NEWS

Myanmar Bestfortune Garment သင်္ကြန်ရက်စားဆင်းခိုင်းပြီး လစာထုတ်ရက် နောက်ဆုတ်

CoverLogo
365 Views
 
Myanmar Bestfortune Garment Co.,Ltd ပိုင်အထည်ချုပ်ရုံက သင်္ကြန်ပိတ်ရက်အတွက် ရက်အစားဆင်းခိုင်းပြီး လစာ ထုတ်ရက်ကို နောက်ဆုတ်ခဲ့တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ ဧပြီလစာ ထုတ်ရက်က တနင်္ဂနွေနေ့ ဖြစ်နေပြီး ပုံမှန်အားဖြင် ပိတ်ရက်ကြုံပါ စနေနေ့ ဧပြီ ၄ ရက်မှာ လစာ ထုတ်ပေးရမှာ ဖြစ်ပါတယ်။
 
“ဧပြီ ၁၀ ရက်အတွက် ရက်စားကို ဧပြီလ၊ ၅ ရက် တနင်္ဂနွေနေ့ကို ဆင်းခိုင်းတယ်။ လုပ်ခလစာကို ၄ ရက် ထုတ်ပေးရမည်ကို မထုတ်ပေးပဲ ၅ ရက်နေ့ ရက်စား ဆင်းရက်မှ ထုတ်ပေးမယ်လို့ ပြောတယ်။ ရက်အစား မဆင်းမှာ စိုးလို့ အဲလိုလုပ်တာ ။ နယ်ပြန်မလို့ ပစ္စည်းတွေ ဝယ်ဖို့ဆို ၅ ရက်နေပဲ အဆင်ပြေတယ်။” လို့ အလုပ်သမားတွေက ပြောပါတယ်။
 
လုပ်ငန်းခွင်ဝင်ပါက အလုပ်သမားတွေရဲ့ လက်ကိုင်ဖုန်းတွေကို စက်ရုံဘက်က သိမ်းဆည်းထားပြီး အလုပ် နားချိန်မှာလည်း ကိုင်ခွင့်မပေးဘူးလို့ ပြောပါတယ်။ ဒါလို့ ဖုန်းကိုင်ခွင့်မပေးလို့ လူမှုဒုက္ခတွေ ခံစားရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“နားချိန်မှာ သိမ်းထားတဲ့ ဖုန်းတွေ မပေးဘူး။ မကိုင်ခိုင်းပါဘူး။ ရွှေပြည်သာမှာ စက်ရုံမီးလောင်တော့ မိဘတွေက စိတ်ပူလို့ ဖုန်းဆက်တာ၊ ဖုန်းတွေမကိုင်လို့ စက်ရုံထိလိုက်လာတဲ့ မိဘတွေရှိတယ်။ ဖုန်းကို သိမ်းတာက အရေးပေါ်အခြေအနေဆို ဘယ်လိုတွေ ဖြေရှင်းပေးမလဲ” လို့ ပြောပါတယ်။
 
တနင်္ဂနွေပိတ်ရက် အချိန်ပိုဆင်းရပါက အချိန်ပိုကြေးကို ၇၈၀၀ နဲ့ တွက်ချက်ရှင်းပေးတဲ့အပြင် ခွင့်ရက်တွေ မပေးဘဲ ရက်ပျက်ဆိုပြီး ဒေးကြေး ရက်မှန်ကြေးတွေ ဖြတ်တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ အလုပ်သမားတွေအတွက် ခွင့်ရက်နဲ့ ခွင့်ခံစားခွင့်တွေရရှိဖို့ မြန်မာမန်နေဂျာ၊ HR တွေကိုယ်တိုင်က ဆောင်ရွက်မပေးဘူးလို့ ပြောပါတယ်။
“ရှောင်တခင်ခွင့်တောင်းတော့ မန်နေဂျာက ဘယ်စက်ရုံမှ မပေးဘူး။ ဒီစက်ရုံလည်း မပေးဘူးဆို ပြောတယ်။ ရက်ပျက်ဆိုပြီး ဒေးကြေးရက်မှန်ကြေး ဖြတ်တယ်။ လုပ်သက်ခွင့်ကိုတောင် မပေးချင် ပေးချင်နဲ့။ “ လို့ အလုပ်သမားတွေက ပြောပါတယ်။
 
