NEWS

MeiJie (Myanmar) စက်ရုံ လုပ်ငန်းခွင်အတွင်း လာဘ်ပေး၊ယူ ပြုလုပ်ပြီး အလုပ်သမာများ ဖိနှိပ်ခံရ

CoverLogo
357 Views
MeiJie (Myanmar) အထည်ချုပ်စက်ရုံ လုပ်ငန်းခွင်အတွင်း အော်စူပါတွေက လာဘ်ပေး၊ လာဘ်ယူ ပြုလုပ်ပြီး အလုပ်သမားတွေကို ဖိနှိပ်နေတယ်လို့ မြန်မာနိုင်ငံကုန်ထုန်နှင့်စက်မှုလက်မှုအလုပ်သမားများအဖွဲ့ချုပ် IWFM ကို အလုပ်သမားတွေက ပြောပါတယ်။
 
“လာဘ်ပေး၊ လာဘ်ယူ ကိစ္စတွေက အဆိုးဆုံး အဆင့်ဖြစ်နေတာ။ စက်ရုံ မန်နေဂျာမွေးနေ့ အထက်လူကြီး မွေးနေ့တွေဆို စူပါတွေ၊ လီတာတွေဆီက ခွဲတမ်းနဲ့ တစ်ဦးကို ကျပ် ၁၀၀,၀၀၀ ၊ ကျပ် ၅၀,၀၀၀ အဲ့လို ကောက် တယ်။ မပေးလို့လည်း မရပါဘူး။ ပေးကို ပေးရပါသည်။ မပေးလည်း ခွဲခြားဆက်ဆံ ပြောဆိုတယ်။ အော်စူပါတွေ က သူတို့ လုပ်ပိုင်ခွင့် နဲ့ မျက်နာရဖို့ပဲ။ စူပါ၊ လီတာတွေကို ဖိနှိပ် ၊ စူပါ၊ လီတာတွေက အလုပ်သမားတွေက ပြန်ဖိနှိပ်နဲ့ အလုပ်သမားတွေပဲ ချိုးဖောက်ခံရတာ” လို့ ပြောပါတယ်။
 
အလုပ်သမားတွေရဲ့ မိသားစုရေး၊ ကျန်းမာရေး ကိစ္စတွေအတွက် ခွင့်ရက်ရယူရမှာလည်း စက်ရုံဘက်က ခွင့်မပြုမပေးတဲ့ အပြင် ရက်ပျက်သတ်မှတ်ပြီး ခွင့်ရက် ခံစားခွင့်ပါ ဖြတ်တောက်တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“ခွင့်နဲ့ပတ်သက်ရင် စက်ရုံ သူနာပြု ခွင့်ပြုတဲ့ ဂိတ်ပတ်တောင် မရဘူး။ ပြောမယ်ဆို ဘယ်လိုခွင့်မျိုးမှ မရတာ။ ခွင့်မဲ့ သတ်မှတ်တယ်။ ရက်မှန်ကြေး အကုန်ဖြတ်တယ်။ ဒါ့အပြင် အပြင်ကျွမ်းကျင်ကြေးကိုပါ အဆင့် ချတော့ လုပ်အားတွေကို မတရား ဖြတ်တောက်တာပါ။ ပြန်ဆင်းနေ့ဆို ခေါင်းဆောင်တွေ ပြောဆိုကို ခံရတယ်။ “ လို့ ပြောပါတယ်။
 
ကျွမ်းကျင်ကြေးကို A + ကျပ် တစ်သိန်းနဲ့ D အဆင့် ကျပ် ၃၅၀၀၀ ကြား သတ်မှတ်ပေးထားပြီး ဒေးကြေး ကျပ် ၁၁၀၀၀ ၊ အချိန်ပို တစ်နာရီ ၂၁၈၅ ကျပ်နဲ့ ရက်မှန်ကြေး ကျပ် ၅၀၀၀၀ သတ်မှတ်ပေးထားတယ်လို့ အလုပ်သမားတွေ က ပြောပါတယ်။ စက်ရုံဘက်က အချိန်ပို ခိုင်းပြီး အထည် စံချိန်တောင်းလို့ အလုပ်သမား တွေက ပြည့်မီအောင် ချုပ်လုပ်ပေးပေမဲ့ အထည်ဆုကြေး လျှောချတာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။
 
