့စရာတွေ ဖြစ်လာနိုင်မယ်လို့ အလုပ်သမားကူညီရေး အဖွဲ့ဝင် အမျိုးသမီးက ပြောပါတယ်။
“အခုလိုကိစ္စတွေကို ထိထိရောက်ရောက် အရေးယူဖို့ လိုအပ်ပါမယ်။ ကျူးလွန်သူရော ပါဝင် ပတ်သက်သူတွေပါ အတူတူ ပြစ်ဒဏ်ကျထိုက်ပါတယ်” လို့လည်း ပြောပါတယ်။
 
ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် စက်မှုဇုန်(၃) နဝဒေးမင်းကြီးလမ်းမှာ ဖွင့်လှစ်ထားပြီး တရုတ် နိုင်ငံသားပိုင် စက်ရုံ ဖြစ်ပါတယ်။ Myanmar Dongxin အထည်ချုပ်စက်ရုံမှာ အချိန်ပို အောလင်း အောနိုက် တွေ အတင်းအကျပ် ခိုင်စေနေပြီး နိုင်ငံရေးအခြေအနေတွေရှိနေလို့ အလုပ်သမားတွေက ငြင်းဆန်လိုပေမဲ့ အလုပ်အကိုင် ရှားပါးမှုတွေကြောင့် လုပ်ကိုင်နေရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
မတ်လ ၂၆ ရက်မှာ စက်ရုံ က အလုပ်သမားအချို့ကို အချိန်ပို အောလင်းလုပ်ကိုင်ခဲ့ပြီး ညနေပိုင်းနားချိန်မှာ အမျိုးသား အလုပ်သမား ၃ ဦး မုန့်စားနေစဉ် ကားတစီးနဲ့ တုတ်ဓါးများကိုင်ဆောင်ထားတဲ့ အရပ်ဝတ် လူတစုက ဆွဲခေါ်ဖို့ ကြိုးစားတာကို ကြုံခဲ့ရပြီး စက်ရုံအတွင်း ပြေးဝင်ခဲ့တာကြောင့် လွတ်မြောက်ခဲ့ရတဲ့ ဖြစ်စဉ်တွေလည်း ဖြစ်ပွားခဲ့လို့ အချိန်ပို နောက်ကျ လုပ်ကိုင်ဖို့ကို ငြင်းဆန်လိုတာဖြစ်တယ်ဆိုပြီး အလုပ်သမာတွေက ပြောကြားထားပါတယ်။

Related posts

Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026
Cover
Myanmar Zhen Xiang Garment တပတ် နာရီ ၂၀ ကျော် အချိန်ပိုဆင်းခိုင်း ဖယ်ရီမပေးဘဲ ဆဲဆို
Jun 07, 2026
Cover
Casico Garment တွင် နှစ်လုံးရောင်းချသူ ဖုန်းအား မသိမ်းဘဲ၊ အလုပ်သမား ဖုန်း အားလုံး သိမ်းဆည်း
Jun 07, 2026
Cover
Saifeom International အထည်ချုပ် လျှစ်စစ် အန္တရာယ်နှင့် ကြုံတွေ့နေရ
Jun 07, 2026
Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026