NEWS

Lucky Top Myanmar အထည်ချုပ်စက်ရုံ ဖိအားပေး အချိန်ပို ဆင်းခိုင်း

CoverLogo
360 Views
 
Lucky Top Myanmar အထည်ချုပ်စက်ရုံက ည ၁၂ နာရီအထိ အချိန်ပို လုပ်ကိုင်ခိုင်းတဲ့ အပြင် စနေနေ့တွေမှာ အောလင်း ဆင်းခိုင်းနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ အချိန်ပိုမဆင်းပါက ဖိအားပေးပြီး သတိပေးလက်မှတ်ထိုးခိုင်း အလုပ်ထုတ်တဲ့အထိ စက်ရုံဘက်က အရေးယူနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“ညနက် အချိန်ပိုလုပ်ခိုင်းတာ ၁၀ လပိုင်းကတည်းက အဓိကလုပ်ရတာက Finishing ပိုင်းက အလုပ်သမား တွေပါ။ အခုဆို ကျန်းမာရေးမကောင်းကြဘူး။ အဲဌာနက အိုင်းယွန်းစူပါနဲ့ ပတ်ကင်း အောစူပါ တို့ နှစ်ယောက် ကိုလည်း အလုပ်သမားတွေ ဘက် က ပြောပေးလို့ဆိုပြီး အလုပ်ထုတ်ထားတယ်။ ” လို့ အလုပ်သမားတွေက ပြောပါတယ်။
 
စက်ရုံမှူးက အထည်စံချိန်တွေ မပြည့်လို့ဆိုပြီး အချိန်ပို ဆင်းခိုင်းတာလို့ ပြောဆိုပြီး စံချိန်မပြည့်လို့ သတိပေး လက်မှတ်ထိုးခိုင်းခဲ့တာလို့ အလုပ်သမားတွေက ပြောပါတယ်။ အထည်စံချိန်ကို နဂို တစ်နာရီ ၂၅ ထည် သတ်မှတ် ထားပေမဲ့ လက်ရှိ အထည် ၄၀ အထိ တိုးတောင်းတာက အလုပ်သမားတွေရဲ့ လုပ်နိုင်စွမ်းထက် ကျော်လွန်နေပြီလို့ ပြောပါတယ်။ အချိန်ပိုဆင်းရပေမဲါ အိမ်အပြန် ကြိုပို့ယာဉ် စီစဉ်မပေးလို့ အလုပ်သမားတွေမှာ ကုန်ကျရစာရိတ် ပိုမိုကုန်ကျရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“အချိန်ပိုဆင်းရရင် နောက်နေ့ပါဆက်ဆင်းရတယ်။ မနက်ပြန်ဖို့ ဖယ်ရီတွေ စီစဉ်မပေးတော့ စားသောက်ဖို့က ကိုယ့်ဘာသာ ကိုယ် ဝယ်စားရတယ်။ ထမင်းဖိုးကို အရင်က ၄၀၀၀ ၊ အခု ၂၀၀၀ ပဲ စက်ရုံက ပေးတော့ မလောက်တော့ဘူး။ အရင်ကဆို အပြန်အတွက် ကားခပေးတယ်။ အခုတော့ မပေးတော့ဘူး။ ကြိုပို့စိစဉ်ပေးတယ်ဆိုတာတစ်စီးတည်း ဆိုတော့၊ အလုပ်ပြန်ဝင်ဖို့က ဘယ်လိုမှ မဖြစ်နိုင်တော့ဘူး။ လမ်းစာရိတ်နဲ့ အိုတီခရတာနဲ့ဆို လူပဲ ပင်ပန်းရတာ။ ” လို့ ပြောပါတယ်။
အလုပ်ချိန်မှာ အချိန်ပိုအပါ မနက် ၈ နာရီကနေ ညနေ ၆ နာရီခွဲအထိ လုပ်ကိုင်ရပြီး နားချိန်မရဘဲ တဆက်တည်း လုပ်ကိုင်ပေးရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ အောနိုက်ဆင်းချိန်တွေမှာ ၁၅ မိနစ်နားချိန်ရပြီး အော်လင်း ဆင်းရတဲ့ နေ့မှာ ည ၁၂ နာရီမှ တစ်ကြိမ်ပေးနားတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ ညနက်အချိန်ပိုတွေ လုပ်ကိုင်ရလို့ အလုပ်သမားတွေမှာ ကျန်းမာရေးပြဿနာတွေ ကြုံတွေ့ပေမဲ့ စက်ရုံဘက်က ခွင့်မပေးဘဲ အလုပ်ထုတ်ကနေ ထုတ်ပယ်တယ်လို့ အလုပ်သမားတဦးက ပြောပါတယ် “ခွင့်လည်း မပေးဘူး။ ဆေးခွင့်တောင်မရပါဘူး။ နေမကောင်းရင်မလာနဲ့ တခါတည်း အလုပ်ထုတ်တယ်.” လို့ ပြောပါတယ်။
 
