NEWS

Myanmar Dihuali စက်ရုံ အလုပ်သမားများ သင်္ကြန်ပိတ်ရက် ရက်အစားလုပ်ကိုင်ပေးရသည့်အပြင် အချိန်ပိုအလုပ်ချိန်များမှ တရက်စာ ထပ်ဖြတ်ခံရ

CoverLogo
583 Views
 
Myanmar Dihuali Grament (Dishang Group) အထည်ချုပ်စက်ရုံ သင်္ကြန်ပိတ်ရက် ၅ ရက်အတွက် ၄ ရက်ကို ရက်အစား ဆင်းခိုင်းပြီး ကျန်တရက်အတွက် အချိန်ပိုအလုပ်ချိန်တွေထဲက ၈ နာရီ ဖြတ်တောက် ဖို့ စီစဉ်နေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ ရက်အစားအနေနဲ့ ဖေဖော်ဝါရီ ၂၅ ရက်၊ မတ်လ ၁၀ ရက်၊ ၂၄ ရက်၊ ၃၁ ရက် လုပ်ကိုင်ပေးရမယ်လို့ စက်ရုံဘက်က စီစဉ်ခဲ့ပြီး လာမဲ့ မတ် ၃၁ ရက်မှာ ၄ရက် မြောက် လုပ်ကိုင်ပေးရမယ်လို့ စက်ရုံဘက်က ပြောဆိုထားတယ်လို့ သိရပါတယ်။
 
ကျန်တဲ့ တရက်အတွက်ကို မတ်လ၁ ရက်ကနေ ၄ ရက်နေအထိ လုပ်ကိုင်ထားတဲ့ အချိန်ပိုနာရီထဲကနေ ၈ နာရီ ဖြတ်ယူမယ်ဆိုပြီး စက်ရုံတာဝန်ရှိသူတွေက ပြောထားတယ်” လို့ စက်ရုံ အလုပ်သမားတဦးက ပြောပါတယ်။
 
အလုပ်သမားတွေကို စက်ရုံဘက်က ရက်အစားဆင်းခိုင်းတာနဲ့ ပတ်သတ်ပြီး မြို့နယ်အလုပ်သမားရုံးကို အလုပ်သမားတချို့က တိုင်ကြားခဲ့လို့ စက်ရုံတာဝန်ရှိသူတချို့ သွားရောက်ဖြေရှင်းခဲ့ပေမဲ့ အလုပ်သမား တွေရဲ့ နစ်နာမှုတွေကိုတော့ ဖြေရှင်းပေးတာမရှိဘူးလို့ သိရပါတယ်။
 
“အလုပ်သမားရုံးက အပြန်မှာ အိုတီ ၈ နာရီမဖြတ်တော့ဘူး၊ ၄ နာရီပဲ ဖြတ်တော့မယ်ဆိုပြီး ပြောသေး တယ်။ ဒါပေမဲ့ ဒီရက်ပိုင်းမှာတော့ အချိန်ပို လုပ်ထားတဲ့ထဲက ၈ နာရီကို ပြန်ဖြတ်မယ်ဆိုပြီး ပြောပြန်တယ်။” လို့ပြောပါတယ်။
 
အလုပ်သမားဥပဒေတွေအရ ပိတ်ရက်တွေမှာ အလုပ်လုပ်ကိုင်ရပါက လုပ်ခလစာရဲ့ နှစ်ဆပေးချေရမှာ ဖြစ်တာကြောင့် ရက်စားဆင်းရတဲ့ အလုပ်သမားတဦးကို ကျပ် ၂၅၀၀၀ နီးပါးစီ လုပ်အားခ အမြတ် ထုတ်ခံခဲ့ရပြီး အလုပ်သမား ထောင့်ငါးရာနီးပါးလုပ်ကိုင်နေဲ့ Myanmar Dihuali Grament စက်ရုံကတော့ ကျပ်သိန်း ၃၇၀ ဝန်းကျင် လုပ်အားခ အမြတ်ထုတ်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ဥပဒေသတ်မှတ်ချက်ကို ကျော်လွန်ပြီး တပတ် အလုပ်ချိန် ၆၄ နာရီထက် ကျော်လွန်ခိုင်းစေ နေတဲ့အပြင် အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့အစည်း (ILO) ရဲ့ စံချိန် စံညွှန်းတွေကိုပါ ကျော်လွန် နေတာကို တွေ့ရပါတယ် ။
 
