NEWS

Lita Myanmar အထည်ချုပ် စနေနေ့အတွက်ဆိုပြီး အချိန်ပိုနာရီမှ ဖြတ်ယူ

CoverLogo
453 Views
 
Lita Myanmar Co.,Ltd ပိုင် အထည်ချုပ်စက်ရုံက စနေနေ့ ပိတ်ရက်အတွက်ဆိုပြီး အချိန်ပိုလုပ်ကိုင်ထားတဲ့ အလုပ်ချိန်တွေကို ဖြတ်ယူနေတယ်လို့ မြန်မာနိုင်ငံ ကုန်ထုတ်နှင့်စက်မှုလက်မှုအလုပ်သမားများအဖွဲ့ချုပ် (IWFM) ကို အလုပ်သမားတွေက ပြောပါတယ်။
 
“စနေနေ့တွေ အလုပ်ပိတ်ပေးတယ်ဆိုပြီး ဒေးကြေး မပေးပါဘူး ၊ စနေနေ့ ပိတ်ပေးတဲ့ အစားကို အချိန်ပို အိုတီ ဆင်းထားတဲ့ နာရီတွေထဲက ပြန်နုတ်ပါတယ်” လို့ အမျိုးသမီး အထည်ချုပ် အလုပ်သမားတဦးက ပြောပါတယ်။
သီတင်းကျွတ်ပိတ်ရက်၊ တန်ဆောင်တိုင်ပိတ်ရက်တွေမှာလည်း အချိန်ပို လုပ်ကိုင်ပေးရတယ်လို့ လည်း အလုပ်သမားတွေပါတယ်။ ဝန်ကြီးဌာနက တိုးမြှင့်ပေးဖို့ ညွှန်ကြားထားတဲ့ ကျပ်သုံးသောင်းကို အလုပ်သမားတွေ ခံစားခွင့်မရဘူးလို့လည်း အလုပ်သမားတွေက ပြောပါတယ်။
 
“နောက်ဆုံးတိုးပေးတဲ့ သုံးသောင်းတိုးပေးဖို့ ပြောတော့၊ “၇၈၀၀ကျပ် ထက်ပိုပေး ထားတာမို့၊ အရင်ပေးထားတဲ့ ၉၂၀၀ကျပ်ထဲက တိုင်တစ်တိုင် နောက်ဆုတ်လိုက်ရင် ပေးထားသလို ဆိုပြီး အလုပ်ရှင်ဘက်က အကြောင်းပြချက်ပေးပါတယ်၊ “ လို့ ပြောပါတယ်။
 
လက်ရှိ တစ်လလုံး အလုပ်တစ်ရက်မှမပျက်ဘဲ အလုပ်ဆင်းခဲ့ပေမဲ့ ကျပ် ၅သိန်း အပြည့်မရလို့ အလုပ်သမား တွေ အဆင်မပြေဖြစ်နေတယ်လို့လည်း အလုပ်သမားတွေကြပြောပါတယ်။ ခွင့်တိုင်ပေမဲ့ ခွင့်မပေးဘဲ အလုပ်ပျက်လို့ဆိုပြီး မီးပူဌာနက ကြီးကြပ်ရေးမှူးကို အလုပ်က ထုတ်ပယ်ခဲ့တယ်လို့လည်း အလုပ်သမားတွေက ပြောပါတယ်။
 
“ဥပဒေမဲ့ အလုပ်က ထုတ်တယ်။ အဲ့တယောက်က လုပ်သက်ဆို၁၀နှစ် ကျော်ရှိတာ နစ်နာကြေးလည်းမပေးဘဲ ထုတ်တယ်။ ခွင့်တိုင်တာကိုလဲ ခွင့်မပေးဘူး။ အခုဆို အချိန်ပိုအဆင်းခင် မုန့်ထွက်စားလို့ရတယ်၊ အခုတော့ အဲလို စားမရတော့ဘူး။ အလုပ်သမားတွေ ဗိုက်အောင့်ဘာအောင့်ဖြစ်ကြတယ်” လို့ အလုပ်သမားတဦးက ပြောပါတယ်။
 