လုပ်ငန်းခွင်ထဲမှာ နေ့စားလုပ်သားတွေလုပ်ကိုင်နေပြီး တနင်္ဂနွေပိတ်ရက်အတွက် လုပ်ခ ခံစားခွင့် ပေးမထားဘူးလို့ သိရပါတယ်။ စက်ရုံဘက်က တနင်္ဂနွေနေ့တွေနဲ့ တခြားပိတ်ရက်တွေမှာ အချိန်ပို ခိုင်းပြီး လုပ်ခကို ၇၈၀၀ ကျပ်နဲ့တွက်ချက် ရှင်းပေးတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“ဒေးကြေးက ၁၂၀၀၀ ၊ ရက်မှန်ကြေး ၆၀,၀၀၀၊ နောက် ကျွမ်းကျင်ကြေးပေးတယ်။ အချိန်ပိုကြေး တစ်နာရီ ၂၀၀၀ နဲ့တွက်ပေးတယ်၊ ရက်မှန်ကြေးက ၁၅ ရက် အတွင်း ၃၀,၀၀၀ ဖြတ်တယ်။ နှစ်ဘောခွဲထားတယ်”လို့ ပြောပါတယ်။
စက်ရုံတွင် အလုပ်သမား ၈၀၀ ကျော်ရှိပေမဲ့ အသွား အပြန် ဖယ်ရီအဆင်မပြေကြဘူးလို့လည်း ပြောပါတယ်။ ကြိုပို့ယာဉ်နဲ့ လုပ်သား ဦးရေ မမျှမတဖြစ်နေပြီး အန္တရာယ်ရှိတဲ့ အနေအထားနဲ့ စီးနင်းနေရတယ်လို့ အလုပ်သမား တွေက ပြောပါတယ်။
 
“ အလုပ်သမားအရေအတွက်က ကြိုပို့ ကားနှင့် မဆန့်ဖြစ်နေတယ်။ ကားတစ်စီးကို လူ ၃၀ လောက်ပဲ စီးရရင် ၅၀ လောက် တင်ခိုင်းတာ၊ ကားလည်းတိုးမပေးဘူး ကားအကြီးနဲ့လည်း လဲမပေးဘူး။ နေ့တိုင်းကျပ်ညှပ်အောင် တိုးကြိတ် စီးရတယ်။ တွဲစီးရတယ်။ “ လို့ အလုပ်သမားတွေက ပြောထားပါတယ်။
 
Myanmar Bestfortune Garment Co.,Ltd စက်ရုံက ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုန်၊ ကျောက်စိမ်းလမ်းမှာ ရှိပြီး တရုတ် နိုင်ငံသားပိုင် စက်ရုံလို့ သိရပါတယ်။ လုပ်ငန်းခွင်အတွင်း WCC နဲ့ သမဂ္ဂတွေ ဖွဲ့စည်းမထားဘဲ အလုပ်သမား ၈၀၀ ကျော် လုပ်ကိုင်နေတယ်လို့ အလုပ်သမားတွေက ပြောထားပါတယ်။

Related posts

Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026
Cover
Myanmar Handsome စက်ရုံ အချိန်ပို အတင်းကျပ် ဆင်းခိုင်း
Jun 25, 2026
Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026
Cover
စုပေါင်းတောင်းဆိုနေသည့် အလုပ်သမားများအား Max Technology  စက်ရုံ အတွင်း ဝင်ခွင့်မပေး
Jun 24, 2026
Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026