NEWS

Myanmar Cincerece Co,ltd အထည်ချုပ်စက်ရုံ လုပ်ငန်းခွင်ညှိနှိုင်းရေးကော်မတီ အလုပ်သမားအရေး ဖြေရှင်းဆောင်ရွက်မှု မရှိ

CoverLogo
833 Views

ရန်ကုန်တိုင်း၊လှိုင်သာယာမြို့နယ်၊ ရွှေသံလွင်စက်မှုဇုန်၊ဆိပ်ကမ်းသာလမ်း၊ အမှတ် ၇၀ က Myanmar Cincerece Co,ltd အထည်ချုပ်စက်ရုံမှာ အလုပ်ရှင်ဘက်က ဖွဲ့စည်းထားတဲ့ လုပ်ငန်းခွင်ညှိနှိုင်းရေး ကော်မတီ WCC က စက်ရုံအတွင်းဖြစ်ပွားနေတဲ့  အလုပ်သမားရေးနစ်နာမှုတွေကို ဖြေးရှင်းဆောင်ရွက်မှု မရှိဘူးလို့ စက်ရုံမှာ လုပ်ကိုင်နေတဲ့ အလုပ်သမားတွေက ပြောပါတယ်။

လုပ်ငန်းခွင်အတွင်းအထည်စံချိန်မပြည့်ရင် (သတိပေးလက်မှတ်) ဝမ်တိန်ထိုး၊ အလုပ်ထုတ်မယ်လို့ စူပါတွေက ဖိအားပေး ခိုင်းစေပြီး၊ မန်နေဂျာ ဒေါ်အေးသီတာဆန်းဆိုသူကလည်း ဝန်ထမ်းတွေကို အော်ဟစ် ရိုင်းပြစွာ ပြောဆိုပြီးအလုပ်သမားတွေရဲ့ ကျွမ်းကျင်မှု ဂရိတ် အလိုက် အထည်စံချိန် မရပါက ဝမ်တိန်ထိုးပြီး အလုပ်ထုတ်မယ်လို့ ကြေညာထားတယ်လို့ စက်ရုံအလုပ်သမားတွေက  မြန်မာနိုင်ငံ အထွေထွေအလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် FGWM ကို တိုင်ကြားခဲ့တာလို့ သိရပါတယ်။
ဒါ့အပြင် လုပ်ငန်းခွင် ထမင်းစားဆောင်မှာ ထမင်းစားခုံမရှိလို့ နေစဉ် မြေပြင်မှာ အစားအသောက် ထိုင်စားနေရတဲအပြင် အောစူပါ ဒေါ်သန်းသန်းဌေးကလည်း အလုပ်သမားတွေကို လုပ်ငန်းခွင်အတွင်း အထည်နဲ့ပစ်ပေါက် အော်ဟစ်ဆဲနေတာကြောင့် အလုပ်သမားတွေဟ အလုပ်ဝင်ရမဲ့အချိန်ကို ထိန့်လန့်ကြောက်ရွံ့ နေကြရတယ်လို့  တိုင်ကြားထားတာ ဖြစ်ပါတယ်။

အလုပ်သမားတွေကို အခုလို ပြုမူခိုင်းစေ ခံရတာကို WCC ကို တိုင်ကြားပေမဲ့ ဖြေရှင်း ဆောင်ရွက် ပေးမှုမရှိဘဲ အလုပ်ရှင်ဘက်က ရပ်တည်နေတာကြောင့် အများပြည်သူတွေ သိရှိနိုင်ဖို့နဲ့ နိုင်ငံတကာ ကုန်အမှတ်တံဆိပ်တွေက ကူညီဖြေရှင်းပေးဖို့ FGWM  ကို ဒုတိယအကြိမ် အကူအညီ တောင်းခံ တိုင်ကြားခဲ့တာလို့ ထုတ်ပြန်ထားတာဖြစ်ပါတယ်။

Myanmar Cincerece Co,ltd အထည်ချုပ်စက်ရုံကတော့ စက်လိုင်း ၁၂ လိုင်းရှိပြီး အလုပ်သမား လူဦးရေ ၈၅၀ နဲ့လည်ပတ်နေကာ AMERICAN HOLIC ကုန်အမှတ်တံဆိပ်ကို  အဓိကချုပ်လုပ်နေတဲ့ တရုတ်နိုင်ငံသားပိုင် စက်ရုံ ဖြစ်တယ်လို့ သိရပါတယ်။

#MyanmarLabourNews


Related posts

Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026
Cover
Sunrise Garment စက်ရုံ အထည်စံချိန်မပေးနိုင်ပါက ရပိုင်ခွင့် လျှော့ချမည်ဟု ခြိမ်းခြောက်
Mar 31, 2026
Cover
STUM ဦးဆောင်သူ ဒေါ်မျိုးအေးရဲ့အယူခံဝင်မှုအား ပလပ်၊ ဒုတိယအကြိမ်အယူခံတင်မည်
Mar 31, 2026
Cover
Asdet Myanmar Garment .စက်ရုံ အထည်စံချိန်တိုးတောင်းပြီး ဖိအားပေး အတင်းအကျပ် ချုပ်ခိုင်း
Mar 31, 2026
Cover
Jinli Garment တိုင်ကြားလို့ ဆိုပြီး အလုပ်သမားများအား ခြိမ်းခြောက်
Mar 27, 2026
Cover
ဝါးတရာစက်မှုဇုန် ရှိ ပလတ်စတစ်စက်ရုံ မှ အလုပ်သမား ၁၈ ဦးခန့် ဓာတုအဆိပ်သင့်မှုဖြစ်ပွား
Mar 26, 2026
Cover
စုယုအိ အထည်ချုပ် စက်ရုံ ပြန်ချိန် သတ်မှတ်ချက်မရှိဘဲ အချိန်ပို ဆင်းခိုင်း
Mar 26, 2026