NEWS

Mai Yi Bei Garment အချိန်ပို လုပ်ကိုင်ခိုင်းလို့ ကျန်းမာရေးထိခိုက်၊ မဆင်းပါက အောစူပါက အများရှေ့မှာ ဆဲ

CoverLogo
343 Views
 
Mai Yi Bei Garment စက်ရုံက အချိန်ပို မိုးလင်း ရက်ဆက်ခေါ်ယူလို့ ကျန်းမာရေး ထိခိုက်နေရတယ်လို့လို့ အလုပ်သမားတွေက ပြောပါတယ်။ လူမှုကွန်ရက်မှာ စက်ရုံက အချိန်ပိုတွေ မတရားခေါ်ယူခိုင်းစေတဲ့ သတင်းတွေ ဖော်ပြပြီးနောက် ရက်အနားငယ်သာ အချိန်ပို ရပ်နောက်ပြီးနောက် ညနက် ၁၂ နာရီ၊ မိုးအလင်း ၄ နာရီအထိ အချိန်ပို လုပ်ကိုင်ပေးခဲ့ရတယ်လို့လည်း အလုပ်သမားတွေက ပြောဆိုပါတယ်။
 
“သတင်းတက်လာပြီး နှစ်ရက် သုံးရက်လောက်ပဲ ည၈နာရီအထိ အချိန်ပိုအိုတီခေါ်တော့တယ်။ အဲနောက်မှာ ဒီနေ့အထိ နေ့တိုင်း အောနိုက် ည ၁၂နာရီ၊ မနက်၄နာရီအထိ အချိန်ပိုတွေ ဆင်းရတယ်။ ကျန်းမာ ရေးထိခိုက်ရတယ်။ လူတွေလည်း မျက်လုံးပဲ ကျန်တော့တယ်။”
 
အချိန်ပိုအိုတီတွေ မဆင်းပါက ၊ အောစူပါက မီတင်ခေါ်ပြီး အားလုံးရှေ့မှာ ဆဲဆိုပြီး အရှက်ရအောင် ပြောဆိုတာကြောင့် အလုပ်သမားတွေမှာ အိပ်ရေးမဝတဲ့အပြင် အရှက်ပါရနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
အရှက်လည်းရတယ် အိပ်ရေးမဝဘူး။ တိုင်ကြတာပဲ၊ ဒီလို လုပ်ခိုင်းတာကို HR တွေက မလုပ်ခိုင်းဖို့ပြောလည်း ထုတ်လုပ်ရေးအပိုင်းက အလုပ်ရှိတဲ့ ခေါ်မှရမှာဆိုပြီး finishing အောစူပါက ပြောလို့ HR မန်နေဂျာပါ အလုပ်ထွက်သွားရတယ်။
“အလုပ်ပိတ်ရက်ကြေညာထားတဲ့ ၂၅၊ ၂၆ ရက်ကို အချိန်ပိုခေါ်တယ်။ finishing အောစူပါ ဒေါ် ငြိမ်းငြိမ်းလွင်က အချိန်ပိုအိုတီ မဆင်းထားတဲ့ အလုပ်သမားကို မီတင်ခေါ်ပြီးကိုဆဲမှာ ပြောတယ်၊ သူ့ကိုယ်သူ lawနဲ့ ကျောင်းပြီးထားတယ်။ ဘယ်လို ကောင်လာလာ သူဖြေရှင်းနိုင်လို့ ကြိုက်တဲ့နေရာတိုင် ဆိုပြီး ပြောနေတာ” လို့ ပြောပါတယ်။
 
စက်လိုင်းအတွင်း အထည်စံချိန် အတင်းအကျပ်တောင်းခံပြီး တဲ့ အပြင် ညနက် အချိန်ပိုမဆင်းပါကလည်း အောစူပါနဲ့ စူပါတွေက ဆဲဆိုတယ်လို့ အလုပ်သမားတွေက ပြောထားတာ ပါ။
 
“finishingမှာဆိုလဲ တစ်နာရီ ၇၀ အထိတောင်းတယ်လို့ သိရတဉ်။ စက်လိုင်းမှာလည်း အတူပဲ။ အထည်စံချိန်မရရင်လဲ ဆဲတယ်၊ ညဘက်အချိန်ပိုတွေ မဆင်းရင်လဲ ဆဲဆိုနေတာဆိုတော့ ဒါက ဥပဒေလည်း ချိုးဖောက်တယ်၊ လူ့တယောက်ရဲ့ ဂုဏ်သိက္ခာကိုပါထိခိုက်အောင် ပြုမှုနေတာ” လို့ မြန်မာနိုင်ငံကုန်ထုတ်နှင့် စက်မှုလက်မှု အလုပ်သမားများအဖွဲ့ချုပ် (IWFM) တာဝန်ရှိသူက ပြောပါတယ်။
 
အလုပ်သမားတွေမှာ အရေးပေါ် ဂိတ်ပတ်စ် မရသလို ဥပဒေမှာ ပြဌာန်းထားတဲ့ ရှောင်တခင်ခွင့်၊ လစဥ် ထည့်ဝင်နေတဲ့ လူမှုဖူလုံရေးဆေးခွင့်နဲ့ ခွင့်ရက်ခံစားခွင့် စတာတွေ စက်ရုံဘက်က မပေးဘူးဘဲ့ လုပ်ခလစာ ဖြတ်တောက်တယ်လို့လည်း အလုပ်သမားတွေက ပြောပါတယ်။
 
Mai Yi Bei Garment က ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်၊ဆေးရုံလမ်းနှင့် ပိတောက် လမ်းထောင့်မှာ ဖွင့်လှစ်ထားပြီး တရုတ်နိုင်ငံသားပိုင် စက်ရုံလို့ သိရပါတယ်။ အလုပ်သမား ၈၀၀ ကျော် လုပ်ကိုင်နေပြီး Alcott, TIFFOSI တံဆိပ် အထည်တွေ ချုပ်လုပ်နေတယ်လို့ သိထားပါတယ်။

Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026