စက်ရုံမှာ ညနက် အချိန်ပိုပြီးပါက လုပ်ငန်းခွင်မှာ လျှပ်စစ်မီးတွေပိတ်ထားလို့ ကောင်းမွန်စွာ အိပ်မရဘူးလို့လည်း သိရပါတယ်။ လုပ်ငန်းခွင် ညှိနှိုင်းရေးကော်မတီ WCC မှာ စက်ရုံ အုပ်ချုပ်ရေးပိုင်းနဲ့ နီးစပ်သူတွေပဲ ပါဝင်လို့ ကူညီတောင်းဖို့လည်း ခက်ခဲ့နေတာလို့ အလုပ်သမားတွေက ပြောပါတယ်။
 
“ WCC ကို သွားပြောရင် ‘မန်နေဂျာ ပြောတိုင်းလုပ်၊ HR မန်နေဂျာက အဲလို ပြောထားတယ်လို့’ ပြောတယ်၊ သွားတိုင်ရင် နောက်တနေ့ တိုင်တဲ့သူကို ခေါ်ပြီး သတိပေးလက်မှတ်ထိုးခိုင်းတော့တာ.” လို့ ပြောပါတယ်။
 
လုန်းငန်ခွင် အခက်အခဲတွေကို HR မန်နေဂျာ အမျိုးသမီးကို ပြောပြပေမဲ့ ခေါင်းဆောင်တွေ စကား နားမထောင်ပါက အလုပ်ထုတ်ခံရမယ်ဆိုတာပဲ ပြန်ပြောနေတယ်လို့ အလုပ်သမားတွေက ပြောထားပါတယ်။
 
Lucky Top Myanmar က အရှေ့ဒဂုံမြို့နယ်၊ အရှေ့ဒဂုံစက်မှုဇုန်၊ ဖန်ချက်ဝန် ဦးမြူလမ်းမှာ ရှိပြီး အလုပ်သမား ၉၀၀ ဝန်းကျင်လုပ်ကိုင်နေတယ်လို့ သိထားပါတယ်။ လက်ရှိ ဂျပန်အထည်တွေကို လက်ခစားချုပ်လုပ်ပေးနေပြီး စက်ရုံပိုင်ရှင်ကတော့ တရုတ်အမျိုးသားဖြစ်တယ်လို့ အလုပ်သမားတွေက ပြောထားပါတယ်။

Related posts

Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026
Cover
Myanmar Zhen Xiang Garment တပတ် နာရီ ၂၀ ကျော် အချိန်ပိုဆင်းခိုင်း ဖယ်ရီမပေးဘဲ ဆဲဆို
Jun 07, 2026
Cover
Casico Garment တွင် နှစ်လုံးရောင်းချသူ ဖုန်းအား မသိမ်းဘဲ၊ အလုပ်သမား ဖုန်း အားလုံး သိမ်းဆည်း
Jun 07, 2026
Cover
Saifeom International အထည်ချုပ် လျှစ်စစ် အန္တရာယ်နှင့် ကြုံတွေ့နေရ
Jun 07, 2026
Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026