NEWS

MK စက်ရုံ တရုတ်ဝန်ထမ်းတဦး အမျိုးသမီးလုပ်သားများအား ရုပ်ပိုင်းဆိုင်ရာ ထိတွေ့ကိုင်တွယ် ပြုမူ

CoverLogo
1.9K Views

Myanmar GiGi Leather Goods ManuFactory ရဲ့ စက်ရုံခွဲ MK လည်သာချုပ် စက်ရုံက တရုတ်နိုင်ငံသား ဝန်ထမ်းတဦးဟာ စက်ရုံအလုပ်သမားတွေကို ရုပ်ပိုင်းဆိုင်ရာ ထိတွေ့ကိုယ်တွယ်မှုတွေ ပြုလုပ်နေတယ်လို့ အမျိုးသမီး အလုပ်သမားတွေက Myanmar Labour News ကို ပြောပါတယ်။

 

“စက်ရုံထဲက အဲဒီတရုတ်က အမျိုးသမီးဝန်ထမ်းတွေ အလုပ်လုပ်နေတဲ့ အချိန်ဆို လက်ကိုကိုင်တယ်၊ ပုခုံးကို ကိုင်တယ်၊ ပါးကို ဆွဲလိမ်တယ်၊ ဆံပင်တွေ ဖွဖွကိုင်တာမျိုးတွေ လုပ်တယ်၊ နောက် လက်နဲ့ ဆိတ်ဆွဲတာ၊ ကုတ်သွားတာမျိုး ၊ လက်ကို ပွတ်တာမျိုးတွေ လုပ်ကြတယ်။ ” လို့ အမျိုးသမီးအလုပ်သမားတဦး ပြောပါတယ်။ 

 

ရုပ်ပိုင်းဆိုင်ရာ ထိတွေ့ကိုယ်တွယ်တာဟာ လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်တာ ဖြစ်တယ်လို့ နိုင်ငံတကာက သတ်မှတ်ထားပြီး ပွတ်သတ်တာ ၊ ဆိတ်ဆွဲတာ၊ နမ်းတာ၊ ဖက်တာနဲ့ အခြား မသင့်လျော်တဲ့ ထိတွေ့မှုတွေ ပါဝင်တယ်လို့ အမည်မဖော်လိုတဲ့ ကျားမရေးရာ ကျွမ်းကျင်သူ တဦးက ပြောပါတယ် ။ 

 

MK Leather ချုပ် စက်ရုံ ကတော့ ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်၊ သာဓုကန် စက်မှုဇုန် ၊ သာဓုကန်လမ်းနဲ့ ပုလဲလမ်းဒေါင့်မှာ ရှိပြီး စက်ရုံက တရုတ်နိုင်ငံသားပိုင် ဖြစ်တယ်လို့ သိရပါတယ်။ 

 

စက်ရုံအတွင်း တရုတ်နိုင်ငံသား ကျွမ်းကျင်ဝန်ထမ်း ၄ ဦး ရှိပြီး Michel Kors အမှတ်တံဆိပ် လည်သာ ပိုက်ဆံအိတ်နဲ့ တခြားအမှတ်တံဆိပ်တွေ ချုပ်လုပ်နေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ 

 

“အဲဒီ တရုတ်ဆရာတယောက်က မိန်းကလေးကို ဆိတ်ဆွဲတာ၊ ကုတ်တာက တမျိုး၊ နောက် တရုတ်ကတော့ စီးတဲ့ ရှုးဖိနပ်ကို သောက်ရေ သောက်တဲ့ ပိုက်ခေါင်းမှာ ဆေးတယ်၊ ဘေစင်မှာလည်း ဆေးတယ်။” လို့ အလုပ်သမားတွေက ပြောပါတယ်။

 

