NEWS

Myanmar Best Fortune အထည်ချုပ် ညနက် အချိန်ပိုအပြင် နားရက်မရှိ အလုပ် ဆင်းခိုင်း

CoverLogo
394 Views
 
Myanmar Best Fortune Garments Co.,Ltd အထည်ချုပ် စက်ရုံက ညနက်အချိန်ပိုတွေ နေ့စဉ် နီးပါး လုပ်ကိုင်ခိုင်းပြီး တနင်္ဂနွေနေ့ နားရက်တွေပါ လုပ်ကိုင်ခိုင်းနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ ဒီစက်ရုံကို ဟန်ဆန်း (2) လို့ အလုပ်သမားတွေက အသိများပြီး တခြား အထည်ချုပ် စက်ရုံခွဲတွေလည်း ဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။
 
“ညစဉ် ၉ နာရီထိ အချိန်ပိုခေါ်ပါသည်။ ထမင်းဖိုးဆိုပြီး ၅၀၀ ပဲပေးတယ်။ ည ၁၂ နာရီဆင်းမှ ထမင်းဖိုး ၁၀၀၀ ပေးတယ်။ ပြီးရင် စက်ရုံထဲမှာ ခြင်ကိုက် ဘာကိုက်နဲ့ သံမန်းတလင်းပေါ် ဖြစ်သလို အိပ်ရတယ်။ မနက်ထပြန်၊ အလုပ်ချိန်မီအောင် ပြန်လာရပြန်တယ်။တနင်္ဂနွေနေ့တွေ မှာလည်း နားရက် ပိတ်ရက်မရှိသလောက်လုပ်ရတယ်။ ကျန်းမာရေးထိခိုက်တာ၊ ကြယ်သီးရိုက်စက် ရိုက်မိတာ၊ အပ်ထိတာတွေ က အများကြီး ။ ထိခိုက်လို့ နားရတာလည်း တရက်ပဲ နောက်ရက် အလုပ်ပြန်ဆင်း၊ ဆေးဖိုးလည်း မပေးပါဘူး။” လို့ ပြောပါတယ်။
 
ညစဉ် အချိန်ပိုကို အလုပ်သမား ၂၀၀ ကနေ ၃၀၀ ကြားကို ည ၉ နာရီထိ အချိန်ပိုဆင်းခိုင်းပြီး စနေနေ့တွေမှာလည်း ည ၁၂ နာရီအထိ လုပ်ကိုင်နေရတာလို့ အလုပ်သမားတွေက ပြောပါတယ်။ တနင်္ဂနွေနေ့မှာတေ့ နှစ်ပတ်တစ်ခါ တစ်ရုံးလုံး လုပ်ကိုင်ရတယ်လို့ သိရပါတယ်။ နေ့စား အလုပ်သမားတွေလည်း လုပ်ကိုင်နေကြပြီး လုပ်ခလစာ ကွဲပြား ခြားနားမှု ရှိနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“နေ့စားအလုပ်သမားတွေ စက်ရုံထဲမှာ များတယ်။ အပတ်ရှင်း နေ့စားရှိသလို၊ လရှင်း နေ့စားတွေလည်း ရှိတယ်။ အပတ်ရှင်းနေစားသမားတွေက တနင်္လာနေ့မှ စနေ့နေ့ ညနေထိပဲ ဒေးကြေး ရတယ်။ လရှင်းနေ့စားသမားတွေက တနင်္ဂနွေအတွက် ဒေးကြေးရတယ်။ အမြဲတမ်းခန့် အလုပ်သမားတွေလိုတော့ တချို့အကျိုးခံစားခွင့် မရပါဘူး” လို့ ပြောပါတယ်။
နေ့စား အလုပ်သမားတွေမှာ လုပ်ငန်းခွင်ထိခိုက်မှုရှိပါက ကုသချိန်အတွင်း လုပ်ခလစာမပေးဘူးလို့လည်း သိရပါတယ်။ လုပ်သက် ၃ လအထက်ကနေ တစ်နှစ်နီးပါရှိကြတဲ့နေ့စား သမားတွေမှာ စက်ရုံအတွင်း လုပ်ကိုင်နေဆဲဖြစ်လို့ အခွင့်အရေး ဆုံးရှုံးနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
စက်ရုံမှာ အလုပ်သမား ၈၀၀ ကျော်ရှိတယ်။ ကြိုပို့ကားတစီးကို လူ ၃၀ လောက်ပဲ စီးရတာကို လူ ၅၀ စီးခိုင်းပါသည်။ အလုပ်သမားနဲ့ ကားနဲ့ မဆန့်ဘူး။ လမ်းကြောင်းနဲ့ ကားကို တိုးမပေးဘူး။ ပိုဆန့်တဲ့ ကားကြီးလည်း လဲမပေးဘူး။ ကျပ်ညှပ်နေအောင် စီးနေရတာ။ မနက်အလုပ်လာရင် ဖုန်းကိုစက်ရုံဘက်သိမ်းထားတယ်။ညနေပြန်မှ ဖုန်းကိုပြန်ပေးတယ်။ ကိုယ့်အိမိတွေမှာကျန်းမာရေးတစ်ခုခုဖြစ်လို့လဲမသိရဘူး။ အလုပ်သမားတွေဖြစ်ချင်တာက ထမင်းစားချိန်တော့ ဖုန်းကို ပေးထားစေချင်တယ်။” လို့ ပြောပါတယ်။
 