“လှိုင်သာယာမြို့နယ် အလုပ်သမားရုံးက စက်ရုံတာဝန်ရှိသူတွေကို ခေါ်တော့ ရက်စားကိစ္စတွေ အိုတီဖြတ် တဲ့ကိစ္စတွေ ပြေလည်မယ် ထင်ခဲ့တာ။ အဲဒါတွေ က အလုပ်သမားတွေ နစ်နာမှုတွေပဲ။ ရက်စားဆိုတော့ ဒေးကြေး ပဲရတယ်။ တနင်္ဂနွေနေ့ဆိုတာ အချိန်ပိုကြေးရမဲ့နေ့တွေ အရမ်းကို နစ်နာရတယ်။ လက်ရှိအထိဆို ပိတ်ရက် ၃ ရက် ဆင်းထားရပြီ ။ ဒါတွေကို အလုပ်သမားရုံးက မသိသလို နေလိုက်တာ အံဩလို့ မဆုံးဘူး” လို့ အလုပ်သမားတွေက ပြောပါတယ်။
 
သင်္ကြန်ရက်စားမဆင်းတဲ့ အလုပ်သမားတွေကိုလည်း ဘောနပ်မပေးဘူးဆိုပြီး မန်နေဂျာ အမျိုးသမီး ကိုယ်တိုင် ခြိမ်းခြောက်ပြောဆိုခဲ့တဲ့အပြင် ဒေကြေးနဲ့ ရက်မှန်ကြေးကိုပါ ဖြတ်မယ်ဆိုပြီး ကြေညာထား တယ်လို့လည်း အလုပ်သမားတွေက ပြောပါတယ်။
 
ဒါ့အပြင် Myanmar Dihuali Grament (Dishang Group) အထည်ချုပ်စက်ရုံက အလုပ်သမားတွေ အပေါ့အပါးသွားရမှာလည်း လက်မှတ်ယူဖို့ ညွှန်ကြားထားပြီး လက်မှတ်မပါပါက အိမ်သာအစောင့် တွေရဲ့ ပြောဆိုတာခံရတယ်လို အလုပ်သမားတွေက ပြောပါတယ်။ လိုင်းတလိုင်းကို အပေါ့အပါးသွားနိုင်တဲ့ လက်မှတ် ၂ စောင်သာပေးထားပြီး မန်နေဂျာဆိုသူကလည်း ဒဏ်ရိုက် မယ်ဆိုပြီး ခြိမ်းခြောက် ပြောဆိုထားတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“စက်ရုံမှာက EC စာချုပ်မှ မပါတဲ့ စည်းကမ်းတွေထုတ်ပြီး ဒဏ်ရိုက်မယ်ဆိုပြီး အမြဲခြိမ်းခြောက်နေတာ။ ယောက်ျားလေး အလုပ်သမားတွေကိုလည်း ဘောင်းဘီမဝတ်ဘဲ ပုဆိုးနဲ့ အလုပ်လုပ်ဆိုပြီး ဒဏ်ရိုက်မယ်ဆို ပြီးတောင် ခြိမ်းခြောက်တယ်” လို့ အလုပ်သမားတဦးက ပြောပါတယ်။
 
Myanmar Dihuali Grament (Dishang Group)စက်ရုံက ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ အနော်ရထာ စက်မှုဇုန်၊ အနော်ရထာလမ်းနှင့် ဧရာဝတီလမ်းထောင့်လမ်းရှိပြီး ဂျပန်အမှတ်တံဆိပ် အနွေးတည်၊ ဝယ်လွန်ထည်တွေ ချုပ်လုပ်နေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
 
 
 
 
 

Related posts

Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026
Cover
Sunrise Garment စက်ရုံ အထည်စံချိန်မပေးနိုင်ပါက ရပိုင်ခွင့် လျှော့ချမည်ဟု ခြိမ်းခြောက်
Mar 31, 2026
Cover
STUM ဦးဆောင်သူ ဒေါ်မျိုးအေးရဲ့အယူခံဝင်မှုအား ပလပ်၊ ဒုတိယအကြိမ်အယူခံတင်မည်
Mar 31, 2026
Cover
Asdet Myanmar Garment .စက်ရုံ အထည်စံချိန်တိုးတောင်းပြီး ဖိအားပေး အတင်းအကျပ် ချုပ်ခိုင်း
Mar 31, 2026
Cover
Jinli Garment တိုင်ကြားလို့ ဆိုပြီး အလုပ်သမားများအား ခြိမ်းခြောက်
Mar 27, 2026
Cover
ဝါးတရာစက်မှုဇုန် ရှိ ပလတ်စတစ်စက်ရုံ မှ အလုပ်သမား ၁၈ ဦးခန့် ဓာတုအဆိပ်သင့်မှုဖြစ်ပွား
Mar 26, 2026
Cover
စုယုအိ အထည်ချုပ် စက်ရုံ ပြန်ချိန် သတ်မှတ်ချက်မရှိဘဲ အချိန်ပို ဆင်းခိုင်း
Mar 26, 2026