တရုတ်နိုင်ငံသား ဝန်ထမ်းတွေရဲ့ အမျိုးသမီးတွေပေါ် ပြုလုပ်တဲ့ အပြုအမှုတွေက လက်ခံလို့ မရပေမဲ့ လုပ်ငန်းခွင် စံချိန်ပြည့်ဖို့၊ အလုပ်နဲ့ ဝင်ငွေထိခိုက်မှာ စိုးရိမ်တာကြောင့် ပြန်လည် တုန့်ပြန်နိုင်တာ မရှိဘူးလို့ အလုပ်သမား တွေက ပြောပါတယ်။ 

 

“လိုင်းခေါင်းဆောင်တွေတောင် တရုတ်ဆရာတွေကို ကြောက်နေရတာ ။ ကျွန်မတို့ ကိုဆို အဲဒီ တရုတ်တွေက ချက်ချင်း ထုတ်လို့ ရတယ်လို့ အမြဲ ပြောနေတာပါ။ အလုပ်ကို စံချိန်ပြည့်ဖို့ အားစိုက်နေတဲ့အချိန် သူတို့ လာကိုင် ရင် တုန့်ပြန်လို့ မရဘူး ။ Hourly စံချိန်ဆိုလည်း တအားကို တိုးတောင်းတယ် ” လို့ အလုပ်သမား အမျိုးသမီးက ဆက်ပြော ပါတယ်။ 

 

Hourly စံချိန် တောင်းဆိုရာမှာလည်း သတ်မှတ်စံချိန်ပြည့်ပါက နောက်တနာရီမှာ နောက်ထပ် စံချိန်ကို ထပ်တိုး တောင်းဆိုနေတယ်လို့ ပြောပါတယ်။ 

 

ကိုယ်ဝန်ဆောင်ကာလမို့ သက်သာတဲ့ နေရာမှာ အလုပ်လုပ် နေတဲ့ ကိုယ်ဝန်သည်ပါမချန် စံချိန်ပြည့်အောင် လုပ်ကိုင်ပေးရတယ်လို့ အဲဒီ အလုပ်သမား အမျိုးသမီးက ပြောပါတယ်။ 

 

“အဲဒါက စက်ရုံက အလုပ်သမားတွေအားလုံံးကို စံချိန် တောင်းတာ၊ လိုင်းထဲက ကိုယ်ဝန်ဆောင်သည်တောင် မကျန်ဘူး၊ တချို့အလုပ်သမားတွေဆို အလုပ်ဆင်းဖို ၅ မိနစ်လိုတဲ့ အထိ မပြီးဘူး” လို့ ပြောပါတယ်။ 

 

MK စက်ရုံအတွက် ဝန်ထမ်းတွေကို Myanmar GiGi Leather Goods Manufactory က အင်တာဗျူး ခေါ်ယူ ခန့်ထားပေးပြီး စက်ရုံနှစ်ရုံ မှာ နိုင်ငံခြားသားဝန်ထမ်း စုစုပေါင်း ၃၀ ဝန်းကျင် ရှိနေတယ်လို့ စက်ရုံ အလုပ်သမား တွေက ပြောပါတယ်။

 

နိုင်ငံခြား ဝန်ထမ်းတွေဟာ အိန္ဒိယ၊ ဖိလစ်ပိုင်နဲ့ တရုတ်နိုင်ငံသားတွေ ဖြစ်တယ်လို့ သိရ ပါတယ်။

 

လုပ်ငန်းခွင်အတွင်းက တရုတ်ဝန်ထမ်းတွေကတော့ အလုပ်သမား အမျိုးသမီးတွေ ငိုကြွေးတဲ့အထိ ဒေါသတကြီး နှင့် ပြောဆိုတာ၊ ကြမ်းတမ်း အော်ဟစ် ပြောဆိုတာတွေကို နေစဉ်ပြုလုပ်နေတယ်လို့ စက်ရုံ အလုပ်သမားတွေက ပြောပါတယ်။ 

 