Myanmar Best Fortune Garments Co.,Ltd အထည်ချုပ် စက်ရုံဖွင့်တာ ၂နှစ် ရှိနေပြီဖြစ်ပြီး အလုပ်သမားတွေကို အကူအညီပေးဖို့ သမဂ္ဂနဲ့ wcc ကို ဖွဲ့စည်းမထားဘူးလို့ သိရပါတယ်။ စက်ရုံကို တရုတ်နိုင်ငံသားပိုင်ဆိုင်ပြီး ရန်ကုန်မြို့ ၊ ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုန်၊ ကျောက်စိမ်းလမ်း မှာ ဖွင့်လှစ်ထားပါတယ်။

Related posts

Cover
Dishang Fashion (Myanmar) အထည်ချုပ် သင်္ကြန်ပိတ်ရက် အတင်းအကျပ် ရက်စားဆင်းခိုင်း
Mar 14, 2026
Cover
Dagon Talentအထည်ချုပ် စူပါများ ငွေဆောင် ပို့ရန် အလုပ်သမားများအား အချိန်ပို ၄ နာရီ လုပ်ခမပေးဘဲ ဆင်းခိုင်း
Mar 14, 2026
Cover
ကြေးအိုးကြီး အင်ဂျင်ဝိုင်စက်ရုံမှူး ကိုယ်ထိလက်ရောက် စော်ကား
Mar 14, 2026
Cover
TMA အထည်ချုပ် အောစူပါ အထည်ကြေး ဖြတ်ယူနေ
Mar 12, 2026
Cover
Zhong Ying အထည်ချုပ် စက်ရုံ အချိန်ပို ဆင်းဖို့ ကြိုပို့ယာဉ်ပေါ်အထိ လိုက်ခေါ် ၊ အတင်းအကျပ် ဆင်းခိုင်း
Mar 12, 2026
Cover
Lat war Co.,Ltd (3) ပိတ်သိမ်းပြီး လုပ်သက် တနှစ်မှ လျှော်ကြေးပေးမည်ဟု ပြောဆို
Mar 12, 2026
Cover
Handa 2 စက်ရုံအရေး - အထည်ကြေး ကျပ် ၁၄၀၀၀ ဖြတ်တောက်မှုနှင့် မပြေလည်သေးသည့်တောင်းဆိုမှု
Mar 12, 2026
Cover
ustdo Myanmar အထည်ချုပ် အမျိုးသားအောစူပါ လိင်ပိုင်းဆိုင်ရာနှောက်ယှက် ပြောဆို
Mar 11, 2026