NEWS

MOUအလုပ်သမားတွေ လုပ်အားခ မရလို့  NUG အလုပ်သမားဝန်ကြီးဌာနထံ တိုင်ကြား

CoverLogo
278 Views

ထိုင်းနိုင်ငံ၊ စမူဆာခွန်းမြို့နယ်၊ စွန့်ပစ်ပစ္စည်းထုတ်လုပ်တဲ့ စက်ရုံက  မြန်မာအလုပ်သမား ၁၅ ဦးကို စက်ရုံ ပိုင်ရှင်က လုပ်အားခမရှင်းပေးတဲ့ အတွက်  အမျိုးသားညီညွတ်ရေးအစိုးရ ၊(NUG) အလုပ်သမားဝန်ကြီးဌာန ၊ တိုင်ကြားရေးယန္တရားက ဝင်ရောက်ကူညီဖြေရှင်းပေးခဲ့တယ်လို့ သိရပါတယ်။ 

 

၎င်း အလုပ်သမား ၁၅ ဦး  မှာ MOU အလုပ်သမားတွေ ဖြစ် ကြပြီး စက်ရုံ သူဌေး ဘက်မှ လုပ်အားခ မရှင်းပေးတာကြောင့် အေဂျင်စီ မှ တစ်ဆင့် မြို့နယ် ဆာဝါဒီကန် ရုံး ကို တိုင်ကြားထားတာ မှာ ၃လ ကျော်ပြီ ဖြစ်တယ်လို့ ဆိုပါတယ်။ 

 

အခုလို ၃လ ကျော်တဲ့ အထိ လုပ်အားခတွေ မရသေးတဲ့ အတွက် မိတ်ဖက်အဖွဲ့ စည်း ဖြစ်တဲ့  MHAC အဖွဲ့ကိုအလုပ်သမားတွေက  အကူအညီတောင်းခံလာတာဖြစ်တယ်လို့ သိရပါတယ်။ 

 

အဲဒီလို အကူအညီတောင်းခံလာတဲ့အတွက် MHAC အဖွဲ့က အလုပ်သမားတွေနဲ့ တွေ့ဆုံမေးမြန်းခဲ့ပြီးနောက် စမူဆာခွန်းမြို့နယ် ဆာဝါဒီကန်ရုံးကို သွားရောက်ပြီး အကျိုးကြောင်းမေးမြန်းခဲ့ရာ အမှုအား ပြန်လည်စစ်ဆေးပေးခဲ့ပြီး ပိုင်ရှင်အား အမှုဖွင့်ပြီးနောက် အစိုးရဘဏ်မှ တဆင့် လုပ်အားခများ ကို ပြန်ထုတ် ပေးရေးအတွက် ညှိနှိုင်းသဘောတူညီမှု ရရှိခဲ့တယ်လို့ သိရပါတယ်။ 


Related posts

Cover
နိုင်ငံကူးလက်မှတ် အတု ဖြင့် ဝင်ရောက်လာသည့် မြန်မာလုပ်သား ၁၃ ဦးကိုထိုင်းရဲဖမ်းဆီး
Oct 21, 2025
Cover
ထိုင်းလဝက တံဆိပ်ခေါင်းအတုများ ပြုလုပ်ရောင်းချနေသောမြန်မာပွဲစားတစ်ဦးအဖမ်းခံရ
Oct 21, 2025
Cover
အယုဒ္ဓယရှိ ကားအပိုပစ္စည်းစက်ရုံမှ အကြောင်းမဲ့ အလုပ်ထုတ်ခံရသော မြန်မာလုပ်သား ၁၈ ဦးအတွက် နစ်နာကြေးတောင်းဆို
Oct 21, 2025
Cover
လုပ်ငန်းခွင်ထိခိုက်မှုကြောင့် လက်ပြတ်သွားသောမြန်မာလုပ်သားနှစ်ဦးလျော်ကြေးငွေရရှိရေးတိုင်ကြား
Oct 21, 2025
Cover
ဂျပန်ကုမ္ပဏီ ၁၀၀ ကျော်မှ မြန်မာလုပ်သား ၁၀၀၀ ခန့်ခေါ်ယူရန် ကမ်းလှမ်း
Oct 21, 2025
Cover
ကာလတိုဗီဇာလျှောက်ထားပြီး အလုပ်လုပ်ကိုင်ပါက ရာဇဝတ်ပြစ်မှုအဖြစ် အပြစ်ပေးခံရနိုင်ဟု ရန်ကုန်ရှိဂျပန်သံရုံးထုတ်ပြန်
Oct 21, 2025
Cover
ထိုင်းရှိရေပူရေအေးခွက်စက်ရုံမှမြန်မာလုပ်သား ၁၅၀ လစာနှစ်လစာမရရှိဘဲအလုပ်ထုတ်ခံရ
Oct 20, 2025
Cover
ထိုင်းရှိအပူပေးစက်ထုတ်လုပ်သည့် စက်ရုံမှ အလုပ်ထုတ်ခံရသည့် မြန်မာလုပ်သား ၁၄ ဦးလစာ နှင့် ကျန့်ခေါက်ခများပြန်လည်ရရှိ
Oct 20, 2025