NEWS

Max Technology နားကြပ်စက်ရုံမှ အလုပ်သမားများပေးစာ

CoverLogo
1K Views

အလုပ်သမားပေးစာကဏ္ဍ

ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ် သံဒင်း ၁၉ လမ်းဆုံမှာ  အသစ်ဖွင့်ထားတဲ့ max technology နားကြပ်စက်ရုံမှာ အလုပ်ချိန် ၈ နာရီသတ်မှတ်ထားပြီး တကယ်တမ်းအလုပ်ဝင်ပေးရတာ ၇ နာရီ ၅၀ ပါရှင့်။ သူတို့နေ့တိုင်း meeting ပြောဖို့ကိုအဲ့အချိန်ဝင်ပေးရတယ် ထမင်းစားဆင်းချိန် ၁၂ နာရီကနေ ၁၂ နာရီ ၃၀ သတ်မှတ်ထားပြီး တကယ်တမ်းထမင်းစားဆင်းတော့ ၁၂ နာရီ ၂ မိနစ် မှဆင်းပြီး ၁၂ နာရီ ၂၇ မှာထမင်းစားပြန်တက် ပါတယ်။ အိုတီ (အချိန်ပို) မဆင်းရဘဲ တလလုံးဆင်းရပါတယ်ဆိုပြီး လတ်မှတ်တွေထိုးခိုင်းပါတယ်။

စက်ရုံကိုစစ်ဆေးရေးတွေလာတော့..သူတို့ အိုတီ တလ လုံးပေးထားတယ်ဆိုပြီး အဲ့စာရွက်တွေကိုထုတ်ပြတယ်..အလုပ်ချိန် ၄ နာရီ ၃၀ ဆင်းတာကို. ၄ နာရီ ၃၂ မှဆင်းရပါတယ်..စူပါတွေကလဲ.လိုင်းသားတွေကို.စကားပြောရင် "စောက်"  ဆိုတဲ့စကားကိုသုံးပြီး အမြဲတမ်းပြောပါတယ်။

အိမ်သာသွားလို့တနေ့လုံးမှာ ၃ခါပြည့်သွားရင်ပိုက်ဆံတောင်းပါတယ် ။ ၄ လပိုင်း ၃၀ ရက်နေ့ထိဆင်းပီးအလုပ်ထွက်တဲ့သူတွေကို..သင်္ကြန်ပိတ်ရက်စာတွေမပေးဘူးပြောပါတယ် သူတို့ဘက်ကနစ်နာလို့တဲ့ ၅ လပိုင်း၆ ရက်နေ့အထိအလုပ်ဆင်းပြီး ထွက်တဲ့သူတွေကိုလဲ ၅ ရက်နေ့မှာပိတ်ထားတဲ့တနင်္ဂနွေအတွက် ဒေးကြေးမပေးဘူးတဲ့ရှင့်။

သင်္ကြန်မှာတနင်္ဂနွေပိတ်ရက်တွေဆက်တိုက်ဆင်းပေးရပြီး အိုတီကြေးလဲမပေးဘူးရှင့် စက်ရုံမှာ.အာဝါဒီတွေကိုမတရားတောင်းပြီး ဆုကြေးတွေဘာတွေလဲမပေးပါဘူး။

အိုတီ ကို အချိန်အမှန်တကယ်ပေးနိုင်မှလက်မှတ်ထိုးစေပြီး အလုပ်ချိန်ကိုလဲသူတို့သတ်မှတ်ထားတဲ့ ၈ နာရီ ကနေ ၄ နာရီ ၃၀ အထိတိတိကျကျလေးဖစ်စေချင်ပါတယ်ပြီးတော့ ခေါင်းဆောင်တွေဘက်ကလဲ စကားပြောရင်ရိုင်းစိုင်းစွာမပြောဖို့နဲ့..လစာကိုလဲမှန်မှန်လေးပေးစေချင်ပါတယ်။

အာဝါဒီက ဂျပ်ပင်ခဲတို့ရတဲ့ပွိုင့်ဆိုရင် တစ်စည်းမှာ ကြိုး၁၀၀ပါတယ်..၆ မိနစ်ကို၂စည်းပြီး ရမယ်တဲ့..အဲ့လိုပီးမှသူတို့သတ်မှတ်ထားတဲ့စုကြေးပေးမှာတဲ့ အဲ့လိုရဖို့ကို သူတို့ကိုယ်တိုင်လုပ်လည်းမရပါဘူး။ မိုရိုက်တဲ့ပွိုင့်ဆို..တနာရီ၁၀၀၀ တောင်းတယ် အဲ့ပွိုင့်ကသူတွေကလဲ အများဆုံးရရင်တစ်နာရီ ၈၀၀ပဲရတယ် အဲ့တာကိုလက်မခံဘူး.တရုတ်တွေက။

အ​ခြေခံလစာ ၁၄၄၀၀၀  တလလုံး အိုတီ ရှိရင်တောင်၃သိန်းမပြည့်ပါဘူး။ ထောက်ပံ့ကြေး ၁၀၀၀ ရပါတယ်။ အလုပ်ထွက်သွားတဲ့သူတေရက်ပေါင်ကြေးလာထုတ်ရင်မပေးပါဘူး စက်ရုံကလဲဖွင့်တာမကြာသေးဘူး ၆လလောက်ပဲရှိသေးတယ် လိုင်းက ၅ လိုင်းပဲရှိသေးတာ အလုပ်သမား ၂၅၀ ကျော်လောက်တော့ရှိတယ်။