“ လက်ညှိုးထိုး ၊ အော်ဟစ်ပြောဆိုတာ ဆိုတော့ လူတွေဝိုင်းကြည့်တာနဲ့ဆို အမျိုးသမီးတွေဆိုတော့ ရှက်ကြ တာပေါ့ ။ ငိုတဲ့သူတွေ ငို၊ ကြိတ်ငိုတဲ့သူတွေက ငိုပေါ့။ အလုပ်လည်း မထွက်နိုင်ဘူး လေ ။ နေ့တိုင်း မျက်ရည် ကျရတဲ့ သူတွေ ရှိပါတယ်။ အဲလို ငိုရင် အဲ့ တရုတ်က ဘာလို့ ငိုတာလဲဆိုပြီး အလုပ်ကို ဆက်လုပ် ခိုင်းတယ်” လို့ စက်ရုံ အလုပ်သမားတဦးက ပြောပါတယ်။

 

ဒါ့အပြင် အလုပ်သမားတွေရဲ့ ဆန္ဒမပါဘဲ လိုင်းပြောင်းရွှေ့တာ ၊ စက်ရုံပြောင်းရွှေ့တာတွေ ပြုလုပ်တယ်လို့လည်း MK စက်ရုံ အလုပ်သမားတွေက ပြောပါတယ်။ 

 

အလုပ်ခန့်စဉ်ကစက်ရုံအတွင်း မည့်သည့်နေရာမှာဆို လုပ်ကိုင်မယ် လို့ လက်မှတ်ထိုးထားရပေမဲ့ ထုတ်လုပ်မှုမတူတဲ့ စက်ရုံနှစ်ခုကို ပြောင်းရွှေ့တာက အလုပ်သမားတွေ အတွက် အခက်အခဲဖြစ်တယ်လို့ ပြောင်းရွှေ့ခံထားရတဲ့ အလုပ်သမား တဦးက ပြောပါတယ်။

 

“စက်ရုံပြောင်းတာက MK ကနေ GiGi ပြောင်းပြီး သွားလုပ်ပေးရတယ်၊ တချို့လည်း ရက်နည်းနည်း ။ တချို့ ကြတော့လည်း ပြန်မလာရတော့ဘူး ။ အလုပ်က တရုံနဲ့တရုံ မတူဘူး။ ထုတ်ကုန်လည်း မတူဘူး။ ချုပ်ရတာ လည်း မတူဘူး “ လို့ GiGi စက်ရုံကို ပြောင်းရွှေ့ခံထားရတဲ့ အမျိုးသမီး တဦးက ပြောပါတယ်။

 

MK စက်ရုံကနေ အလုပ်နေရာပြောင်းရွှေ့ပါက အလုပ်သမားတွေကို ကြိုတင်ပြောကြားတာမရှိသလို ပြောင်းရွှေ့ ခိုင်းပါက လုပ်ငန်းခွင်ကနေ ချက်ချင်း ပြောင်းရွှေ့ပေးရတာမျိုး ဖြစ်တယ်လို့ သိရပါတယ်။ 

 

အဲဒီလို ပြောင်းရွှေ့ပါက Myanmar GiGi စက်ရုံက လိုင်းတွေမှာ လူမလိုဘူးဆိုပြီး ငြင်းပယ်တာမျိုး ရှိသလို ပြောင်းရွှေ့တဲ့ လုပ်ငန်းခွင် မှာ အသားမကျတာကြောင့် အဆင်မပြေမှုတွေ ဖြစ်ပေါ်နေတယ်လို့ အဲဒီအမျိုးသမီးက ပြောဆိုပါတယ်။ 

 

အဲဒီလို အဆင် မပြေမှုတွေကြောင့် အလုပ်သမားတွေအတွက် စိတ်ပိုင်းဆိုင်ရာ ထိခိုက်ရသလို အလုပ်ထွက်ရတဲ့ အထိ ဖြစ်ပေါ်စေတယ်လို့ Myanm Labour News ကို MK စက်ရုံ အလုပ်သမားတွေက ပြောကြားထားပါတယ်။

 

#MyanmarLabourNews


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026