“ဥပမာ အလုပ်ချိန် တစ်နေ့ ၁၀ နာရီကို အထည် ၄၀၀ တောင်းတယ် ဆိုပါတော့ ၊ ပြည့်ရင် လိုင်းက ချုပ်သမား တစ်ယောက်ကို ၂၀၀၀၀ ကျပ်ပေးပါသည်။ စံချိန်ပြည့်ဖို့ပဲ အဓိကပဲ၊ အလုပ်သမား ရှိရှိ မရှိရှိ တောင်းတဲ့ စံချိန်ကို ပြည့်အောင် ချုပ်နေရတယ်။ အခုရက်ပိုင်း အထည်ဆုကြေးကို ၂၀၀၀၀ ကနေ ၁၆၀၀၀ လျှော့လိုက်တယ်။” လို့ အလုပ်သမားတဦးက ပြောပါတယ်။
 
အထည်ဆုကြေးကို လျှော့ပေးလို့ စက်ရုံတာဝန်ရှိသူတွေကို မေးမြန်းရာမှာ အချိန်ပို မလုပ်ရလို့ မပေးတာဆိုပြီး ပြန်လည် ပြောဆိုတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ အလုပ်သမားတွေမှာ အခုလို လုပ်ငန်းခွင်ပြဿနာတွေ ကြုံနေရပေမဲ့ ကူညီဖြေရှင်းပေမဲ့ WCC နဲ့ သမဂ္ဂ တွေ ဖွဲစဉ်းထားတာ မရှိဘူးလို့ သိရပါတယ်။
“အလုပ်သမား အခက်အခဲတွေ ဖြေရှင်းပေးဖို့ သမဂ္ဂလည်း မရှိဘူး။ WCC လည်း ဖွဲ့မထားဘူး။ အကြံပြု စာပုံးဆိုတာ တကယ်ကို ဟန်ပြပဲ ၊ စာထည့်တာပဲ ရှိတာ စက်ရုံဘက်က ဖြေရှင်းဆောင်ရွက်ပေးတာ မရှိဘူး။ “ လို့ အလုပ်သမားတဦးက ပြောပါတယ်။
 
MeiJie (Myanmar) Clothing & Accessories Co,Ltd (အထည်ချုပ်) စက်ရုံက ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်၊ မူကြိုလမ်းဆုံ၊ မီးသတ်အဝိုင်းအနီးမှာ ရှိပြီး တရုတ်နိုင်ငံသားပိုင် စက်ရုံလို့ သိရပါတယ်။ အလုပ်သမား ၂၀၀၀ ဝန်းကျင် လုပ်ကိုင်နေပြီး ချုပ်လုပ်တဲ့ အထည်တွေကို ဂျပန်နဲ့ အမေရိကန်နိုင်ငံကို တင်ပို့နေတယ်လို့ အလုပ်သမားတွေက ပြောကြားထားပါတယ်။
Photo - Google Map
 
 
 
 
 

Related posts

Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026
Cover
Myanmar Zhen Xiang Garment တပတ် နာရီ ၂၀ ကျော် အချိန်ပိုဆင်းခိုင်း ဖယ်ရီမပေးဘဲ ဆဲဆို
Jun 07, 2026
Cover
Casico Garment တွင် နှစ်လုံးရောင်းချသူ ဖုန်းအား မသိမ်းဘဲ၊ အလုပ်သမား ဖုန်း အားလုံး သိမ်းဆည်း
Jun 07, 2026
Cover
Saifeom International အထည်ချုပ် လျှစ်စစ် အန္တရာယ်နှင့် ကြုံတွေ့နေရ
Jun 07, 2026