NEWS

MICS အထွေထွေအတွင်းရေးမှူးချုပ် ဦးသက်နှင်းအောင် ထောင် ၇ နှစ် ထပ်ချခံရ

CoverLogo
972 Views

မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် MICS - TUsF – Myanmar ရဲ့ အထွေထွေအတွင်းရေးမှူးချုပ် ဦးသက်နှင်းအောင်ကို စစ်ကောင်စီက ထောင် ၇ နှစ် ထပ်ချ လိုက်တယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ 

ဦးသက်နှင်းအောင်နဲ့ အတူ ABSDF-UNRA စစ်ဦးစီးချုပ် ဗိုလ်ခင်ကျော် ကို ရွှေပြည်သာ စစ်ခုံရုံးက ပုဒ်မ ၁၂၄(က) နဲ့ ထောင်တသက်တကျွန်း ၊ UNRA တပ်ကြပ်ကြီး ဆံရှည် ခေါ် ဟိန်းလင်းဇော် ကိုလည်း ထောင် ၇ နှစ် ချလိုက်တာလို့ UNRA အဖွဲ့ဝင်တဦးက လူမှုကွန်ရက်မှာ ရေးသားထား ပါတယ်။   

 MICS-TUsF ရဲ့ အထွေထွေအတွင်းရေးမှူးချုပ် ဖြစ်သူ ဦးသက်နှင်းအောင်ကို ၂၀၂၁ ခုနှစ်၊ ဇွန်လမှာ စစ်ကောင်စီက ဖမ်းဆီးပြီး မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇(၁)နဲ့ တရားစွဲဆိုကာ အလုပ်ကြမ်းနဲ့ ထောင် ၂ နှစ် ချခဲ့ရတာဖြစ်ပြီပါတယ်။ သထုံ ဈေးမသွယ်အကျဉ်းထောင်မှ ချုပ်နှောင်ခံခဲ့ရပြီး စတင်ဖမ်းဆီး ခံရကတည်းက လက်ရှိအချိန်အထိ သုံးနှစ်အတွင်း ဦးသက်နှင်းအောင်ဟာ မိသားစုဝင်တွေနဲ့ တကြိမ်တည်း သာ တွေ့ဆုံခွင့်ရခဲ့ပါတယ်။ 

၂၀၂၃ ခုနှစ်၊ ဇွန်လ(၂၆)ရက်မှာ ဦးသက်နှင်းအောင် ထောင်က လွတ်မြောက်ခဲ့ပေမဲ့ အဲဒီကတည်းက ပျောက်ဆုံးခဲ့တာ ဖြစ်ပါတယ်။ ပျောက်ဆုံးပြီး ၅ လနီးပါးအကြာမှာ ဦးသက်နှင်းအောင် နောက်ထပ် ထောင်ဒဏ်ချမှတ် ခံရတယ်လို့ သတင်းတွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ လက်ရှိ ထွက်ပေါ်နေတဲ့ သတင်းတွေအရ ဦးသက်နှင်းအောင်ကို စစ်ကောင်စီက ၅၂/က နဲ့ တရားစွဲဆိုပြီး အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၇ နှစ် ချမှတ် ခဲ့တာလို့ သိရပါတယ်။ 

စစ်ကောင်စီက တရားစွဲခဲ့တဲ့ ဥပဒေဟာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြစ်ပြီး အဲဒီ ဥပဒအရ ဦးသက်နှင်းအောင်ဟာ အမြင့်ဆုံးပြစ်ဒဏ် ချမှတ်ခံခဲ့ရတာဖြစ်ပါတယ်။ 

မြန်မာနိုင်ငံဟာ ILO အဖွဲ့ဝင်နိုင်ငံဖြစ်တာကြောင့် နိုင်ငံအတွင်း လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းခွင့်နဲ့ စည်းရုံးခွင့် ဖြစ်တဲ့ ပြဌာန်းချက်အမှတ် (၈၇) သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးထားပြီးဖြစ်ပါတယ်။ ဒါပေမဲ့ စစ်ကောင်စီက အဲဒီ စာချုပ်ပါ အခွင့်အရေးတွေကို ချိုးဖောက်ပြီး အလုပ်သမားသမဂ္ဂ ခေါင်းဆောင် တွေကို ဖမ်းဝရမ်းထုတ်တာ၊ မတရားဖိနှိပ်ဖမ်းဆီးတာ၊ သတ်ဖြတ်တာတွေနဲ့ ထောင်ချတာတွေကို ဆက်တိုက် ကျူးလွန်နေတယ်လို့လည်း အလုပ်သမားအဖွဲ့အစည်းတွေက ပြောဆိုနေပါတယ်။ 

 #MyanmarLabourNews


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026