NEWS

Max Technology စက်ရုံဖယ်ရီ အလုပ်သမား မကြိုဘဲ ပစ်ထား

CoverLogo
322 Views
Max Technology နားကြပ်စက်ရုံရဲ့ လစာထုတ်ပေးတာ အမြဲနောက်ကျမှုနဲ့ ဖယ်ရီကားမစောင့်မှု တွေကို ပြောပြချင်ပါတယ်။
 
အရင်တခါ အကိုတို့ Myanmar Labour News မှာ သတင်းပါလာတော့ မြို့နယ် အလုပ်သမားရုံးကဆိုပြီး လာစစ်ဆေးတယ်။ နောက်လကြ ၄ နာရီခွဲအတွင်း လစာပေးတယ်၊ ကြိုပို့ ကားလည်း အဆင်ပြေခဲ့တယ်ရှင့်။
ဒါပေမဲ့ အဲ့ဒီ တစ်လတည်း အဆင်ပြေခဲ့တာပါ။
 
ပြီးခဲ့တဲ့လ ၁၁ လပိုင်း ၅ရက်နေ့နဲ့ ဒီလ ၅ ရက်နေ့တွေမှာ လစာထုတ်ပေးတာ ၄ နာရီခွဲကျော်မှ လစာ ထုတ်ပေးတယ်။ အဲလိုနောက်ကျတော့ အလုပ်သမားတွေကို ဖယ်ရီကားတွေကလည်း မစောင့်ပါဘူး။
စောင့်ပေးဖို ကားသမားတွေကို ပြောတော့လည်း မန်နေဂျာအဖေ ဖြစ်သူက “ ကျန်ခဲ့တဲ့ အလုပ်သမားတွေကို စောင့်စေချင်ရင်ကားပေါ်က အကုန်ဆင်းတဲ့။ ညနေ ၆ နာရီမှ ပြန်လာကြိုမယ်” လို့ ပြောပါတယ်။
 
ကျန်ခဲ့သူတွေ နောက်တခေါက်လာကြိုမယ် ပြောခဲ့ပါတယ်။ ဒါပေမဲ့ ပြန်လာကြိုမယ်ပြောပြီး လာမကြိုတော့ဘူး။
ဖယ်ရီက မစောင့်ဘဲ ကျန်ခဲ့တဲ့သူတွေက လမ်းကြောင်းတခုတည်း မဟုတ်ပါဘူး။ နေရာအသီးသီး နေကြတဲ့ အလုပ်သမားတွေပါ ။ အများကြီး ကျန်ခဲ့တာပါ။
 
ပြီးတော့ ခွင့်ရက်တွေမရဘူး ။ စူပါအောစူပါတွေ အာဝါတီ တိုးတောင်းတယ်။ ေ-ာက်နဲ့ နှိုင်းပြောတာတွေက အရမ်းဆိုးဝါးလာတယ်။
Myanmar Labour News မှတဆင့် သက်ဆိုင်ရာလူကြီးမင်းများအား သိစေချင်ပါတယ်။
ခွင့်ရက်တွေဆိုလည်း စူပါတွေကို ph ဆက်ပြီးခွင့်တိုင်ပါတယ်။ ခွင့်မပေးဘူးဆိုပြီး တခါတည်း ငြင်းပါတယ်။ခွင့်ယူရတဲ့ သက်သေအထောက်ထားတွေ ပါလည်း မရပါဘူး။
 
ရှောင်တခင်ခွင့်ဆိုတာလည်း ဘာမှန်းမသိပါဘူး။ ခွင့်တိုင်တိုင်း မပေးဘူး၊ မရဘူး ဆိုတာပဲ ပြောပါတယ်။
ဖူလုံရေးကတ်တွေလည်း တစ်နှစ်ပြည့်တော့မယ်၊ ခုထိ မရတဲ့အလုပ်သမားတွေ အများကြီးရှိပါတယ်။
ဖူလုံရေးထောက်ခံစာတောင်းတော့လည်း စက်ရုံကပေးလိုက်တယ်။ ဆေးခန်းက မပေးပြန်ဘူး။ မန်နေဂျာဆီက ဖူလုံရေးကတ် တောင်းလာခဲ့တဲ့။
 
