NEWS

LITA MYANMAR အထည်ချုပ် ခွင့်မဲ့ သတ်မှတ် အလုပ်ထုတ်နေ

CoverLogo
119 Views
 
LITA MYANMAR Co.,ltd ပိုင် အထည်ချုပ်စက်ရုံမှာ ခွင့်တိုင်ပေမဲ့ ရက် ရက်ပျက်သတ်မှတ်ပြီး အလုပ်ထုတ် နေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ ခွင့်မတိုင်လို့ ရက်ပျက်သတ်မှတ် အလုပ်ထုတ်တာက လက်ခံ နိုင်ပေမဲ့ အခုလို အလုပ်ထုတ်က ဥပဒေချိုးဖောက်ဖြစ်လို့ အလုပ်သမားတွေအတွက် နစ်နာနေရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“ခွင့်ရက်တွေနဲ့ ခွင့်အတွက် ခံစားခွင့်လည်းမရဘူး။ ခွင့်တိုင်လဲ ခွင့်မဲ့ လို့သာသတ်မှတ်တယ်၊ ဒေးကြေး ဖြတ်တယ် ။ လတိုင်း လူမှုဖူလုံ ရေးကြေထည့်ထားတယ်။ ဖူလုံရေးဆေးခန်းပြလို့ လူမှုဖူလုံရေးက ဆေးခွင့် ပေးထားတယ်၊ လူမှုဖူလုံရေးရုံးက ပိုက်ဆံမရလို့ပြောပြီး အလုပ်ရှင်က ဒေးကြေး ၉၂၀၀ နဲ့ ရက်မှန်ကြေး ၃၀၀၀၀ ဖြတ်တယ်။ အခုက ခွင်တိုင်ပဲ ပျက်ပျက် ခွင့်မတိုင်ဘဲပျက်ပျက် သုံးရက် အလုပ်မလာတာနဲ့ အလုပ်က ထုတ်တယ်။ ခွင့်တိုင် ပြီး အလုပ်ထုတ်နေတာက နစ်နာတာပါ.” လို့ ပြောပါတယ်။
 
မြန်မာနိုင်ငံရဲ့ အလုပ်သမားဥပဒေ (၁၉၅၁ ခုနှစ် ခွင့်ရက်နှင့် အလုပ်ပိတ်ရက် အက်ဥပဒေ) အရ အလုပ်သမားတွေအနေနဲ့ ခွင့်အားလုံးဟာ လစာမဖြတ်ရတဲ့ ခွင့်ရက်တွေ ဖြစ်ပါတယ်။ ဒါ့အပြင် ဥပဒေအရ ဆေးခွင့်သည် လစာရသော ခွင့် ဖြစ်ပြီး အလုပ်ရှင်က လစာဖြတ်ပိုင်ခွင့် မရှိပါဘူး။ လူမှုဖူလုံရေး (SSB) ထည့်ဝင်ထားတဲ့ အလုပ်သမားတွေအတွက် ဆေးခွင့်နဲ့ မီးဖွားခွင့်အတွက် လူမှုဖူလုံရေးကနေ ငွေကြေးအကျိုးခံစားခွင့် ရရှိရမှာ ဖြစ်ပါတယ်။
 
လက်ရှိ စက်ရုံဘက်က ပေးချေတဲ့ လုပ်ခလစာက ကုန်ဈေးနှုန်းမြင့်မှုနဲ့ ကိုက်ညီမှု မရှိလို့ အလုပ်သမားတွေအတွက် အဆင်မပြေမှုတွေနဲ့ ကြုံတွေ့နေရတယ်လို့လည်း အလုပ်သမားတွေက ပြောပါတယ်။
 
