NEWS

LIGHTHOUSE Enterprises Limited စက်ရုံက ထမင်းနားချိန်များအတွက် စနေနေ့တွင် ခေါ်ယူခိုင်းစေ ဟုဆို

CoverLogo
224 Views
 
LIGHTHOUSE Enterprises Limited ရော်ဘာစက်ရုံက နေ့စဉ် ထမင်းစားချိန်တွေကို စုပေါင်းပြီး စနေနေ့မှာ ခေါ်ယူခိုင်းစေတာဖြစ်တယ်ဆိုပြီး လုပ်ငန်းရှင်ဘက်က ပြေဆိုတယ်လို့ သွေးစည်း ညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ် Stum ဆီက သိရပါတယ်။
 
ရွှေပြည်သာမြို့နယ် မဟာမြိုင်လမ်း၊ ဝါးတရာစက်မှု့ဇုန်က LIGHTHOUSE Enterprises Limited ရော်ဘာစက်ရုံက အလုပ်သမားတွေ နေ့စဉ်ထမင်းစားချိန် နေ့လယ် ၁၁ နာရီကနေ ၁၁ နာရီ ၄၅ မိနစ်အထိ နားချိန် ၄၅ မိနစ်ကို စုပေါင်းပြီး အပတ်စဉ် စနေနေ့အတွက် အချိန်ပို လုပ်အားခ မပေးဘဲ့ အစားထိုး လုပ်ကိုင် ခိုင်းတယ်ဆိုပြီး မြို့နယ် အလုပ်သမားရုံးမှာ ပြောဆိုခဲ့တာလို့ သိရပါတယ်။
 
“မြို့နယ် အ.လ.ရ မှာ ပထမ ရုံးချိန်းအနေနဲ့ ဖြေရှင်းတော့ လုပ်ငန်းရှင်က နေ့လည် ၁၁ နာရီကနေ ၁၁ နာရီ ၄၅ အထိ ၄၅ မိနစ် ထမင်းစားနားချိန် သတ်မှတ်ထာား၊ တစ်ရက် အလုပ်ချိန်ထဲကနေ ထမင်းစားချိန် နုတ်ရင် တကယ်အလုပ်ချိန်က ၇ နာရီ မိနစ် ၂၀ ပဲရှိလို့ ဆိုပြီး စနေနေ့ အတွက်အချိန်ပိုအတွက် ထမင်းစားနားချိန်တွေ အစားထိုးခိုင်းစေတာ ဆိုပြီး ပြောတယ်” လို့ STUM အဖွဲ့က ပြောပါတယ်။
 
စက်ရုံအလုပ်ချိန်ဟာ မနက် ၈ နာရီကနေ ညနေ ၄ အထိဖြစ်ပြီး ပုံမှန် တနင်္လာနေ့ကနေ စနေနေ့ အထိ အလုပ်ဆင်းရတာဖြစ် ပါတယ်။ အပတ်စဉ် စနေနေ့အတွက် လုပ်ကိုင်ရတဲ့ OT ကြေးတွေကို လုပ်ငန်းရှင်က ဒီကနေ့ အချိန်အထိ ပေးချင်တာ မရှိသလို့ စက်ရုံသက်တန်း ၁၅ နှစ်ဝန်းကျင်ရှိနေပေမဲ့ စက်ရုံအတွင်းက အလုပ်သမား ၇၅ ဦးလောက်ကိုလည်း နေ့စားဝန်ထမ်းအနေနဲ့သာ ခန့်ထားတယ်လို့ LIGHTHOUSE အလုပ်သမားတွေက ပြောပါတယ်။
 
ဒါ့အပြင် ရော်ဘာစက်ရုံက ကိုသန့်ဇင်ဦးနဲ့ ကိုဟန်မျိုးလှိုင် တို့နှစ်ဦးဟာ ၂၀၁၄ နဲ့ ၂၀၁၉ ခုနှစ်တွေကတည်းက လစား/ နေ့ရှင်း အလုပ်သမားတွေအဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့ကြပေမဲ့ အမြဲတမ်းဝန်ထမ်း မခန့်သလို EC စာချုပ် ချုပ်ဆိုပေးတာလည်း မရှိဘူးလို့ သိရပါတယ်။

Related posts

Cover
PEPSI ကုမ္ပဏီကို ထပ်တိုးတရားစွဲရန်အမိန့်ချမှု ၉ရက်နေ့ပြန်လည်ချိန်းဆိုထား
May 08, 2024
Cover
လူငယ်တွေရဲ့အနာဂတ်ကို ရိုက်ချိုးလိုက်တဲ့ စစ်ကောင်စီရဲ့ ပြည်ပအလုပ်လုပ်ခွင့် အသက်ကန့်သတ်ပိတ်ပင်မှု
May 07, 2024
Cover
"ရုန်(လ်)သာအထည်ချုပ်စက်ရုံက အလုပ်သမားများကိုအချိန်ပို အတင်းအကျပ်ခေါ်ယူစေခိုင်း
May 07, 2024
Cover
မေဒေးအလွန်မှာ စက်ရုံအချို့ လုပ်အားခတိုးမြှင့်ပြီးလုပ်သားခေါ်ယူတာတွေရှိလာ
May 07, 2024
Cover
Myanmar Yong Jia Garment Color Correction(ကာလာကွဲဆေးခြယ်) လုပ်ငန်းက လုပ်ခလစာနဲ့နစ်နာကြေးပြန်လည်ပေးချေ
May 06, 2024
Cover
အထည်စံချိန်အလွန်အကျွံတောင်းခံချုပ်လုပ်ခိုင်း၊ အထည်စံချိန်မပြည့်ပါက ရေသောက်ခွင့်မပေး
May 06, 2024
Cover
အလုပ်လျှောက်ပါက ငွေကြေးတောင်းခံ၊ လုပ်ငန်းခွင်အတွင်းကိုယ်ထိလက်ရောက်ကျူးလွန်နေ
May 06, 2024
Cover
အမျိုးသားတွေပြည်ပကိုအလုပ်ထွက်လုပ်ခွင့်ပိတ်ပင်တာက တရားမဝင်ရွှေ့ပြောင်းသွားလာမှုတွေပိုမိုဖြစ်လာနိုင်တယ်လို့ဆို
May 03, 2024