NEWS

Mai Yi Bei Garment စက်ရုံ အချိန်ပို နာရီ ကွာခြားမှုနှင့် ဘက်လိုက်မှုကြောင့် လုပ်ခလစာ နစ်နာ

CoverLogo
643 Views

Mai Yi Bei Garment Manufacturing Co.Ltd အထည်ချုပ် စက်ရုံဘက်က အချိန်ပိုနာရီ ကွာခြားမှုတွေကို တာဝန်ယူဖြေရှင်းပေးတာမရှိတဲ့အပြင် တာဝန်ရှိသူ ခေါင်းဆောင်တွေရဲ့ ဘက်လိုက်မှုတွေကြောင့် အလုပ်သမားတွေ မှာ လုပ်ခလစာ နစ်နာနေရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ 

“အလုပ်သမားတွေ တစ်လလုံး အလုပ်ဆင်းပြီး ဆင်းရတဲ့ အချိန်ပို အိုတီနာရီတွေနဲ့ အလုပ်ရှင်ဘက်က ပေးတဲ့ ot နာရီကွာနေရင်လဲ တာဝန်ယူပြီး ဖြေရှင်း ပေးတာမရှိဘူး။ ဘယ်သူကိုမှာလည်း  သွားပြောလို့ မရဘူး။ အလုပ်ရှင်က ဒေးကြေးထောက်ပံ့ကြေး ကျပ် ၁၀၀၀၀  ပေးမယ်ဆိုပြီး လစာထုတ်တော့ အဲဒီ ၁၀၀၀၀ ကို အပြည့်တွက် မပေးဘူး။ ရုံးပေါ်ကို သွားမေးတော့လဲ သေချာလဲ ရှင်းမပြဘူး။ အဲလို မပေးလဲ အလုပ် တစ်ရက် ပျက်ရင် ဖြတ်လိုက်တာက လေးငါးခြောက်သောင်း ဖြတ်တာ။” လို့ အလုပ်သမားတွေက ပြောပါတယ်။ 

အချိန်ပို တဆက်တည်းလုပ်ကိုင်ရပြီး လက်ရှိ ည ၇ နာရီခွဲအထိ လုပ်ကိုင်နေရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ စက်ရုံဘက်က အရေးတကြီး ဂိတ်ပတ်တောင်းလည်း မရသလို၊ ခေါင်းဆောင်တွေ စူပါတွေရဲ့ဘက်လိုက်မှုက လုပ်ခလစာတွေ နစ်နာရတယ်လို့ အလုပ်သမားတဦး က ပြောပါတယ်။

“ အလုပ်အတူတူ ၊ အထည် အတူတူရတာကို၊ လစာကြတာ့ စူပါတွေရဲ့ အမျိုးတွေ၊  စူပါတွေနဲ့ အဆင်ပြေတဲ့ သူတွေ ဆိုရင်  တစ်သိန်းလောက် ပိုရကြတယ်။  ခွဲခြားတာတွေကဆို ထမင်းစားဆောင်ခုံ မလုံလောက်လဲ HR က လုပ်မပေးဘူး။ ဒါ့ထက်ဆိုးတာ  လုပ်သက် ခြောက်လကျော်တာတောင်  EC စာချုပ် ချုပ်မပေးဘူး။” လို့ ပြောပါတယ်။   

စက်ရုံဘက်က ဥပဒေပါ ခွင့်တွေမပေးတာ၊  အလုပ်ပျက်ပါက ဒေးကြေး ကျပ် ၁၀၀၀၀၊ ရက်မှန်ကြေး ကျပ် ၁၀၀၀၀ ဖြတ်တောက်ခံရပြီး  အသက်မပြည့်‌တဲ့ လူရွယ်လုပ်သားတွေကို တန်းတူခိုင်းစေနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

“လူငယ်၊ လူရွယ် အလုပ်သမား ၁၄၊၁၅၊၁၆ အရွယ်တွေ  ၅၀ကျော်ကို ခိုင်း‌နေတယ်။ နေ့စားလုပ်သားတွေဆို  ဒေးကြေးပဲရတယ်။  ရက်မှန်ကြေး၊ ထောက်ပံ့ကြေး၊ တနင်္ဂနွေနေ့ တွေ အတွက် မရကြဘူး။”လို့ အလုပ်သမားတွေက ပြောပါတယ်။   

Mai Yi Bei Garment Manufacturing Co.Ltd အထည်ချုပ်က တရုတ်နိုင်ငံသားပိုင်ဆိုင်ပြီး အလုပ်သမား ၁၂၀၀ လောက် လုပ်ကိုင်နေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ စက်ရုံရဲ့ ချိုးဖောက်မှုတွေကြောင့် အလုပ်သမားတွေဘက်က မကြာခဏ တိုင်ကြားကြပေမဲ့ ချိုးဖောက်မှုတွေ ဆက်ရှိနေတာလို့  မြန်မာနိုင်ငံကုန်ထုတ်နှင့်စက်မှုလက်မှု အလုပ်သမားများ အဖွဲ့ချုပ်(IWFM) ဆီက သိရပါတယ်။ 

ချိုးဖောက်မှုတွေ ရှိနေတဲ့ Mai Yi Bei Garment Manufacturing Co.Ltd စက်ရုံက ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်၊ ပိတောက်လမ်းမှာ  ဖွင့်လှစ်ထားပြီး  GIORDANO ၊ RESERVED စတဲ့ တံဆိပ်တွေချုပ်လုပ်တယ်လို့ အလုပ်သမားတွေက ပြောဆိုထားပါတယ်။  


Related posts

Cover
Myanmar Handsome မန်နေဂျာ လုပ်အားခ ခေါင်းပုံဖြတ်
Aug 07, 2026
Cover
Yuan Hong Garment မှာ အပတ်တိုင်း အချိန်ပို ခိုင်းခွင့် အလုပ်သမားရုံး ဦးစီးမှူး ကိုယ်တိုင် ခွင့်ပြုပေးထား
Aug 07, 2026
Cover
New Zhoung Hui အထည်ချုပ် စနေ့နေ့ အလုပ်ဆင်းခိုင်းပြီး အချိန်ပိုကြေးမပေး
Aug 07, 2026
Cover
Jin chang Myanmar အထည်ချုပ် စံချိန်မရလို့ တနင်္ဂနွေပိတ်ရက်ပါ အလုပ်ဆင်းခိုင်း
Aug 05, 2026
Cover
Spring Moon Garment Co,Ltd အထည်ချုပ်လုပ်သားတွေ လုပ်ခတိုးမြှင့်ပေးရန်တောင်းဆိုနေ
Aug 05, 2026
Cover
SHWE MYINN စက်ရုံ အချိန်ပို မဆင်းနိုင်ပါက အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Aug 05, 2026
Cover
Victory Myanmar အထည်ချုပ် အချိန်ပို မနက် ၃ နာရီအထိ တစ်ပတ် လေးရက် ခေါ်ခိုင်း
Aug 05, 2026
Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026