အလုပ်မှာသူနာပြုခေါ်ထားပြီး အဲ့သူနာပြုကိုလဲ.လိုင်းထဲမှာဝင်လုပ်ရတယ်..သူနာပြုလစာလဲမပေးထားပါဘူး..လိုင်းသားတွေထပ်၃သောင်းပဲပိုများတယ်..ဒီလတောင်အရင်လို၃သောင်းပိုမပေးတော့ပဲ ၁သောင်းပဲပေးတယ်ရှင့်..
ဆေးခန်းဆိုပြီး လဲသီးသန့်မရှိပါဘူး လိုင်းထိပ်မာခုတင်တစ်လုံးပဲချထားတာရှင့် ပြီးတော့ ဆေးတွေကိုလဲ.ဗီရိုထဲထည့်ပြီး သော့ခတ်သိမ်းထားတယ်...လိုင်းသားတွေဆေးလာတောင်းရင်..မပေးရဘူးလို့..တရုတ်က.သူနာပြုကိုမှာထားပါတယ် မန်နေဂျာကပြောသေးတယ် စူပါနဲ့လိုင်းသားရန်ဖစ်ရင်.မှားမှားမှန်မှန် လိုင်းသားမှာပြန်ပြောပိုင်ခွင့်မရှိဘူးတဲ့။


အလုပ်သမား (၂) 
 
နားကြပ်စက်ရုံမှာ အလုပ်ချိန် မနက် ၈ နာရီလို့ပြောပြီး တော့၇ နာရီ ၄၅ အရောက်ဝင်ရပါတယ်နေ့ခင်းထမင်းစားရင်လည်း၁၂ နာရီ ၂မိနစ်လောက်မှထမင်းစားရပါတယ်။ အာဝါဒီလည်းအရမ်းတောင်းပါတယ်လစာကတော့ 5800 ပါဒါပေမဲ့လစာထုတ်ရင်OTဖိုးနဲ့dayကြေးပဲပါပါတယ် ၆ လည်းပြည့်သွားလည်းဘာကြေးမှမပါပါဘူးသူတို့ကမရနိုင်တဲ့အာဝါဒီတွေတောင်းပြီး ဆုကြေးပေးမယ်ပြောပါတယ်။ လိုင်းထဲကစူပါတွေကလည်းအပြောအဆိုအရမ်းကြမ်းတမ်းပါတယ်ပီးတော့ ၄ လပိုင်းမကုန်ခင်ထွက်တာကိုသင်္ကြန်ပိတ်ရက်ကြေးမပေးပါဘူး တနင်္လာနေ့ပျက်ရင်လည်းတနင်္ဂနွေပိတ်ရက်ခမပေးပါဘူး။

၅ လပိုင်း၆ ရက်နေ့ကထွက်တဲ့သူတွေကိုလည်း ၅ ရက်နေ့ပိတ်ရက်ခမပေးပါဘူးတဲ့ရှင့်လစာထုတ်ပြီး ဗုဒ္ဓဟူးနေ့ထိဆင်းမှငါးရက်ခအပြည့်ပေးမယ်ပြောပါတယ်ရှင့်ပြီးတော့လစာထုတ်ရက်တိုင်း ၄ နာရီခွဲထုတ်မပေးပါဘူး။အမြဲတမ်း ၅ နာရီကျော်လောက်မှထုတ်ပေးပါတယ်ရှင့်။ ထိုင်ပီးစောင့်နေရပါတယ်ရှင့်။ ၄ နာရီခွဲအလုပ်တွေပြီး သွားလို့ထိုင်စောင့်နေတာကိုစကားပြောနေကြလို့ဆိုပြီး လိုင်းစူပါတွေကဆူပါတယ်ရှင့်
လစာထဲကကျန်တဲ့ minus ကြေးတွေလည်းထွက်သွားတဲ့သူတွေကိုမပေးပါဘူးစက်ရုံဆင်းနေတဲ့တွေသူတွေကိုslipပေးခဲ့တာတောင်မထုတ်ပေးပါဘူးရှင့်။

လိုင်းသားတွေနဲ့စူပါတွေစကားများရင်လိုင်းသားတွေကမှားမှားမှန်မှန်သူတို့ပြောတဲ့တိုင်းပဲလုပ်ရပါတယ်တဲ့ . နင်တို့ပြန်ပြောခွင့်မရှိဘူးငါပြောတာနားထောင် နင်ကဘာမို့လို့ငါ့ကိုပြန်ပြောနေတာလည်း'အာ့လိုမျိုးတွေပါရှင့် ပြီးတော့သန့်ရှင့်ရေးအန်တီတွေကစလုပ်ထဲကနောက်သန့်ရှင်းရေးတစ်ယောက်ခေါ်ပေးဖို့ပြောတာခုထိမခေါ်ပေးပါဘူးရှင့် စက်ရုံအကျယ်ကြီးကိုသန့်ရှင်းရေးနှစ်ယောက်ပဲလုပ်ရပါတယ်။ အမှိုက် သွားပစ်ရင်လား ၁၉ လမ်းဆုံအကျော်ကနေပြီးတော့သံဒင်းဈေးအမိုက်ကန်ထိလမ်းလျှောက်ပြီး သွားပစ်ရပါတယ်။

အခုလို ချိုးဖောက်မှုတွေကို တာဝန်ရှိသူတွေ သိစေချင်ပါတယ်။


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026