NEWS

LIGHTHOUSE Enterprises Limited စက်ရုံက ထမင်းနားချိန်များအတွက် စနေနေ့တွင် ခေါ်ယူခိုင်းစေ ဟုဆို

CoverLogo
659 Views
 
LIGHTHOUSE Enterprises Limited ရော်ဘာစက်ရုံက နေ့စဉ် ထမင်းစားချိန်တွေကို စုပေါင်းပြီး စနေနေ့မှာ ခေါ်ယူခိုင်းစေတာဖြစ်တယ်ဆိုပြီး လုပ်ငန်းရှင်ဘက်က ပြေဆိုတယ်လို့ သွေးစည်း ညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ် Stum ဆီက သိရပါတယ်။
 
ရွှေပြည်သာမြို့နယ် မဟာမြိုင်လမ်း၊ ဝါးတရာစက်မှု့ဇုန်က LIGHTHOUSE Enterprises Limited ရော်ဘာစက်ရုံက အလုပ်သမားတွေ နေ့စဉ်ထမင်းစားချိန် နေ့လယ် ၁၁ နာရီကနေ ၁၁ နာရီ ၄၅ မိနစ်အထိ နားချိန် ၄၅ မိနစ်ကို စုပေါင်းပြီး အပတ်စဉ် စနေနေ့အတွက် အချိန်ပို လုပ်အားခ မပေးဘဲ့ အစားထိုး လုပ်ကိုင် ခိုင်းတယ်ဆိုပြီး မြို့နယ် အလုပ်သမားရုံးမှာ ပြောဆိုခဲ့တာလို့ သိရပါတယ်။
 
“မြို့နယ် အ.လ.ရ မှာ ပထမ ရုံးချိန်းအနေနဲ့ ဖြေရှင်းတော့ လုပ်ငန်းရှင်က နေ့လည် ၁၁ နာရီကနေ ၁၁ နာရီ ၄၅ အထိ ၄၅ မိနစ် ထမင်းစားနားချိန် သတ်မှတ်ထာား၊ တစ်ရက် အလုပ်ချိန်ထဲကနေ ထမင်းစားချိန် နုတ်ရင် တကယ်အလုပ်ချိန်က ၇ နာရီ မိနစ် ၂၀ ပဲရှိလို့ ဆိုပြီး စနေနေ့ အတွက်အချိန်ပိုအတွက် ထမင်းစားနားချိန်တွေ အစားထိုးခိုင်းစေတာ ဆိုပြီး ပြောတယ်” လို့ STUM အဖွဲ့က ပြောပါတယ်။
 
စက်ရုံအလုပ်ချိန်ဟာ မနက် ၈ နာရီကနေ ညနေ ၄ အထိဖြစ်ပြီး ပုံမှန် တနင်္လာနေ့ကနေ စနေနေ့ အထိ အလုပ်ဆင်းရတာဖြစ် ပါတယ်။ အပတ်စဉ် စနေနေ့အတွက် လုပ်ကိုင်ရတဲ့ OT ကြေးတွေကို လုပ်ငန်းရှင်က ဒီကနေ့ အချိန်အထိ ပေးချင်တာ မရှိသလို့ စက်ရုံသက်တန်း ၁၅ နှစ်ဝန်းကျင်ရှိနေပေမဲ့ စက်ရုံအတွင်းက အလုပ်သမား ၇၅ ဦးလောက်ကိုလည်း နေ့စားဝန်ထမ်းအနေနဲ့သာ ခန့်ထားတယ်လို့ LIGHTHOUSE အလုပ်သမားတွေက ပြောပါတယ်။
 
ဒါ့အပြင် ရော်ဘာစက်ရုံက ကိုသန့်ဇင်ဦးနဲ့ ကိုဟန်မျိုးလှိုင် တို့နှစ်ဦးဟာ ၂၀၁၄ နဲ့ ၂၀၁၉ ခုနှစ်တွေကတည်းက လစား/ နေ့ရှင်း အလုပ်သမားတွေအဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့ကြပေမဲ့ အမြဲတမ်းဝန်ထမ်း မခန့်သလို EC စာချုပ် ချုပ်ဆိုပေးတာလည်း မရှိဘူးလို့ သိရပါတယ်။

Related posts

Cover
Dishang Fashion (Myanmar) အောစူပါမှ ကိုယ်ထိလက်ရောက်ပြုလုပ်တဲ့ အပြင် အလုပ်ပါ အထုတ်ခံရ
May 23, 2026
Cover
T M A အထည်ချုပ် စက်ရုံ အချိန်ပို တပတ် နာရီ ၂၀ ကျော် လုပ်ကိုင်ခိုင်း
May 23, 2026
Cover
Shan Dong Jiayi အထည်ချုပ်စက်ရုံ အချိန်ပို မဆင်းလို့ လုပ်ခ လျှော့ပေး
May 23, 2026
Cover
Peak Outdoor Yangon စက်ရုံ မန်နေဂျာ ဝမ်တိန်အသုံးချ အဓမ္မအလုပ်ထုတ် ပြင်ပဆေးခန်းပြလို့ ဆေးခွင့်မပေးဘဲ ဝမ်တိန်ထိုးခိုင်း
May 21, 2026
Cover
Shwe Myinn Co.,Ltd Washing Fact စက်ရုံ လုပ်သားများအား ဌာနနေရာစုံ လုပ်ကိုင်ခိုင်း
May 21, 2026
Cover
နေရွှေဝင်းအထည်ချုပ်က အလုပ်သမား ၈၀ ကျော်ကို လုပ်ငန်းခွင်ပြန်ဝင်ဖို့နဲ့ နောက်ထပ်တောင်းဆိုမှု ၁ နှစ်အတွင်းမလုပ်ဖို့ထုတ်ပြန်
May 19, 2026
Cover
အလုပ်သမားပေးစာ LUCKYSKY BAGS Myanmar သန့်စင်ခန်းများ ပျက်စီး  သန့်ရှင်းပေးမှု အားနည်း
May 19, 2026
Cover
Joyful Myanmar Garment အမျိုးသမီး လုပ်သားများအား ပိတ်လိပ်ထမ်းခိုင်း
May 19, 2026