ဖူလုံရေးနဲ့ မန်နေဂျာကြားမှာ ဘယ်သူ့ဆီတောင်းပြီး အလုပ်သမားတွေ ဘာလုပ်ရမှန်း မသိ ဖြစ်နေပါတယ်။
ဖူလုံရေးကတ်မရတော့ ၊ နေမကောင်းတဲ့အခါ ရက်ပျက်ပြီး အလုပ်တက်တဲ့နေ့တွေဆို အမြဲအဆူခံနေရတော့ အလုပ်ဆင်းရမှာ ကြောက်လာတယ်။
 
အပြင် ဆေးခန်းက ဆေးစာရွက်ပေးတော့လည်း မရပါဘူး။
ခွင့်မဲ့ ၃ခါ မပြည့်လဲ စူပါတွေအောစူပါတွေက ဆူမယ်ဆိုတာပဲ။ အလုပ်ပြန်တက်တဲ့ရက်ဆို အနားခေါ်ပြီး အဆူ ခံရပါတယ်။
 
စူပါတွေ ခွင့်ပေးချင်တဲ့သူကြ အပြင်ဆေးစာရွက်နဲ့လည်း ရှောင်တခင်ခွင့်ပေးပါတယ်။ အဲလို့ ခွင့်ရရင်လည်း ဒေးကြေး ၄၈၀၀ ပဲ ပေးပါတယ်။ ထောက်ပံ့ကြေးတွေ မပေးပြန်ပါဘူး။
 
နောက်ဆုံးအကြိမ် ထောက်ပံ့ကြေး ၁၀၀၀ ပေးရမယ်ဆိုပြီး တရားဝင်ထုတ်ပြန်ထားလည်း အခုထိ မရရှိသေး ပါဘူး။
 
အာဝါတီတွေဆိုလည်း သတ်မှတ်ထားတဲ့ စံချိန်ထက် ပိုတောင်းတာပါ။
စံချိန်မရတဲ့နေ့တွေဆို အောစူပါကိုယ်တိုင် စောက်တွေနဲ့နှိုင်းပြော၊ စူပါတွေ ကလည်း ေ-ာက်တွေနဲ့ နှိုင်း ပြောပါတယ်။
 
ဒါ့အပြင် ပယ်ကျလိုဆိုပြီး လစာတွေပါ အဖြတ်ခံရပါတယ်။
ဒါတွေအားလုံးကို သက်ဆိုင်ရာ လူကြီးမင်းတွေက ဖြေရှင်းပေးစေချင်ပါတယ်။
စက်ရုံနေရာက အမှတ် ၃၀၄ တပင်ရွှေထီးလမ်း၊ ဝါးတရာစက်မှုဇုန် ၊ သံဒင်း (74)ဂိတ်ဆုံးအနီး ၊ ရွှေပြည်သာမြိုနယ်၊ ရန်ကုန်မှာပါ။
 

Related posts

Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026
Cover
Dongxin Garment Co, Ltd လုပ်ခတိုးပေးရန်တောင်းဆိုမှု အလုပ်ရှင်အလုပ်သမား ဒုတိယအကြိမ် စာချုပ်ချုပ်ဆို
May 30, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အထည်စံချိန်မပြည့်ပါက အလုပ်ထုတ်မည်ဟု နို့တစ်ကပ်
May 30, 2026
Cover
FM (1) အထည်ချုပ်စက်ရုံ သတ်မှတ်လစာ လျှော့ပေး
May 30, 2026
Cover
YST Co.,Ltd အထည်ချုပ် မန်နေဂျာမှ အထည်မရလို့ ကိုယ်ထိလက်ရောက် ကျူးလွန် ခိုင်းစေ
May 29, 2026
Cover
New Zhong Hui အထည်ချုပ် အချိန်ပို မဆင်းလို့ အလုပ်ထုတ်နေ
May 29, 2026
Cover
Victory Myanmar အထည်ချုပ် အချိန်ပို စစ်ဆေးမှုကို တိမ်းရှောင်ခိုင်း
May 29, 2026
Cover
He MeT (2)Co.,Ltd စက်ရုံ အချိန်ပို လုပ်ခမပေးဘဲ ကိုယ့်စရိတ်နှင့်ကိုယ် လုပ်ကိုင်ပေးနေရ
May 29, 2026