NEWS

Lesnart Myanmar Apparel နေ့စဉ်နီးပါး ညနက် အချိန်ပို လုပ်ကိုင်ခိုင်း

CoverLogo
626 Views
 
Lesnart Myanmar Apparel အထည်ချုပ်စက်ရုံက နေ့စဉ်လိုလို အချိန်ပို ည ၁၁ နာရီနဲ့ ပိတ်ရက်တွေ မှာပါ လုပ်ကိုင်ခိုင်းနေ တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ အချိန်ပိုမဆင်းတဲ့ အလုပ်သမားတွေကိုလည်း ဂရိတ်ကြေး ဖြတ်မယ်ဆိုပြီး ခြိမ်းခြောက်ပြောဆိုတယ်လို့ Myanmar Labour News ကို အလုပ်သမားတွေက ပြောပါတယ်။
“ ညတိုင်း ၁၁ နာရီ ထိဆင်းရပါတယ်။ စနေနေ့တိုင်း အောလင်းဆင်းရပါတယ်။ စနေနေ့ မဆင်းရတဲ့ အပတ်ဆိုရင် တနင်္ဂနွေနေ့တွေ ဆင်းရပါတယ်.” လို့ ပြောပါတယ်။
စက်ရုံဖွင့်တာ ၇ လဝန်းကျင်ပဲရှိပေမဲ့ အချိန်ပိုတွေလုပ်ကိုင်ခိုင်းနေတာ တစ်လကျော်လာပြီလို့ အလုပ်သမားတွေက ပြောပါတယ်။ စက်ရုံအလုပ်ချိန်က အချိန်ပိုအပါ ည ၆ နာရီအထိ ဖြစ်ပြီး ထမင်းစားပြီးကတည်းက အလုပ်ပြီးဆုံးချိန်အထိ အနားမရဘဲ တဆက်တည်း လုပ်ကိုင်ရတယ်လို့လည်း အလုပ်သမားတွေက ပြောပါတယ်။
“ဒီနေ့ (ဇွန် ၂၈) ည ၆ နာရီအထိ ဆင်းရမှာ၊ မနက်ဖြန် တနင်္ဂနွေလည်း ဆင်းရဦးမယ်။ အိုတီမဆင်းရင် ဂရိတ်ကြေး မပေးဘူးလို့ စက်တန်းအောစူပါနဲ့မန်နေဂျာက ခေါ်ပြောတယ်။” လို့ ပြောပါတယ်။
စက်ရုံမှာ အချိန်ပို (အိုတီ) ဆင်းတိုင်း ညစာကျွေးပေမဲ့ အဆင်မပြေတဲ့ အပြင် မနက်နေအိမ်ပြန်ဖို့အတွက် ကြိုပို့ယာဉ်တွေ စီစဉ်ပေးတာ မရှိဘူးလို့ ပြောပါတယ်။
ဇွန်လအတွင်း အများပြည်သူ အလုပ်ပိတ််ရက် အစ်နေ့ကလွဲလို နားရက် မရသေးဘူးလို့ အလုပ်သမားတွေက ပြောပါတယ်။
“အိုတီ ဆင်းရင်ကျွေးတဲ့ ထမင်းက မာ‌တောင်နေပြီး၊ ထမင်းနဲ့ကြက်ဥကို ရောကြော်ကျွေးတာ။ကြက်ဥက လုံးဝ မပါဘူး။ မဝလို့ထပ်ယူရင်လည်း နင်တို့က လွန်လွန်းတယ်လို့ ပြောတယ်။ မနက်ပြန်ရင် ဖယ်ရီလည်း မပေးဘူး။ အိမ်နဲ့ နီးလို့ ပြန်မယ်ဆိုလည်း မလွှတ်ဘူး။ မနက်စာ ဝယ်စားရတယ် ရတဲ့ အချိန်ပိုကြေးနဲ့ ဆို မလောက်ဘူး။ လူတွေပဲ ပင်ပန်းနေတာ။ စက်လိုင်းထဲမှာ အလုပ်သမားတွေ ခဏခဏ မူးလဲကြတယ်။ ဒီနေ့ဆို နှစ် ယောက် မူးလဲတယ်။” လို့ ပြောပါတယ်။
စက်ရုံအတွင်း အထည်စံချိန် မပေးနိုင်တဲ့ ကြီးကြပ်ရေးမှူး တချို့ အလုပ်ထုတ်ခံရတာရှိပြီး စက်ရုံမှာ ဖွဲ့စည်းထားတဲ့ WCC အဖွဲ့က အလုပ်သမားတွေအရေးကိစ္စတွေကို ဆောင်ရွက် မပေးနိုင်ဘူလို့လည်း ပြောပါတယ်။
“စက်ရုံမှူးက ဒေါသကြီးပြီး အပေါက်ဆိုးတယ်။ အထည်စံချိန် မပေးနိုင်တဲ့ စူပါတွေဆို အလုပ်ထုတ်ခံရတယ်။ WCC အဖွဲ့လည်း စက်ရုံမှူးကို ဘာမှ မပြောနိုင်တော့ အလုပ်သမားတွေက ဘယ်သူ့ကို ပြောရမှန်းမသိတော့ဘူး.” လို့ ပြောပါတယ်။
Lesnart Myanmar Apparel စက်ရုံက ရန်ကုန်မြို့ ၊ ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှုဇုန်၊ စက်မှုပတ်လမ်းမှာ လုပ်ငန်းလုပ်ကိုင်နေပါတယ်။

Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026