NEWS

Max Technology စက်ရုံတွင် ဆန္ဒပြ အလုပ်သမားအား နိုင်ငံခြားသာားမှ ကိုယ်ထိလက်ရောက်ကျူးလွန်

CoverLogo
207 Views
 
Max Technology (နားကြပ်စက်ရုံ)တွင် အလုပ်သမားများ ငြိမ်းချမ်းစွာဆန္ဒပြနေစဉ် အလုပ်သမားတစ်ဦးအား စက်ရုံတာဝန်ရှိသူ နိုင်ငံခြားသား တရုတ်နိုင်ငံသားက ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“အလုပ်သမားအမျိုးသမီးတွေကို စောင့်တွန်းတယ်၊ ပါးရိုက်ဖို့ ရွယ်တယ် အဲ့လိုတွေ။ တယောက်ဆို ဒဏ်ရာရသွားတယ်” လို့ အမျိုးသမီး အလုပ်သမားတဦးက ပြောပါတယ်။
‎မတ် ၂၀ ရက် ညနေ 3နာရီခွဲမှာ ဒေးကြေး ၁၂၀၀၀နဲ့ ရက်မှန်ကြေး ၅၀၀၀၀ တိုးပေးဖို့နဲ့ ခွင့်ရက်၊ ခွင့်ခံစားခွင့်တွေ ပေးဖို့ အလုပ်သမားတွေက တောင်းဆို ဆန္ဒပြခဲ့တာလို့ အလုပ်သမားတွေက ပြောပါတယ်။ မတ် ၂၁ မှာ စက်ရုံအတွင်းညှိနှိုင်းမှုတွေ ပြုလုပ်ခဲ့ပေမဲ့ အဆင်မပြေခဲ့လို့ အလုပ်သမားတွေက ဆက်လက်တောင်းဆိုမှု ပြုလုပ်စဉ် စက်ရုံတာဝန်ရှိသူက ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့တာလို့ အလုပ်သမားတွေက ပြောပါတယ်။
‎” ညှိနှိုင်းမှုအဆင်မပြေတော့ မိန်းချပြီး တောင်းဆိုမှု ဆက်လုပ်ခဲ့တာ။ မိန်းခလုပ်ချတဲ့ အမျိုးသမီး အလုပ်သမား ကို အဲ့ တရုတ်ဆရာက ဂုတ်ဆွဲပြီး ရင်ဘတ်ကို ၂ ချက်တွန်းလိုက်တာ။ အဲ့လိုတွန်းလို့ အလုပ်သမားက အပူချောင်းနဲ့ထိပြီး အပူလောင်သွားတယ်။ ဖူလုံရေးဆေးခန်းမှာ ဆေးစာအုပ်နဲ့ ပြထားရတယ်။ “ လို့ အလုပ်သမားတဦးက ပြောပါတယ်။
‎ Max Technology စက်ရုံမှာ အလုပ်သမား ၁၃၀၀ ကျော်ရှိပြီး တောင်းဆိုဆန္ဒပြမှာ အလုပ်သမား အားလုံးပါဝင်နေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ စက်ရုံက ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်၊ ဝါးတရာ စက်မှုဇုန်မှာ ဖွင့်လှစ်ထားပြီး အီလက်ရောနစ် ပစ္စည်းတွေ ထုတ်လုပ်နေတယ်လို့ အလုပ်သမားတွေက ပြောထားပါတယ်။
 

Related posts

Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026
Cover
Myanmar Zhen Xiang Garment တပတ် နာရီ ၂၀ ကျော် အချိန်ပိုဆင်းခိုင်း ဖယ်ရီမပေးဘဲ ဆဲဆို
Jun 07, 2026
Cover
Casico Garment တွင် နှစ်လုံးရောင်းချသူ ဖုန်းအား မသိမ်းဘဲ၊ အလုပ်သမား ဖုန်း အားလုံး သိမ်းဆည်း
Jun 07, 2026
Cover
Saifeom International အထည်ချုပ် လျှစ်စစ် အန္တရာယ်နှင့် ကြုံတွေ့နေရ
Jun 07, 2026
Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026