NEWS

MOUအလုပ်သမားများ ဒွန်မောင်း လေဆိပ်ရောက်ရှိကြောင်း မှတ်တမ်းဓါတ်ပုံ သံရုံးဆီ ပေးပို့ ရမည်

CoverLogo
464 Views
 
ထိုင်းနိုင်ငံကို MOU စနစ်နဲ့ လုပ်ကိုင်ဖို့ လာရောက်တဲ့ မြန်မာအလုပ်သမားတွေ ဒွန်မောင်းလေဆိပ်ကို ရောက်ရှိတဲ့အကြောင်း မှတ်တမ်း ဓါတ်ပုံကို ဗန်ကောက်မြို့က မြန်မာသံရုံးကို ပေးပိုဖို့ အကြောင်း ကြားထားတယ်လို့ မြန်မာနိုင်ငံ ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း(MOEAA)ဆီက သိရပါတယ်။
 
အဲဒီ မှတ်တမ်းဓါတ်ပုံကို ဗန်ကောက်မြို၊ အလုပ်သမား သံအရာရှိရုံးဆီ gmail နဲ့ ပေးပို တင်ပြရမှာဖြစ်ပြီး ဒီ အစီအစဉ်ကို ဆောင်ရွက််ဖို့ MOEAA အသင်းဆီ မေလ ၉ ရက်က အကြောင်းကြားထားတယ်လို့ သိရပါတယ်။
 
ဒွန်မောင်းလေဆိပ်ကို MOU အလုပ်သမားတွေရောက်ရှိတဲ့ အခြေအနေတွေကို အလုပ်သမားသံအရာရှိရုံး က နေပြည်တော်က အလုပ်သမား ညွှန်ကြားမှုဦးစီးဌာနဆီ နေ့စဉ်တင်ပြရတဲ့အတွက် မြန်မာအေဂျင်စီ တွေကို အခုလို လုပ်ဆောင်ဖို အကြောင်းကြားစာ ပေးပိုခဲ့တာလို သိရပါတယ်။
 
ဒါ့အပြင် အလုပ်သမားတွေရဲ့ရောက်ရှိတဲ့ အခြေအနေကို တင်ပြရာမှာ အလုပ်သမား သံအရာရှိ ရဲ့ ထိုင်းဖုန်းနံပါတ် Viber ဒါမှမဟုတ် Line App ကနေ ကနဦး တင်ပြရမယ်လိုလည်း ညွှန်ကြား ထားပါ တယ်။
 
"အခုက OWIC ကဒ် ရိုက်ခွင့် ချပေးတာ ကြန့်ကြာနေတော့ စေလွှတ်တွေလည်း မရှိပါဘူး။ ပို့စရာ မှ မရှိတာ။ ဘယ်လို အကြောင်းကြားမလဲ ။ အေဂျင်စီတွေ တင်ပြထားတဲ့ ကိစ္စတွေဆို အခုအထိ အကြောင်းမပြန်ဘူး။ စာချုပ်ချုပ်ပြီးတဲ့ အသက်၁၈-၃၅နှစ် အမျိုးသာတွေ စေလွှတ်ခွင့် ပေး၊ မပေးဆိုတာတော့ ဆို အခုအထိ မသိရဘူး။ ဌာနဘက်က တင်းကြပ်တဲ့ စာတွေ တစ်ခုပြီး တစ်ခု ထုတ်ပြန်နေတာ၊ တကယ် လိုအပ်တာကြ မလုပ်ဘူး။ မလိုအပ်တာတော့ ဦးစားပေး လုပ်နေတယ်""လို့ ထိုင်းနိုင်ငံကို လုပ်သားစေလွှတ်နေတဲ့ လိုင်စင်ရ အေဂျင်စီ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
 
လက်ရှိ ပြည်ပကို လုပ်သားစေလွှတ်ရေး လုပ်ငန်းစဉ် မူဝါဒအပြောင်းအလဲ၊ ပြည်ပကို သွားရောက် အလုပ်လုပ်မယ့် အမျိုးသားလုပ်သားတွေရဲ့ အသက်ကန့်သက်ချက် တိုးမြှင့်တာ နဲ့ ပြည်ပအလုပ်အကိုင် အလုပ်သမား သက်သေခံလက်မှတ် OWIC ကဒ် ရိုက်ခွင့် ကြန့်ကြာနေတာတွေကြောင့် လိုင်စင်ရ အေဂျင်စီတွေ ပြည်ပလုပ်သားစေလွှတ် မရှိသလောက် နည်းပါးနေပါတယ်။
 
ဒါ့အပြင် အလုပ်ခေါ်စာ အသစ် တင်ပြမှုမှာလည်း လုပ်သားဦးရေ ကန့်သက်ထားတဲ့ အတွက် ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရအေဂျင်စီတွေမှာ အလုပ်ခေါ်စာ အသစ် လက်ခံ ဖို ခက်ခဲ နေတယ်လို့ သိရပါတယ်။
Photo - ဗန်ကောက်သံရုံး

Related posts

Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
"ယိုးဒယားပြည်သွားတောလား"
Apr 18, 2026
Cover
ခွင့်ပြန်လုပ်သား များ ပြည်ပပြန် ထွက်ခွင့်အပေါ် စစ်ကော်မရှင် ပိုမိုတင်းကြပ်
Mar 31, 2026
Cover
အလုပ်သွားရန် မြန်မာလုပ်သားများ စီးလာသောယာဥ် တိုက်မှုဖြစ်ပြီး ၆ ဦးဒဏ်ရာရ
Mar 31, 2026
Cover
လမ်းစရိတ် သိန်း ၆၀၀ ​ကျော်နှင့် ဘတ်ရိုက်ခ၊ စမတ်ကြေး ဘတ်၂သိန်းခန့်ပေးရသည့် မြန်မာလုပ်သား ၁၁ ဦး အလုပ်မရဘဲ လိမ်လည်ခံရ
Mar 31, 2026
Cover
မတ်လ အတွင်း ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာ ၂၀၀ခန့်ကို ထိုင်းမှ စစ်ကော်မရှင် ထံ လွှဲပေး
Mar 31, 2026
Cover
အထောက်အထားမဲ့ မြန်မာလုပ်သား ၉ဦး တင်လာသည့် ကား အဖမ်းခံရ
Mar 27, 2026