အလုပ်တစ်ရက်ပျက်လို့ ရက်မှန်ကြေး၂၀၀၀၀ကျပ်၊ ဒေးကြေး ၉၂၀၀ ၊ နှစ်ရက်ပျက်ပါက ရက်မှန်ကြေး ၄၀၀၀၀ နဲ့ ဒေးကြေး အဖြတ်ခံရတဲ့ အပြင် အလုပ်နောက်တာ၊ ဂိတ်ပါတ်စ် ယူတာတွေကို ရက်မှန်ကြေး ကျပ် ၁၀၀၀၀ အထိ ဖြတ်ခံရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
စက်ရုံပိုင်ရှင် အမျိုးသမီး လုပ်ငန်းခွင်အတွင်း ရှိနေပါက အလုပ်သမားတွေ ရေသောက်မရ၊ အပေါ့အပါး သွားမရဘူးဆိုပြီး ကန့်သတ်တဲ့ ထားတယ်လို့ သိရပါတယ်။
 
“တစ်နေကုန် မတ်တပ်ရပ်ပြီး စက်ရုံကို လိုက်ကြည့်တယ်။ အလုပ်သမားတွေ ဘာမှ ထပြီးလုပ်မရတော့ဘူး။ ကားပြောတာတွေ့ရင် စူပါအောစူပါတွေကို ခေါ်ပြီး ဆူခိုင်းပါတယ်” လို့ အလုပ်သမားတွေက ပြောပါတယ်။
 
စက်ရုံ လုံခြုံရေးဝန်ထမ်းတွေက လုပ်ငန်းခွင်အတွင်း လိင်ပိုင်းဆိုင်ရာစော်ကားမှုတွေ ပြုလုပ်တဲ့အပြင် အလုပ်သမားတွေကို မှတ်တမ်းဓါတ်ပုံ ရိုက်ကူးတာတွေပါ ပြုလုပ်တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“လုံခြုံရေးတွေက အလုပ်ထဲဝင်တာနဲ့ ထမင်းချိုင့်၊ အိတ်တွေ စစ်တယ်၊ ချိုင့်ထဲကိုပါ ဖွင့်ပြီး စစ်တယ်။ ခန္ဓာကို တစ်ကိုယ် လုံး ကိုင်ပြီးတော့ နေရာအနှံ လိုက် စစ်ဆေးတယ်။ အလုပ်စကတည်းက ထမင်းစားနားချိန်ရော ညနေနားတဲ့အချိန်ထိပါ အလုပ် သမားတွေကို ဓာတ်ပုံရိုက်တာက အိမ်သာတွေအထိ လိုက်ရိုက်နေတာ” လို့ အလုပ်သမားတဦးးက ပြောပါတယ်။
 
Lita Myanmar Co.,Ltd အထည်ချုပ်စက်ရုံက ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်၊ ရွှေပြည်သာစက်မှူဇုန်(၄)၊ စက်ဆရာဦးထွန်းလမ်းမှာ ဖွင့်လှစ်ထားပြီး တရုတ်နိုင်ငံသားပိုင် စက်ရုံလို့ အလုပ်သမားတွေက ပြောပါတယ်။ စက်ရုံမှာ အလုပ်သမား ၈၀၀ကျော် လုပ်ကိုင်နေပြီး Mandai, Tsdesign, Classico, Servo တံဆိပ်အထည်တွေ ချုပ်လုပ်နေတယ်လို့ သိထားပါတယ်။
 

Related posts

Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026
Cover
Myanmar Zhen Xiang Garment တပတ် နာရီ ၂၀ ကျော် အချိန်ပိုဆင်းခိုင်း ဖယ်ရီမပေးဘဲ ဆဲဆို
Jun 07, 2026
Cover
Casico Garment တွင် နှစ်လုံးရောင်းချသူ ဖုန်းအား မသိမ်းဘဲ၊ အလုပ်သမား ဖုန်း အားလုံး သိမ်းဆည်း
Jun 07, 2026
Cover
Saifeom International အထည်ချုပ် လျှစ်စစ် အန္တရာယ်နှင့် ကြုံတွေ့နေရ
Jun 07, 2026
Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026