NEWS

MOU မြန်မာအလုပ်သမား၂၀ ဦး ဘတ် ၁ သိန်းခွဲဖြင့် ရောင်းစားခံရ

CoverLogo
438 Views

ထိုင်းနိုင်ငံ ကို MOU နဲ့ လာတဲ့ မြန်မာအလုပ်သမား ၂၀ ဦးကို အေဂျင်စီ ရဲ့ကိုယ်စားလှယ် ဆိုသူက ဆောက်လုပ်ရေးဆိုက် တစ်ခု တွင် ၄၅ ရက် အချိန်ကန့်အသက်ဖြင့် ဘတ်(၁ )သိန်းခွဲ ယူကာ ရောင်းစားသွားတယ် လို့ ထိုင်းရောက်မြန်မာအလုပ်သမားအရေး ကူညီပေးနေတဲ့ WAG အလုပ်သမားမဟာမိတ် အဖွဲ့ ထံ မှ သိရပါတယ်။ 

မြန်မာ (MOU)အလုပ်သမား အမျိုးသား ၁၀ ဦး၊အမျိုးသမီး ၁၀ ဦးတို့ မှာ မြန်မာနိုင်ငံမှ Pyae Paing Hmuu Co.,LTD နှင့်ချိတ်ဆက် ပြီး  ထိုင်းနိုင်ငံ၊ စမူပကန်ခရိုင်၊ ဘန်းစောင်ထွန်း မှာ ရှိ တဲ့ ကုမ္ပဏီတစ်ခုတွင် အလုပ်လုပ်ရန်အတွက် (၂)နှစ် စာချုပ်ချုပ်ဆိုခဲ့တယ်လို့ ဆိုပါတယ်။ 

၂၀၂၄ ခုနှစ် စက်တင်ဘာ ၆ရက် နေ့က မြန်မာနိုင်ငံကနေ စတင် ထွက်ခွာခဲ့ကာ ထိုင်းနိုင်ငံသို့ရောက်သောအခါ စာချုပ်ချုပ်ဆိုခဲ့ တဲ့ လုပ်ငန်းခွင်သို့ မပို့ဆောင်ဘဲ အေဂျင်စီကိုယ်စားလှယ် ကိုလင်းဆိုသူက စမူပကန်၊ ပရာဝတ်ရှိဆောက်လုပ်ရေးဆိုက် မှာ (45)ရက် အချိန်ကန့်အသက်ဖြင့် ဘတ်(၁)သိန်းခွဲ ယူကာ ရောင်းစားခဲ့တယ်လို့ သိရပါတယ်။ 

ဖိုးလမောင်းသူဌေးမ(ဆောက်လုပ်ရေးပုတ်ပြတ်ယူထားသည့် သူဌေး)က ၎င်းတို့ရဲ့  ပတ်(စ်)ပို့ နှင့်ဝေါ့ပါမစ်များကိုသိမ်းဆည်းထားကာ ၄၅ ရက်ကျော်သောအခါ  တွင် အလုပ်ဆက် မခိုင်းတော့ပဲ အလုပ်ကနေ မောင်းထုတ်ခဲ့တယ်လို့ သိရပါတယ်။ 

၎င်း သူဌေးမ ထံ ကနေ ပတ်(စ်)ပို့နှင့် ဝေါ့ပါမစ် ကို  ဘတ်ငွေ (၂၀၀၀)ဖြင့် ပြန်ရွေးခဲ့ရသလို  ပကန်စံခွန်ကြေးဆိုကာ(၁၆၀၀ )ဘတ်နှင့် အင်္ကျီဖိုး (၂၀၀)အပါအဝင် စုစုပေါင်း ဘတ်(၃၈၀၀)ပေးခဲ့ရတယ်လို့ အလုပ်သမားတွေကပြောပါတယ်။ 

အခုလို ဖြစ်ခဲ့တာနဲ့ ပက်သက်ပြီး  အေဂျင်စီဘက်မှ (၄၅)ရက်ပြည့် ပါက  ဘိုင်ကျန့်အော်ထုတ်ပေးမည်ပြောထားကာ ယခု အချိန်ထိ ထုတ်ပေးခြင်းမရှိ တဲ့ အပြင်ဖုန်းဖြင့်  အဆက်သွယ် ပြုလုပ်ပေမယ့် အေဂျင်စီ ဘက်က ပြန်လည်ဆက်သွယ် ခြင်းမရှိဘဲ တာဝန်ယူမှု မရှိတဲ့ အတွက် WAG - အလုပ်သမားမဟာမိတ် အဖွဲ့ ထံ အကူညီတောင်းခံရတာ ဖြစ်တယ်လို့ သိရပါတယ်။ 

WAG အဖွဲ့ အနေနဲ့ ယခု တိုင်ကြားမှု ကို နိုဝင်ဘာ ၂၁ရက်က လက်ခံနေပြီး အလုပ်သမားတွေရဲ့ နစ်နာမှု တွေကို ကူညီဖြေရှင်းပေးဖို့ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ 

#MyanmarLabourNews


Related posts

Cover
ဂျပန် မှ မြန်မာလုပ်သား ၂၅၀ ကျော် ခေါ်ယူရန် အလုပ်ကမ်းလှမ်း
Mar 18, 2026
Cover
ထိုင်းနိုင်ငံ၊ ချွန်ဘူရီရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်၌ အထောက်အထားမဲ့ မြန်မာလုပ်သား ၃၀ကျော် အဖမ်းခံရ
Mar 14, 2026
Cover
ထိုင်းမှ ပြစ်ဒဏ်ကျပြီးသည့် မြန်မာနိုင်ငံသား ၁၀၀ ကျော်ကို နေရပ်ပြန်ပို့
Mar 12, 2026
Cover
ရွေ့လျားအိမ်တင်ဆောင်လာသည့်ကား လူကူးခုံးကျော်တံတားဖြင့် တိုက်မိပြီး ယာဉ်ပေါ်ပါလာသည့် မြန်မာလုပ်သား ၂ဦး သေဆုံး
Mar 12, 2026
Cover
ပွဲစားများမှ တစ်ဆင့် CIစာအုပ် မပြုလုပ်ရန် အလုပ်သမားသံအရာရှိရုံး အသိပေး
Mar 11, 2026
Cover
မလေးရှား ရောက် အထောက်အထားမဲ့ မြန်မာ လုပ်သား များအိမ်ငှားနေထိုင်ရန် အခက်ခဲဖြစ်လာ
Mar 11, 2026
Cover
ထိုင်းနိုင်ငံအတွင်း တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်သည့် မြန်မာလုပ်သား ၆၀ကျော် အဖမ်းခံရ
Mar 09, 2026
Cover
မြန်မာအလုပ်သမား ၂၈ဦး ကို အလုပ်သွင်းပေးမည်ဆိုကာ ပွဲစားက ပိုက်ဆံများလိမ်ယူပြီး ထွက်ပြေး
Mar 09, 2026