NEWS

Mai Yi Bei Yangon Garment အထည်ချုပ် စံချိန်မပြည့်လို့ ဆဲဆို အချိန်ပို ဆင်းခိုင်း

CoverLogo
33 Views
 
Mai Yi Bei Yangon Garment Manufacturing Co.,Ltd အလုပ်သမားတွေမှာ တစ်ယောက်ကို နှစ်ပွိုင့်မှ သုံးပွိုင့် အထိချုပ်ရပြီး စံချိန်မ ပြည့်ပါက အောစူပါ၊ စူပါတွေက အော်ဟစ်ဆဲဆိုပြီး အချိန်ပို ဆင်း ချုပ်ခိုင်းတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“စံချိန်မပြည်ရင် ည၈နာရီအထိ ညတိုင်း ဆင်းပေးရတယ်။ အချိန်ပို မဆင်း နိုင်ကြောင်းပြောလဲမရဘူး၊ မဆင်းတဲ့ အလုပ်သမားကို မှတ်ထားပြီး စံချိန် ပိုတောင်းတယ်။ လိုင်း၁၅၊ ၁၂၊ ၁၃ အောစူပါ၊ စူပါတွေက ပိုပြီးရိုင်းစိုင်းတယ်၊ ဆဲတယ်” လို့ ပြောပါတယ်။
 
လိုင်းပေါက် အထည်စံချိန် တနာရီ အထည် ၄၀ အထိ ထောင်းပြီး အဲ့ဒီစံချိန်အတွက် စက်လိုင်းထဲက လုပ်သား ၅၀ ကျော်က တဦးတည်း နှစ်ပွိုင့်ကနေ သုံးပွိုင့်အထိ ချုပ်ပေးရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ လုပ်ငန်းခွင်ဝင်ဖို့ စက်နဲ့ ကတ်ရိုက်ရပြီး ကတ်မှတ်တမ်းမဝင်လို့ လစာဖြတ်တောက်ခံရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
“စက်နဲ့ကတ်ရိုက်ပြီး အလုပ်ဝင်တော့ ကတ်နံပါတ် မဝင်လို့ ၅၀၀ အဖြတ်ခံတယ်။ အလုပ်ဝင်နောက်ကျလို့ ၁၀၀၀၀ အဖြတ်ခံရတယ်။ “ လို့ ပြောပါတယ်။ ၊
 
ဒေးကြေး ၁၁၀၀၀ ၊ ရက်မှန်ကြေး၄၀၀၀၀ နံ အထည်ကြေးတွေကို ခံစားခွင့်ရှိပေမဲ့ အလုပ်သမား ဥပဒေပါ ခွင့်ခံစားခွင့်တွေ မပေးဘဲ တစ်ရက်ပျက်ပါ ကျပ် ၅၀၀၀၀ ကျော် အဖြတ်ခံရတယ်လို့ အလုပ်သမားတွေက ပြောထားပါတယ်။
“နေထိုင်းမကောင်းလို့ ရက်ပျက်ရင် အောစူပါ၊ စူပါတွေ ကိုယ်ပိုက်ဆံနဲ့ ကိုယ် အဖြတ် ခံနိုင်ရင် ပျက်ကြဆိုပြီး ခွင့်တော့ပေးတယ်။ အဲ့အတွက် လစာထဲကပိုက်ဆံ ဖြတ်တယ်။ အလုပ် တစ်ရက်ပျက်တာနဲ့ ၅၀၀၀၀ ပ်ကျော် အဖြတ်ခံရပါတယ်” လို့ အလုပ်သမားတွေ ပြောပါတယ်။
 
Mai Yi Bei Yangon Garment Manufacturing Co.,Ltd စက်ရုံက ရန်ကုန်မြို့၊ ရွှေလင်ဗန်းစက်မှုဇုန်၊ ကြက်ခြံ ဆေးရုံလမ်း၊ စိမ်းပန်းမှတ်တိုင်အနီးမှာ ဖွင့်လှစ်ထားတဲ့ တရုတ်နိုင်ငံသားပိုင် စက်ရုံလို့ သိရပါတယ်။ အလုပ်သမား ၁၀၀၀ ကျော်လုပ်ကိုင်နေပြီး လက်ရှိ Sinsay တံဆိပ်အထည်တွေ ချုပ်လုပ်နေတယ်လို့ အလုပ်သမားတွေက ပြောထားပါတယ်။

Related posts

Cover
ဝါးတရာစက်မှုဇုန် ရှိ ပလတ်စတစ်စက်ရုံ မှ အလုပ်သမား ၁၈ ဦးခန့် ဓာတုအဆိပ်သင့်မှုဖြစ်ပွား
Mar 26, 2026
Cover
စုယုအိ အထည်ချုပ် စက်ရုံ ပြန်ချိန် သတ်မှတ်ချက်မရှိဘဲ အချိန်ပို ဆင်းခိုင်း
Mar 26, 2026
Cover
DA MEI အထည်ချုပ် အချိန်ပို မဆင်းလို့ အောစူပါ ဆ
Mar 25, 2026
Cover
Handa 2 စက်ရုံ ဆန္ဒပြ အလုပ်သမားများအား သတိပေး လက်မှတ်ထိုးခိုင်း
Mar 25, 2026
Cover
Shein Lee အထည်ချုပ် နားရက်မရှိ အချိန်ပိုဆင်းနေရ
Mar 25, 2026
Cover
Myanmar Bestfortune Garment သင်္ကြန်ရက်စားဆင်းခိုင်းပြီး လစာထုတ်ရက် နောက်ဆုတ်
Mar 24, 2026
Cover
Hundred Garment စကားပြန် ဖိနှိပ် ဆက်ဆံနေ
Mar 24, 2026
Cover
ပဲခူး Kfine စက်ရုံ လမ်းလျှောက် အလုပ် လာခိုင်း၊ အနားမပေးဘဲ ဆက်ခိုင်း
Mar 24, 2026