NEWS

Mai Yi Bei အထည်ချုပ်စက်ရုံ အလုပ်သမားများအား ဖိအားပေး အချိန်ပို လုပ်ကိုင်ခိုင်း

CoverLogo
283 Views
ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်၊ ဆေးရုံလမ်းက Mai Yi Bei Garment Manufacturing စက်ရုံမှာ နားချိန်မပေးဘဲ ညနက် အချိန်ပိုတွေကို လုပ်ကိုင်နေရတယ်လို အလုပ်သမားတွေက ပြောပါတယ်။
 
"တစ်ပတ်လုံး ည ၁၀ နာရီခွဲအထိ ဆင်းပေးရတယ်။ တစ်ပတ်ကို မိုးလင်းအထိ သုံးရက်လောက် ခေါ်ခိုင်းတော့ ကြာတော့ မခံနိုင်ကြတော့ဘူး။" လို အလုပ်သမားတစ်ဦးက ပြောပါတယ်။
 
မနက် ၈ နာရီမှာ စတင်အလုပ်ဝင်ရပြီး နေ့လည် ထမင်းစားချိန် နာရီဝက်သာ ခွင့်ပြုပေးထားတယ်လို ပြောပါတယ်။ ဒါ့အပြင် ည ၉ နာရီခွဲ၊ ၁၀ နာရီခွဲအထိ အချိန်ပို (OT) ကို အမြဲတမ်း မဆင်းမနေရ စက်ရုံဘက်က ခေါ်ခိုင်းနေတာလို့လည်း သိရပါတယ်။
 
အချိန်ပို OT ကို မဆင်းပါက အော်စူပါ (OS) နဲ့ စူပါတွေက အလုပ်ထွက်ဖို ဖိအားပေးပြီး၊ လုပ်ငန်းခွင် အစည်းအဝေးတွေမှာပါ နာမည်တပ် ဆဲဆို အလုပ်ကနေ ထုတ်ပယ်မယ်ဆိုပြီး ခြိမ်းခြောက် ပြောဆိုတယ်လို့လည်း အလုပ်သမားတွေက ပြောပါတယ်။
 
"အချိန်ပို OT မဆင်းပေးရင် အောစူပါ၊ စူပါတွေက အလုပ်ကထွက်ဖို ဖိအားပေးတယ်။ မီတင်မှာ နာမည်တပ် ပြီး ဆဲဆိုတာတွေ၊ အလုပ်ကထွက်အောင် ခြိမ်းခြောက်တာတွေ လုပ်ခံရတယ်။" လို့ ပြောပါတယ်။
 
မိုးအလင်း အချိန်ပိုဆင်းပေးပြီး နောက်နေ့တွေမှာ အနားမပေးတဲ့အပြင် ကျန်းမာရေးကြောင့် ဂိတ်ပတ်စ်နဲ့ ပြန်လာပါကလည်း အလုပ်ပျက်တယ်ဆိုပြီး ရက်မှန်ကြေးနဲ့ ဒေးကြေးတွေ ဖြတ်တောက်ခံရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“စက်ရုံက ခွင့်ရက်တွေလည်း မပေးဘူး။ ခွင့်အတွက် ခံစားခွင့်လည်းမရဘူး။ နေမကောင်းလို ခွင့်တိုင်ရင် ရက်ပျက် လုပ်တယ်။ ရက်မှန်ကြေး ကျပ် ၁၀,၀၀၀ ၊ ဒေးကြေး ၁၁,၀၀၀ နှစ်မျိုးဖြတ်တယ်။ နေ့စား အလုပ်သမား ၅၀ လောက်ရှိတယ်။ သူတိုဆို လုပ်သက် ၃ လပြည့်လည်း အမြဲတမ်း ခန့်မပေးဘူး။ အလုပ်ဆင်းမှ လုပ်ခရတော့ ပိုပြီး နစ်နာတာပေါ့။ “ လို့ပြောပါတယ်။
 
အောစူပါ တစ်ဦးက အလုပ်သမားတွေကို ဖိနှိပ်ဆဲဆိုပြီး အလုပ်ထွက်အောင် ဖိအားပေးတဲ့ အပြင် နိုင်ငံခြားသား အလုပ်သမားတွေကပါ ရိုင်းဆိုင်းတဲ့ အပြုအမူတွေနဲ့ ခိုင်းစေခံရတယ်လို အလုပ်သမားတွေက ပြောပါတယ်။
"တရုတ်နိုင်ငံသားတွေကလည်း တိုက်ရိုက်ပြောဆိုတာ၊ ခြေထောက်နဲ့ပြတာတွေ ခိုင်းစေတာတွေ ရှိနေတယ်။" လို့ပြောပါတယ်။
 
Mai Yi Bei စက်ရုံက ရွှေလင်ဗန်းစက်မှုဇုန်တွင် "ခေါင်သုံးလုံး" ဟု နာမည်ကြီးပြီး အလုပ်သမားတွေကို ခေါင်းပုံ ဖြတ်၊ ဖိအားပေးခိုင်းစေရာမှာ အမည်ကျော်ကြားနေတယ်လို အလုပ်သမားတွေက ပြောပါတယ်။ ဒါကြောင့် လုပ်ငန်းခွင်ပြဿနာတွေကို မည်သည့်အဖွဲအစည်းသို တိုင်ကြားသည်ဖြစ်စေ စက်ရုံဘက်က လာဘ်ပေးဖြေရှင်းလို့ အမှန်တရား ပေါ်ပေါက်ခြင်းမရှိတာကြောင့် အလုပ်သမားတွေက နစ်နာနေရတယ်လို့ အလုပ်သမားတွေဘက်က ပြောထားပါတယ်။
 
"လုပ်ငန်းခွင် ပြဿနာအခက်အခဲတွေကို ဘယ်အဖွဲအစည်းကို တိုင်တိုင် စက်ရုံက လာဘ်ပေးပြီး ဖြေရှင်းနေတော့ အမှန်မပေါ်ပေါက်တာ ဖြစ်နေပါတယ်။" လို ပြောပါတယ်။
 
စက်ရုံမှာ WCC အဖွဲအစည်းထားတယ်လို ပြောထားပေမဲ့ အလုပ်သမားတွေ သိရှိရတာမရှိတဲ့အတွက် အသုံး မဝင်ဘဲ အလုပ်ရှင်အတွက်တော့ အသုံးတည့်နေတယ်လို့လည်း ပြောပါတယ်။
 
Mai Yi Bei အထည်ချုပ်စက်ရုံမှာ အလုပ်သမား ၁,၀၀၀ ကျော် လုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသားပိုင် စက်ရုံလို သိရပါတယ်။ အဓိက ချုပ်နေတဲ့ အထည်တွေကတော့ Alcott နှင့် Defacto အမှတ်တံဆိပ်တွေ ဖြစ်ပါတယ်။ 
 
 

Related posts

Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026
Cover
Myanmar Zhen Xiang Garment တပတ် နာရီ ၂၀ ကျော် အချိန်ပိုဆင်းခိုင်း ဖယ်ရီမပေးဘဲ ဆဲဆို
Jun 07, 2026
Cover
Casico Garment တွင် နှစ်လုံးရောင်းချသူ ဖုန်းအား မသိမ်းဘဲ၊ အလုပ်သမား ဖုန်း အားလုံး သိမ်းဆည်း
Jun 07, 2026
Cover
Saifeom International အထည်ချုပ် လျှစ်စစ် အန္တရာယ်နှင့် ကြုံတွေ့နေရ
Jun 07, 2026