NEWS

Myanmar Belle အထည်ချုပ်တွင် အလုပ်သမားများတောင်းဆိုမှုပြုလုပ်

CoverLogo
340 Views
 
Myanmar Belle International Co.Ltd ပိုင်အထည်ချုပ် စက်ရုံမှာ လုပ်ခလစာ တိုးမြှင့်ရေး တောင်းဆို နေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ တောင်းဆိုမှုတွေကို ဇန်နဝါရီလ၊ ၉ ရက်မှာ စတင်ခဲ့တာဖြစ်ပြီး လုပ်ခလစာ တိုးမြှင့်ပေးဖို့ အပါအဝင် အချက် ၁၂ ချက်ကို တောင်းဆိုထားတယ်လို့ သိရပါတယ်။
 
“လက်ရှိအခြေအနေတွေ၊ ကုန်ဈေးနှုန်းတက်တာတွေကြာင့် ရတဲ့ လစာက ဘယ်လိုမှ မလုံလောက်ဘူး။ ဒါကြောင့် လုပ်ခလစာတိုးပေးဖို့ တောင်းဆိုတာပါ။” လို့ ပြောပါတယ်။
 
အလုပ်သမားတွေက ဒေးကြေး ၉,၅၀၀ ကျပ်ကနေ ၁၂,၀၀၀ အထိတိုးပေးဖို့၊ အချိန်ပိုကြေးကို တိုးမြှင့်ပေးတဲ့ လုပ်ခလစာအပေါ့် အခြေခံပြီး ဥပဒေအတိုင်း နှစ်ဆ တွက်ပေးဖို့ ၊ ရက်မှန်ကြေး ကျပ်တစ်သောင်းတိုးမြှင့်ပြီး ကျပ် ၅၀၀၀၀ ပေးဖို့၊ ဆန္ဒအလျှောက် အချိန်ပို မဆင်းသူတွေကို ဂရိတ်မချဖို့နဲ့ အငြိုး အထားဖို့၊ အချိန်ပို ခေါ်တိုင်း ညစာနဲ့ ဖယ်ရီ စီစဉ်ပေးဖို့ ၊ အချိန်ပို အတင်းအကျပ် မဆင်းခိုင်းဖို့ အိမ်သာတွေကိုူ ပြုပြင်ပေးဖို့နဲ့ လေဝင်လေထွက်ကောင်းမွန်စေရေး စီစဉ်ပေးဖို့၊ ဆေးခွင့်၊ ရှောင်တခင်ခွင့်၊ လုပ်သက်ခွင့်တွေကို ဥပဒေအတိုင်း အလွယ်တကူပေးဖို့ ၊ အများပြည်သူအလုပ်ပိတ်ရက်တွေနဲ့ ရက်သတ္တပတ်အလုပ်ပိတ်ရက်တွေမှာ အချိန်ပိုခေါ်ယူပါက အချိန်ပိုကြေး နှစ်ဆပေးဖို့နဲ့ မပေးခဲ့တဲ့ နေ့ရက်တွကို ပြန်လည် ထွက်ချက်ပေးဖို့ကို တောင်းဆိုထားတယ်လို့ သိရပါတယ်။
 
“၉ ရက်နေ့က စက်ရုံဘက်မှ ခေါ်ညှိတယ် အဆင်မပြေလို့ ဒီနေ့ ဆက်ပြီးတောင်းဆိုနေပါတယ်။ တောင်းဆိုချက်တွေထဲမှာ အပိုတောင်းဆိုတာမပါဘူး၊ တကယ်ကို ချိုးဖောက်ခံရလို့ တောင်းဆိုတာပါ.” လို့ ပြောပါတယ်။
 
Myanmar Belle International Co.Ltd အထည်ချုပ် စက်ရုံမှာ လုပ်ငန်းခွင် အငြင်းပွားမှုကို ဖြေရှင်းပေးနိုင်တဲ့အလုပ်သမားသမဂ္ဂ၊ WCC အဖွဲ့တွေ ဖွဲ့စည်းထားတာ မရှိဘူးလို့ အလုပ်သမားတွေက ပြောထားပါတယ်။ စက်ရုံက ရန်ကုန်တိုင်းဒေသကြီး၊ မြသရဖီလမ်း၊ မြစိမ်းရောင်စက်မှုဇုန်မှာ ဖွင့်လှစ်ထားပြီး တရုတ်နိုင်ငံသားပို င်ဆိုင်တယ်လို့ သိရပါတယ်။ လက်ရှိ Sinsay တံဆိပ် အထည်တွေကို အလုပ်သမား ၂၀၀ ဝန်းကျင်က ချုပ်လုပ်နေပါတယ်။

Related posts

Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026
Cover
Myanmar Zhen Xiang Garment တပတ် နာရီ ၂၀ ကျော် အချိန်ပိုဆင်းခိုင်း ဖယ်ရီမပေးဘဲ ဆဲဆို
Jun 07, 2026
Cover
Casico Garment တွင် နှစ်လုံးရောင်းချသူ ဖုန်းအား မသိမ်းဘဲ၊ အလုပ်သမား ဖုန်း အားလုံး သိမ်းဆည်း
Jun 07, 2026
Cover
Saifeom International အထည်ချုပ် လျှစ်စစ် အန္တရာယ်နှင့် ကြုံတွေ့နေရ
Jun 07, 2026
Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026