NEWS

MOEAFကို ဖျက်သိမ်းကြောင်း NUG ထုတ်ပြန်

CoverLogo
714 Views
 
မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ် (MOEAF)ကို မတရားအသင်းအဖြစ် သတ်မှတ်ပြီး ဖျက်သိမ်းတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ အလုပ်သမားဝန်ကြီးဌာနက ဖေဖော်ဝါရီလ(၅)ရက်က ထုတ်ပြန် ကြေညာပါတယ်။
MOEAF အဖွဲ့အနေနဲ့ အကြမ်းဖက်စစ်ကောင်စီနဲ့ ပူးပေါင်းပြီး စစ်အာဏာတည်မြဲရေးအတွက် တက်ကြွစွာ ပူးပေါင်း ဆောင်ရွက်နေပြီး ငွေကြေးထည့်ဝင်ထောက်ပံ့ ပေးတာ နိုင်ငံခြားငွေ လိုအပ်ချက်ကို ဖြည့်ဆည်းဖ်ို့ အခွန် ကောက်ခံတာနဲ့ အလုပ်သမားတွေရဲ့ လုပ်အားခ (၂၅)ရာခိုင်နှုန်းကို စစ်တပ်က စီစဉ်တဲ့ နည်းလမ်းအတိုင်းပေးပို့ ဖို့ အလုပ်သမားတွေကို ဖိအားပေးတာ၊ နိုင်ငံခြားငွေနဲ့ လေကြောင်း တိုက်ခိုက်တာတွေ လုပ်ဆောင်ဖို့ လေယာဉ် ဆီ ဝယ်ယူတာ၊ လက်နက်ခဲယမ်း ဝယ်ယူတာတွေကို သိလျက်နဲ့ စစ်တပ်ကို သွေးစွန်းငွေအဖြစ် လွှဲပြောင်းပေးအပ်ဖို့ တက်ကြွစွာ ပူးပေါင်းလုပ်ဆောင်နေတာကြောင့် ဖျက်သိမ်းရတာဖြစ်တယ်လို့ NUG အစိုးရက က ကြေညာ ထားပါတယ်။
"ထုတ်ပြန်တာတော့ တွေ့တယ်။ အာဏာသိမ်းပြီးနောက်ပိုင်းပိုင်း စစ်တပ်နဲ့ဆက်နွယ်တဲ့ သူတွေ အေဂျင်စီ လောကထဲ ရောက်လာတာ ရှိတယ်။ နောက်ပြီး စစ်တပ်နဲ့ ဆွေမျိုးဝောာ်စပ်တာတွေ ၊ ပတ်သက်မှုရှိတဲ့ အေဂျင်စီတွေဆို အလုပ် ပိုဖြစ်နေတယ်။ " လို့ အေဂျင်စီလုပ်ငန်းလုပ်ကိုင်သူတဦးက ပြောပါတယ်။
စစ်အာဏာ သိမ်းပြီးနောက် ပြည်ပမှာ သွားရောက် လုပ်ကိုင်လိုသူ များပြားလာပြီး အေဂျင်စီလုပ်ငန်း လုပ်ကိုင်ဖို့ လိုင်စင်ရယူသူ အရေအတွက်လည်း သိသိသာသာ တိုးလာနေတယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ ဝန်ဆောင်ခ ပိုမိုတောင်းခံတာနဲ့ ငွေကြေးလိမ်လည်တာတွေ လည်း ပိုမို များပြားလာ ပါတယ်။ အလုပ်သမားဝန်ကြီးဌာနကလည်း အခွန်ငွေရရှိဖို့ လိုင်စင်တွေ အလွယ်တကူ ထုတ်ပေးနေပြီး ဥပဒေမဲ့ လုပ်ရပ်တွေကို အရေးယူမှု အားနည်းနေတယ်ဆိုပြီး သုံးသပ်တာတွေလည်း ရှိနေပါတယ်။
"အခုက ပိုက်ဆံပိုပေးရလည်း မပြောရဲဘူး။ ဝန်ဆောင်ခ ဆိုတာ သူတို့ပြောတဲ့ ဈေးပဲ။ သွားရဖို့က အဓိက ဖြစ်နေတာ။ အလိမ်ခံရတာတွေလည်း ကြားပါတယ်။ ဘယ်ကို တိုင်ရမလဲကို မသိတော့တာ။ တကယ်ဆို အသင်းအဖွဲ့ ရှိတယ်ဆိုလည်း ထိထိရောက်ရောက် လုပ်ပေးစေချင်တယ်။ အရင်ကဆို အဖွဲ့ချုပ်က အမှုတွေ ရှင်းပေးတယ်ဆိုတာ သတင်းတွေမှာ တွေ့ဖူးတယ်။ အခုက မလုပ်ပေးတော့ဘူး ထင်တယ်"လို့ ပြည်ပမှာ သွားရောက် လုပ်ကိုင်ဖို့ ပြင်ဆင်နေသူတဦးက ပြောပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရက MOEAF အဖွဲ့ကို မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားမှုမှာ ပူးပေါင်းပါဝင်ဖို့၊ အလုပ်သမားတွေကို အကာအကွယ်ပေးဖို့ အကြိမ်ကြိမ် တိုက်တွန်းဖိတ်ခေါ်ခဲ့ပေမယ့် လုပ်ဆောင်မှုမရှိဘဲ ဝန်ဆောင် အဆမတန် ကောက်ခံ တာ၊ လုပ်ငန်းခွင်ကို အရောက်မပို့တာ၊ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရတာတွေအတွက် ဖြေရှင်း ဆောင်ရွက်ပေးတာ မရှိဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
MOEAF အနေနဲ့ အလုပ်သမားတွေကို ခေါင်းပုံဖြတ်တာတွေ ၊ တာဝန်ယူမှု၊တာဝန်ခံမှု မရှိတာ၊ စစ်ကောင်စီရဲ့ လမ်းညွှန်ချက်တွေကို အတင်းအကျပ် ဖိအားပေးတာတွေ ဆက်လက် လုပ်ဆောင်လာပါက အမည်ပျက် စာရင်းထည့်သွင်းပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေနဲ့ တရားစွဲဆို အရေးယူမယ်လို့လည်း NUG အစိုးရက သတိပေး ထားပါဝယ်။

