NEWS

Mirae or New Way အထည်ချုပ်လုပ်သားတွေ ဒေးကြေးတိုးပေးရန် တောင်းဆိုချက် ပြေလည်မှုမရ

CoverLogo
440 Views
 
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ ဦးတရုတ်ကြီးလမ်း အမှတ် (- ) Mirae or New Way အထည်ချုပ် စက်ရုံက အလုပ်သမားတွေဟာ ဒေးကြေးတိုးမြင့်ပေးဖို့ လုပ်ငန်းခွင်အတွင်း တောင်းဆိုမှုပြုလုပ် နေတာဖြစ်ပြီး လက်ရှိမှာတော့ ညှိနှိုင်းရာ ပြေလည်မှုမရသေးဘူးလို့ သိရပါတယ်။
 
အဆိုပါ စက်ရုံမှာ အလုပ်သမား (၄၀၀) ကျော် လုပ်ကိုင်နေတဲ့ ကိုရီးယားနိုင်ငံသားပိုင် စက်ရုံ​​ ဖြစ်ကာ Ziben အမှတ်တံဆိပ်အင်္ကျီနှင့် ဘောင်ဘီအရှည်များကို ချုပ်လုပ်ပြီး ကိုရီယားနိုင်ငံသို့ တင်ပို့တာလို့ သိရပါတယ်။
 
Mirae or New Way အထည်ချုပ် စက်ရုံအလုပ်သမားတွေဟာ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက်နေမှစပြီး အလုပ်ရှင်ထံ သို့ လုပ်ခလစာ တိုးမြှင့် ပေးရန်အတွက် ညှိနှိုင်းဆွေးနွေးမှုပြုလုပ်ပေးရန် စာတင်ပြတောင်းဆိုခဲ့ပြီး ယခင် ဒေးကြေး ၇၄၀၀ ကျပ်ကို ၂၁၀၀ ကျပ် ထပ်တိုးပြီး စုစုပေါင်း ၉၅၀၀ ကျပ်သို့ တိုးပေးရန်နှင့် အချိန်ပိုကြေးကို တစ်နာရီလျှင် ၂၃၇၅ ကျပ်ဖြင့် တွက်ချက်ပေးရန် တို့တောင်းဆိုထားတယ်လို့ သိရပါတယ်။
 
တောင်းဆိုမှုကြောင့် လုပ်ငန်းခွင်ညှိနှိုင်းရေး (WCC) အနေဖြင့် ၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလ၊ (၇) ရက်နေ့တွင် တစ်ကြိမ်၊ ၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၁၁ ရက်နေ့တွင် ဒုတိယအကြိမ်၊ ၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလ (၁၃)ရက်နေ့တွင် တတိယအကြိမ် ၊ ၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလ၊ (၁၄)ရက်နေ့တွင် အကြိမ်ကြိမ် ညှိနှိုင်းဆွေးနွေးပေးခဲ့ကာ အလုပ်ရှင်ဘက်မှ စကားပြန်၊ မန်နေဂျာနှင့် အလုပ်ရှင်ကိုယ်စားပြု (WCC)တို့မှ အလုပ်ရှင် ကိုယ်စားညှိနှိုင်းပေးခဲ့တယ်လို့လည်း သိရပါတယ်။
 
အလုပ်သမားတွေက အလုပ်ရှင်ဘက်မှ အလုပ်သမားများ တောင်းဆိုထားသည့် ဒေးကြေးပေါ်တွင် ဒေးကြေး ၈၆၀၀ ကျပ်နဲ့ ရှားပါးစရိတ် ၁၀၀၀၀ ကျပ်နှင့် အချိန်ပိုကြေးကိုတစ်နာရီ ၂၀၀၀ကျပ်ဖြင့် တိုးပေးပါသည်၊ အလုပ်သမားများမှ ဒေးကြေး ၈၆၀၀ ကျပ်နှင့်ရှားပါးစရိတ် ၁၀၀၀၀ ကျပ်နှင့် အချိန်ပိုကြေကို ဒေးကြေးရရှိသည့်အပေါ် တွက်ချက်ပေးမယ်ဆိုရင် သဘောတူတယ်လို့ တင်ပြဆွေးနွေး ရာ အလုပ်ရှင်ဘက်မှ အချိန်ပိုကြေးကို ဒေးကြေးရရှိသည့်အပေါ် တွက်ချက်ပေးနိုင်းခြင်းမရှိသဖြင့် နောက်ဆုံးတွင် ပြေလည်မှုမရလို့ သက်ဆိုင်ရာရုံး​တွေကို ညှိနှိုင်းမှုအခြေအနေကို စာတင်ခဲ့တယ်။ " လို့ အလုပ်သမားကပြောပါတယ်။

Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026