NEWS

Made စီမံချက်အား MICS အလုပ်သမားအဖွဲ့ချုပ် ပူးပေါင်းဆောင်ရွက်မှုမရှိကြောင်း ထပ်မံထုတ်ပြန်

CoverLogo
739 Views

MADE စီမံချက်နဲ့ ပူးပေါင်းဆောင်ရွက်မှာ မဟုတ်ဘူးလို့ ဒီနေ့ ဇွန် ၁၂ ရက်မှာ မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ဝန်ဆောင်မှု လုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်က (MICS- TusF-Myanmar)က ထပ်မံ ကြေညာပါတယ်။ 

MADE စီမံချက်ကို ဥပရောပသမဂ္ဂ EU ရဲ့ ပံပိုးမှုနဲ့ Seaqua ၊  EuroCham စတဲ့ ဥပရောပနိုင်ငံတွေရဲ့ အလုပ်ရှင် အဖွဲ့အစည်းတွေက အကောင်အထည် ဖော်ဆောင်ရွက်နေတာ  ဖြစ်ပါတယ်။

စီမံချက်မှာ အလုပ်သမားတွေကို ကိုယ်စားမပြုတဲ့ အဖွဲ့အစည်း NGO တွေက အလုပ်သမားတွေနဲ့ ကုန်အမှတ် တံဆိပ်တွေ၊ အလုပ်ရှင်တွေကြားမှာ ပေါင်းကူးအခန်းကဏ္ဍအနေနဲ့ လုပ်ဆောင်နေပြီး MADE initiative က အကြံပြုထားတဲ့အတိုင်း မကျေနပ်ချက်ကိုင်တွယ်မှု စနစ်ကို ဖော်ဆောင်နေတာကိုလည်း MICS အလုပ်သမား အဖွဲ့ချုပ်က ကန့်ကွက်ထားပါတယ်။ 

အလုပ်သမားကိုယ်စားမပြုတဲ့ NGO ရဲ့ လုပ်ဆောင်မှုတွေက အလုပ်သမားတွေရဲ့ အခွင့်အရေးကို ခြယ်လှယ်သွား  နိုင်ပြီး အလုပ်သမားအတုအယောင်တွေကို ကိုယ်စားပြုနိုင်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ခက်ခဲတဲ့ နိုင်ငံရေးအခြေအနေအောက်မှာ MICS-TusF အနေနဲ့ လည်ပတ်ဆဲ စက်ရုံအလုပ်သမားတွေရဲ့ ရပိုင်ခွင့်၊ နိုင်ငံက ထွက်ခွာမဲ့ ကုန်အမှတ်တံဆိပ်ချုပ် စက်ရုံက အလုပ်သမားတွေရဲ့ ရပိုင်ခွင့်တွေကို ညှိနှိုင်းပေးသွားမှာ ဖြစ်တယ်လို့ ကြေညာထားပါတယ်။ အလုပ်သမားတွေရဲ့ အမှုကိစ္စတွေမှာလည်း ကုန်အမှတ်တံဆိပ်၊ Suppliers ၊ အလုပ်ရှင်တွေနဲ့ တိုက်ရိုက် ညှိနှိုင်းဆောင်ရွက်ပေးမှာ ဖြစ်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

လက်ရှိ မြန်မာနိုင်ငံက အလုပ်သမားတွေမှာ လုပ်ခလစာနည်းပါးသလို နေ့စဉ်သတ်မှတ်ထားတဲ့ အထည် စံနှုန်း တွေ ပြည့်မီရေးအတွက် လုပ်ခလစာမရဘဲ အချိန်ပိုအပါအဝင် နာရီပေါင်းများစွာ အလုပ်လုပ်နေရသလို အလုပ်နဲ့ အိမ်အပြန်ခရီးအတွက် ဘေးကင်းရေးဟာလည်း ခြိမ်းခြောက်ခံနေရတယ်လို့ MICS အဖွဲ့ချုပ်က ထုတ်ပြန်ထား ပါတယ်။ 


Related posts

Cover
Myanmar Handsome မန်နေဂျာ လုပ်အားခ ခေါင်းပုံဖြတ်
Aug 07, 2026
Cover
Yuan Hong Garment မှာ အပတ်တိုင်း အချိန်ပို ခိုင်းခွင့် အလုပ်သမားရုံး ဦးစီးမှူး ကိုယ်တိုင် ခွင့်ပြုပေးထား
Aug 07, 2026
Cover
New Zhoung Hui အထည်ချုပ် စနေ့နေ့ အလုပ်ဆင်းခိုင်းပြီး အချိန်ပိုကြေးမပေး
Aug 07, 2026
Cover
Jin chang Myanmar အထည်ချုပ် စံချိန်မရလို့ တနင်္ဂနွေပိတ်ရက်ပါ အလုပ်ဆင်းခိုင်း
Aug 05, 2026
Cover
Spring Moon Garment Co,Ltd အထည်ချုပ်လုပ်သားတွေ လုပ်ခတိုးမြှင့်ပေးရန်တောင်းဆိုနေ
Aug 05, 2026
Cover
SHWE MYINN စက်ရုံ အချိန်ပို မဆင်းနိုင်ပါက အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Aug 05, 2026
Cover
Victory Myanmar အထည်ချုပ် အချိန်ပို မနက် ၃ နာရီအထိ တစ်ပတ် လေးရက် ခေါ်ခိုင်း
Aug 05, 2026
Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026