“ဒေးကြေး ၉၂၀၀ နဲ့က တစ်လလုံး ပျက်ရက်မရှိ အလုပ်ဆင်းမှ လေးသိန်း စွန်းစွန်းပဲရတယ်။ တခြား စက်ရုံတွေမှာ ၁၂၀၀၀ ဝန်းကျင်ပေးနေတာ။ အခုဒေးကြေးက အနည်းလုပ်ခ ၇၈၀၀ ထက်ပိုပေးထားတယ်ဆိုပြီး တိုး မပေး တော့ဘူး။ အခြားစက်ရုံတွေလို ဆန္ဒပြတောင်းဆိုမှ တိုးပေးတော့မလို ဖြစ်နေတယ်။” လို့ အလုပ်သမားတွေက ပြောပါတယ်။
လုပ်ငန်းခွင် ထဲက WCC အဖွဲ့ဝင်တွေကို အလုပ်ရှင်ဘက်က စိတ်အကြိုက် ခန့်ထားလို့ လုပ်ငန်းခွင် ချိုးဖောက်မှု တွေ အတွက် ကူညီတောင်းမရဘူး လို့လည်း ပြောပါတယ်။ဒါ့ပြင် အလုပ်သမားရုံးက စစ်ဆေးမှုတွေကို အမှန် အတိုင်း ပြောဆိုခွင့်မရအောင် အလုပ်ရှင်ဘက်က နည်းလမ်းပေါင်းစုံနဲ့ ထားမြစ်နေတယ်လို့လည်း အလုပ်သမားတွေက ပြောပါတယ်။
 
“လာစစ်ရင် အလုပ်ရှင်ဘက် စိတ်ကြိုက်ရွေးပြီး လုပ်ငန်းခွင် ကောင်းတဲ့ အကြောင်း ဖြေခိုင်းတယ်။ ဖြေပေးတဲ့ သူတွေက မျက်နှာသာပေးခံရတယ်။ အခွင့်ထူးခံတွေ ဖြစ်သွားတယ်။ အမှန်ကို သိအောင် စစ်ဆေးမပေးတော့ အလုပ်သမားတွေ အခွင့်ရေးချိုးဖောက်ခံပါတယ်။ “ လို့ ပြောဆိုထားပါတယ်။
 
LITA MYANMAR Co.,ltd အထည်ချုပ်စက်ရုံက ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်၊ ရွှေပြည်သာစက်မှုဇုန်(၄)၊ စက်ဆရာ ဦးထွန်းလမ်းမှာ ဖြစ်လှစ်ထားတဲ့ တရုတ်နိုင်ငံသားပိုင် စက်ရုံဖြစ်ပါတယ်။ အလုပ်သမား ၈၀၀ကျော် က Onward, Burtle တံဆိပ် အထည်တွေ ချုပ်လုပ်တယ်လို့ သိထားပါတယ်။

Related posts

Cover
အထည်ချုပ်အမျိုးသမီးအလုပ်သမားတွေ တရုတ်အငှားမယား (သို့မဟုတ်) ငွေပေးကျွန်ဝယ်မှုများ၏ သားကောင်ဖြစ်လာ
Feb 06, 2026
Cover
Glary Jun Xing Garment ခွဲခြားဆက်ဆံပြီး အောလင်း၊ အောနိုက် အချိန်ပိုများ ခိုင်းစေနေ
Feb 06, 2026
Cover
Jafon စက်ရုံနှင့် တရုတ်ဝန်ထမ်းများ အောင်သွယ်လုပ် လက်ထပ်ဖို့ ဖိအားပေး စည်းရုံး
Feb 06, 2026
Cover
လုပ်သားများ ကို အန္တရာယ်ရှိသည့် ယာဉ်များ၊စည်းကမ်းမဲ့ယာဉ်မောင်းများဖြင့် ဖယ်ရီကြိုပို့မှု များ ရှိပါက MICSသို့ဆက်သွယ်တိုင်ကြားနိုင်ဟုဆို
Feb 05, 2026
Cover
ဖယ်ရီ အင်ချက် အလုပ်သမားတွေကို သိက္ခာကျအောင် ပြောဆို
Feb 05, 2026
Cover
လှည်းကူးတွင် စက်ရုံဖယ်ရီ နှင့် မီနီဘတ်စ် ယာဉ်တိုက်မှုကြောင့် ၄ ဦး သေ၊ ၃၂ ဦး ဒဏ်ရာရ
Feb 03, 2026
Cover
CDM ဝန်ထမ်းများကို အမည်ပျက်စာရင်းမှ ပယ်ဖျက်ပေးမည်ဟု စစ်ကော်မရှင်ဆို
Feb 02, 2026
Cover
Baisheng ဖိနပ် စက်ရုံ ဖူလုံရေးကြေး ပေးသွင်းခွင့်မပေး၊ ကိုယ်ဝန်ဆောင် အလုပ်သမားများ အခွင့်အရေး ဆုံးရှုံး
Feb 02, 2026