NEWS

Myanmar Belle International အထည်ချုပ် အလုပ်သမားများ ကျန်းမာရေး ထိခိုက်သည်အထိ အချိန်ပို ရက်ဆက်ခေါ်

CoverLogo
427 Views
 
Myanmar Belle International Co.Ltd အထည်ချုပ် စက်ရုံက အချိန်ပို ရက်ဆက်ခေါ်ခိုင်းလို့အလုပ်သမားတွေ ကျန်းမာရေးထိခိုက်လာနေတယ်လို့ ပြောပါတယ်။ သင်္ကြန်အပြီးကတည်းက အချိန်ပိုတွေကို ည ၁၁ နာရီ ခွဲ အပြင် အော်လင်း၊ အော်နှိုက် ရက်ဆက် ခိုင်းစေနေတယ်လို့ မြန်မာနိုင်ငံကုန်ထုတ်နှင့် စက်မှုလက်မှု အလုပ်သမားများအဖွဲ့ချုပ် IWFM ကို အလုပ်သမားတွေက ပြောပါတယ်။
 
“စနေ့လိုနေ့မျိုး မိုးအလင်း ဆင်းရတာတွေရှိတယ်။ ကြိုတင်ပြောပြီး အချိန်ပိုခေါ်တာ မဟုတ်ဘူး။ အချိန်ပို ပြီးလို့ မနက်ပြန်တော့လည်း ကိုယ့် အစီအစဥ်ကိုယ် ပြန်ရတာ။ ည ၁၁ နာရီခွဲလုပ်ပြီး ပြန်ဖို့အ ဆင်မပြေလို့ စက်ရုံမှာ ဖြစ်သလိုအိပ် ၊ ပြိးတော့ မနက်ထပြီး အိမ်ပြန်ရတယ်။ အိမ်ရောက်တော့လည်း အလုပ်ကို အချိန်မီအောင် ပြန်လာရတယ်။ ကြာလာတော့ အလုပ်သမားတွေ မခံနိုင်တော့ဘူး။ သွားရေးလာရေးနဲ့ ကျန်းမာရေးကအစ ထိခိုက်လာတာ။ ” လို့ ပြောပါတယ်။
 
စက်ရုံဘက်က အချိန်ပိုခိုင်းစေရာမှာ အလုပ်သမားတွေရဲ့ သဘောဆန္ဒကို မေးမြန်းတာမရှိဘဲ၊ အလုပ်သမားတွေ အချိန်ပိုဆင်းချင်သည် ဖြစ်စေ၊ မဆင်းချင်သည် ဖြစ်စေ လုပ်ကိုင်ပေးရတယ်လို့ ပြောပါတယ်။
 
“အချိန်ပိုဆင်းခိုင်းပြီး ညစာကို ဖြစ်သလို ကြွေးတယ်။ တခါတလေ ထမင်းဖြူပေးတယ်။ တခါတလေ ပေါင်မုန့် တစ်လုံးပဲ ပေးတယ်။ အချိန်ပိုဆင်းတော့ အစားအသောက် ကောင်းကောင်းမစားရဘူး၊ မနက်ကြ အလုပ်မီဖို့ ဘာမှ မချက်နိုင်ဘူး။ ဖြစ်သလို စား ၊ ဖြစ်သလိုအိပ်ရတော့ ကျန်းမာရေးပါထိခိုက်လာတာ။” လို့ အလုပ်သမားတွေက ပြောပါတယ်။
 
အလုပ်သမားတွေ ကျန်းမာရေးထိခိုက်ပေမဲ့ စက်ရုံက ဥပဒေပါ ခွင့်ရက်တွေ ကို မပေးဘူးလို့လည်း ပြောဆိုပါတယ်။
Myanmar Belle International Co.Ltd အထည်ချုပ် စက်ရုံက ရန်ကုန်မြို့၊ မြစိမ်းရောင် စက်မှုဇုန်၊ မြသရဖီလမ်းမှာ ဖွင့်လှစ်ထားပြီး တရုတ် နိုင်ငံသားပိုင် စက်ရုံဖြစ်ပါတယ်။ စက်ရုံ အလုပ်သမား ၅၀၀ ကျော်က ဥရောပ အမှတ်တံဆိပ် Sinsay အထည်တွေ ချုပ်လုပ်နေပါတယ်။

Related posts

Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026
Cover
Sunrise Garment စက်ရုံ အထည်စံချိန်မပေးနိုင်ပါက ရပိုင်ခွင့် လျှော့ချမည်ဟု ခြိမ်းခြောက်
Mar 31, 2026
Cover
STUM ဦးဆောင်သူ ဒေါ်မျိုးအေးရဲ့အယူခံဝင်မှုအား ပလပ်၊ ဒုတိယအကြိမ်အယူခံတင်မည်
Mar 31, 2026
Cover
Asdet Myanmar Garment .စက်ရုံ အထည်စံချိန်တိုးတောင်းပြီး ဖိအားပေး အတင်းအကျပ် ချုပ်ခိုင်း
Mar 31, 2026
Cover
Jinli Garment တိုင်ကြားလို့ ဆိုပြီး အလုပ်သမားများအား ခြိမ်းခြောက်
Mar 27, 2026
Cover
ဝါးတရာစက်မှုဇုန် ရှိ ပလတ်စတစ်စက်ရုံ မှ အလုပ်သမား ၁၈ ဦးခန့် ဓာတုအဆိပ်သင့်မှုဖြစ်ပွား
Mar 26, 2026
Cover
စုယုအိ အထည်ချုပ် စက်ရုံ ပြန်ချိန် သတ်မှတ်ချက်မရှိဘဲ အချိန်ပို ဆင်းခိုင်း
Mar 26, 2026