NEWS

Myanmar Arysta LifeScience စိုက်ပျိုးရေး ဆေးကုမ္ပ ဏီထံမှ ကျပ်သိန်းပေါင်း ၂၆၇၀ ကျော် အလုပ်သမားများပြန်လည်ရရှိဟုဆို

CoverLogo
570 Views
 
ရန်ကုန်မြို့ Ctystal Tower, Iunction Square Compound, ကျွန်းတောလမ်း၊ ကမာရွတ်မြို့နယ် တွင်ဖွင့်လှစ်ထားတဲ့ Myanmar Arysta LifeScience Co.,Ltd စိုက်ပျိုးရေးဆေးကုမ္ပဏီက အလုပ်သမား ၂၈ ဦးထံသို့ပေးရန်ရှိတဲ့ ကျပ်သိန်း ၂၆၇၀ ကျော်ကို အလုပ်သမားတွေပြန်လည်ရရှိမှာ ဖြစ်တယ်လို့ သိရပါတယ်။
 
အဆိုပါစိုက်ပျိုးရေးကုမ္ပဏီမှ လုပ်သက် နှစ် ၃၀ ကျော်အထိရှိတဲ့ အလုပ်သမား၂၈ ဦးကို အလုပ်ရှင်က EC စာချုပ်ဖောက်ဖျက်ကာ အလုပ်မှထုတ်ပယ်ခဲ့တာဖြစ်လို့ အလုပ်သမားတွေကရရန်ရှိတဲ့ကျန်ငွေအတွက် တရားစွဲ ဆိုတောင်းခဲ့ရာမှ တရားရုံးပြင်ပ စေ့စပ်ညှိနှိူင်းမှုဖြင့် နှစ်ဘက်ပြေလည် မှူရရှိကာ ကျပ်သိန်း၂၆၇၀ ကျော်ဖြစ်တဲ့ ငွေကျပ် (၂၆၇,၂၇၀,၃၅၅)ကို ပြန်လည်ရရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
 
အဆိုပါ Myanmar Arysta LifeScience Co.,Ltd စိုက်ပျိုးရေး ဆေးကုမ္မဏီ မှ အလုပ်သမား ၂၈ ဦးအား ၎င်းတို့ရသင့်ရထိုက်တဲ့ ငွေကျန် ပြဿနာအတွက် တရားရုံးပြင်ပစေ့စပ်ညှိနှိူင်းမှူများဖြင့် ပြေလည်အောင် ညှိနှိူင်းဆောင်ရွက်နိုင်ခဲ့တယ်လို့ အလုပ်သမားရေးကူညီဆောင်ရွက်ပေးနေတဲ့ STUMက ဆိုထားတာပဲဖြစ်ပါတယ်။
 
" ပြန်ရပါပြီ။ တရားစွဲဆိုဖို့ပြင်ထားတာ မစွဲခင်ပြင်ပညှိနှိုင်းမှုနဲ့ အဆင်ပြေသွားတာပါ" လို့ ကူညီဆောင်ရွက်ပေးသူက ဆိုပါတယ်။
အဆိုပါအလုပ်သမား ၂၈ဦးမှာ လုပ်သက် ၃၀ကျော်အထိ အလုပ်သမားများပါပါဝင်နေပြီး လုပ်သက်အလိုက်ပင်စင်ခံစားခွင့်နဲ့ထောက်ပံ့ကြေးများကို ပေးချေရန်မရှိဘဲ အရောင်းကိုယ်စားလှယ်များပေးသွင်းရန် ကျန်ရှိသောငွေကြေးများလာရောက်ပေးသွင်းပြီးမှသာ အလုပ်သမားတွေကိုပေးနိုင်မယ်ပြောဆိုတာဟာ ချုပ်ဆိုထားသောEC စာချုပ်အား လုပ်ငန်းရှင် ဘက်မှ ဖောက်ဖျက်ခြင်းဖြစ်သလို အဲဒီလိုပြုမူ တုန့်ပြန်ခဲ့ခြင်းမှာ ဆယ်စုနှစ် ၃ ခု နီးပါးကြာအောင် ကုမ္ပဏီတွင် အချိန်နှစ်မြှုပ် အလုပ် လုပ်ပေးခဲ့သော အလုပ်သမားဝန်ထမ်းများအတွက် ဆိုးရွားသော လူ့အခွင့်အရေးချိုးဖောက်မှူ တခုဖြစ်တာကြောင့် တရားစွဲဆိုဖို့အထိဆောင်ရွက်ခဲ့တာလို့ သိရပါတယ်။
 
"သူက ဘဏ်အကောင့်တွေထဲ ငွေထည့်နေတယ်။ ၂၈ ယောက်လုံးကိုပေးတယ်။ ငွေ အကုန်မရတာ။ နောက်ရက်ညှိမယ်လို့တော့ပြောတယ်။ သေသေချာချာတော့မသိရသေးဘူးလို့ " ဆိုပါတယ်။
 
MyanmarArystaLifeScience Co.,Ltdအနေနဲ့ အလုပ်သမားများအပေါ် စာချုပ်ဖောက်ဖျက်ခြင်း၊ အလုပ်သမားများရပိုင်ခွင့်၊ အလုပ်သမားဖိနှိပ်မှု ကျူးလွန်ခဲ့တာဖြစ်လို့ STUMအနေဖြင့် နစ်နာသူအလုပ်သမားများ၏ ရပိုင်ခွင့်များအား အပြည့်အဝပြန်လည်ရရှိအောင် STUM ကူညီ ဆောင်ရွက်ပေးခဲ့တာလို့ ဆိုထားပါတယ်။

Related posts

Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026
Cover
Myanmar Zhen Xiang Garment တပတ် နာရီ ၂၀ ကျော် အချိန်ပိုဆင်းခိုင်း ဖယ်ရီမပေးဘဲ ဆဲဆို
Jun 07, 2026
Cover
Casico Garment တွင် နှစ်လုံးရောင်းချသူ ဖုန်းအား မသိမ်းဘဲ၊ အလုပ်သမား ဖုန်း အားလုံး သိမ်းဆည်း
Jun 07, 2026
Cover
Saifeom International အထည်ချုပ် လျှစ်စစ် အန္တရာယ်နှင့် ကြုံတွေ့နေရ
Jun 07, 2026
Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026