Related posts

Cover
ထိုင်းအစိုးရရဲ့ရွှေ့ပြောင်းလုပ်သားစိစစ်ရေးစစ်ဆေးမှုနဲ့ Work permit လုပ်ငန်းစဉ် ကြန့်ကြာလို့ အလုပ်သမားတွေအခက်တွေ့နေ
Jun 07, 2026
Cover
ထိုင်းမြောက်ပိုင်းရှိ မြစ်များတွင် သဘာ၀ပတ်၀န်းကျင် ထိခိုက်ညစ်ညမ်းမှု ​ဖြေရှင်း​ပေးရန် ​တောင်းဆို
Jun 07, 2026
Cover
မြန်မာနိုင်ငံသားများကို အတင်းအဓမ္မ နေရပ်ပြန်ပို့မှု ချက်ချင်းရပ်တန့်ရန် APHR တိုက်တွန်း
May 29, 2026
Cover
မလေးရှားတွင် ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာလုပ်သား ၁၀၀ နီးပါးကို နေရပ်ပြန်ပို့
May 25, 2026
Cover
စက်ရုံဝန်းအတွင်း အရက်၊ ဘီယာ သောက်သုံး၊ရောင်းချပါက အလုပ်ထုတ်ပြီး ပြစ်နှင်ဒဏ်ပေးနိုင်သော ဥပဒေသစ်ပြဌာန်း
May 21, 2026
Cover
အထောက်အထားမဲ့ လုပ်သားတွေကို ၃ လစီမံချက်နဲ့ ဖမ်းဆီးမယ့် သတင်းကြောင့် မြန်မာလုပ်သားတွေ စိတ်ပူနေရ
May 15, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026