NEWS

Mai Yi Bei Garment တွင် အလုပ်သမားများအား အချိန်ဖိအားပေးဆင်းခိုင်း

CoverLogo
712 Views
 
Mai Yi Bei Garment Manufacturing Co.Ltd အထည်ချုပ်စက်ရုံက အလုပ်သမားတွေရဲ့ သဘောဆန္ဒကို မပါဘဲ အောလင်း၊ အောနိုက်များကို ဖိအားပေး လုပ်ကိုင်ခိုင်းနေတယ်လို့ ပြောပါတယ်။
 
“အလုပ်ရှင်က မချုပ်လုပ်နိုင်တဲ့ အထည်စံချိန်တွေ မတရားတောင်းတယ်။ စက်လိုင်းတစ်လိုင်းကို လိုင်းပေါက်အထည် တစ်နာရီ (၆၀)ကျော် တောင်းတာ၊ အဲ့ဒီ အထည် မပေးနိုင်ရင် အောလင်း၊ အောနိုက်တွေ ဆင်းရတော့တာ။” လို့ အလုပ်သမားတွေက ပြောပါတယ်။
 
ပြီးခဲ့တဲ့ မေ ၉ ရက်မှာ စက်ရုံကို အချိန်ပို အလွန်အကျွံခိုင်းလို့ လာရောက်စစ်ဆေးခဲ့ပေမဲ့ စက်ရုံဘက်က အပြောင်းအလဲ မရှိ အောလင်း၊ အောနိုက်တွေ ဆက်ခိုင်းခဲ့တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
စက်ရုံက ဒေးကြေးအထည်ကြေး စက်ရုံဖြစ်ပြီး ခွင့်မပေးဘဲ ရက်ပျက် သတ်မှတ်တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ ရက်ပျက်သတ်မှတ်ပါက အထည်ကြေး အကုန်ဖြတ်ခံရတဲ့ အပြင် ဒေးကြေးနဲ့ ရပိုင်ခွင့်တွေပါ ဖြတ်တောက်ခံရလို့ အလုပ်တစ်ရက်ပျက်ပါက ကျပ် ၅၀၀၀၀ ဝန်းကျင် နစ်နာရတယ်လို့ ပြောပါတယ်။ ဒါ့အပြင် အရေးပေါ်ကိစ္စကြောင့် နေ့တဝတ်နဲ့ အိမ်ပြန်ပါက ရက်မှန် ကြေးကျပ် ၁၀၀၀၀ ဖြတ်တောက်ခံရတယ်လို့လည်း အလုပ်သမားတွေက ပြောပါတယ်။
“အလုပ်သမားတွေ တစ်ခုခုအဆင်မပြေလို့ HR ဌာနကို သွားပြောကြတယ်။ HR က ငါလည်း ဘာမှမလုပ်ပေးနိုင်ဘူး။ တိုင်ချင်တဲ့နေရာသာ တိုင်ကြဆိုပြီး အမြဲပြောပါတယ်။” လို့ ပြောပါတယ်။
 
လုပ်ငန်းခွင် အဝင်အထွက် မှတ်တမ်း ကတ်ရိုက်ရာမှာလည်း မှတ်တမ်းမဝင်လို့ ကျပ် ၃၀၀၀ အဖြတ်ခံရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ စက်ရုံမှအပေါ်ထပ်မှာ လေဝင်လေထွက်မကောင်းတဲ့ အပြင် လေပန်ကာ မရှိတာကြောင့် အလုပ်သမားတွေ ပူးလောင်ဒဏ်ကို အပြင်းအထန်ခံစားရတယ်လို့ သိရပါတယ်။ စက်ရုံ သန့်စင်ခန်းတွေ လုံလောက်မှုမရှိလို့ သန့်ရှင်းမှု မရှိဘူးလို့ အလုပ်သမားတွေက ပြောပါတယ်။ ဒါ့အပြင် အလုပ်သမားများပြားလို့ စက်ရုံ ကြိုပိုယာဉ်တွေက မတင်တော့ဘဲ ထားခဲ့တာကြောင့် ကိုယ်ပိုင် အစီအစဉ်နဲ့ အိမ်ပြန်ရတာတွေလည်း ရှိတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
Mai Yi Bei Garment Manufacturing Co.Ltd က ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန် ၊ ဆေးရုံလမ်းမှာ ရှိပြီး တရုတ်နိုင်ငံသားပိုင် စက်ရုံဖြစ်ပါတယ်။ စက်ရုံမှာ လုပ်သား ၇၀၀ ကျော်ရှိပြီး RESERVED တံဆိပ်အထည်တွေ ချုပ်လုပ်နေတယ်လို့ သိထားပါတယ်။

Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026