NEWS

Lesmart (Myanmar) Apparel အထည်ချုပ် စစ်ဆေးမှုအား လိမ်လည် ဖြေကြားခိုင်း

CoverLogo
556 Views
 
Lesmart (Myanmar) Apparel အထည်ချုပ်စက်ရုံ လာရောက်စစ်ဆေးသူတွေကို လိမ်လည် ဖြေကြား ခိုင်းခဲ့တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ Myanmar Labour News မှာ စက်ရုံသတင်း ဖော်ပြပြီးနောက် စက်ရုံကို ဇူလိုင် ၃ ရက် ညနေပိုင်းမှာ မြို့နယ် အလုပ်သမားရုံးက တာဝန်ရှိတွေက စက်ရုံကို လာရောက်ခဲ့တာလို့ အလုပ်သမားတွေက ပြောပါတယ်။
 
“ စက်ရုံကို သက်ဆိုင်ရာ လူကြီးတွေ ညနေ ၃ နာရီလောက် ရောက်လာပါတယ်။ ဒီလို လာမယ်ဆိုတာ ကြိုသိတော့ နေ့လယ် ၁ နာရီလောက်မှာ စက်ရုံမန်နေဂျာ အမျိုးသားက တရုံလုံးကို အစည်းအဝေး ခေါ်တယ်။ စက်ရုံသတင်းက မဟုတ်ဘူး။ အိုတီ Otမဆင်းရပါဘူး ဆိုပြီး လိမ်ပြောခိုင်းတယ်။ အဲ့လို မပြော ခဲ့တာကို ပြန်သိရင် အလုပ်က ထွက်ရမယ်လို့ ပြောတယ်.” လို့ အလုပ်သမားတဦးက ပြောပါတယ်။
 
အလုပ်သမားရုံးက တာဝန်ရှိသူတွေ မေးမြန်းချိန်မှာ WCC အဖွဲ့က ဦးဆောင်ဖြေကြားလို့ စက်ရုံ အတွင်း အဖြစ်မှန်ကို ပြောခွင့်မရဘူးလို့ အလုပ်သမားတွေက ပြောပါတယ်။ လာရောက် စစ်ဆေးတဲ့နေ့မှာပဲ အချိန်ပို ၃ နာရီ လုပ်ကိုင်ခဲ့ရပြီး ပြီးခဲ့တဲ့ စနေနေ့မှာတော့ ည ၉ နာရီခွဲအထိ လုပ်ကိုင် ရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“ စစ်ဆေးတဲ့ သူတွေ လာမယ်ဆိုတော့ နေ့စဉ် အလုပ်တက်တဲ့ မှတ်ထမ်းကို ပြန်ပြင်တယ်။ အဲ့မှာ အလုပ် လုပ်ချိန်တွေ ၊ အိုတီတွေ ပါတယ်။ အသစ်ကို လက်မှတ်ထိုးခိုင်းတာ။ လူကြီးတွေလာတာ့ ot နာရီ မြင်မှာစိုးလို့ အဲ့ဒါကို အသစ်ရေးခိုင်းတာ။” လို့ပြောပါတယ်။
 
အချိန်ပို လုပ်ကိုင်ခိုင်းတာ တစ်လဝန်းကျင်ရှိနေပြီ ဖြစ်ပြီး နေ့လယ်စာ စားအပြီး ၁၂ နာရီကတည်းက အချိန်ပို ပြီးဆုံးတဲ့ အထိ တဆက်တည်း လုပ်ကိုင်ခိုင်းနေတာလို့ အလုပ်သမားတွေက ပြောပါတယ်။ စက်ရုံအလုပ်ချိန်က မနက် ၇ နာရီခွဲမှာ စတင်ပြီး ၁၁ ခွဲမှာ ထမင်းစား နာရီဝက်နားတယ်လို့ သိရပါတယ်။ ဒီနောက် ၁၂ နာရီမှာ အလုပ်ပြန်လည် စတင်ပြီး အချိန်ပို ပြီးဆုံးတဲ့ အထိ အနားမရဘဲ လုပ်ကိုင်ရတာလို့ အလုပ်သမားတွေက ပြောပါတယ်။
 
စက်ရုံအတွင်း ဥပဒေမဲ့ အလုပ်ထုတ်တာတွေလည်း ရှိနေပြီး ထုတ်ပယ်ခံရတဲ့ အလုပ်သမား ဦးရေ ဆယ်ဂဏန်းကျော် ရှိနေတယ်လို့ ပြောပါတယ်။
 
“ဒီနေ့ (ဇူလိုင် ၅ ရက်) က စကားပြောတဲ့ အလုပ်သမားတွေ အလုပ်ထုတ်ရပါတယ်။ ခြောက်ယောက်မှာ မိန်းကလေးက ၄ ယောက် ၊ ၂ ယောက်က ယောက်ျားလေး။ စကားတောင် ပြောလို့မရတော့ဘူး။ အလုပ်လုပ်တာ နှေးလည်းထုတ်။ အခု တလတည်းမှာ အယောက် ၂၀ လောက် ထုတ်ခံထားရတယ်။” လို့ အလုပ်သမားတွေက ပြောပါတယ်။
 
EC စာချုပ်မှာ စကားပြောရင် အလုပ်ထုတ်မယ်လို့ သတ်မှတ်မထားပဲ စက်ရုံမှူးက ဖိနှိပ်မှုတွေလည်း ပြောပါတယ်။ စက်ရုံမှူးဆိုသူက တရုတ်အမျိုသားတဦးဖြစ်ပြီး စူပါတွေကိုမတ်တပ် ရပ်ခိုင်းတဲ့ ဖြစ်စဉ်တွေလည်း ရှိတယ်လို အလုပ်သမားတွေက ပြောပါတယ်။
 
“စက်ရုံမှူးက အလုပ်ထုတ်မှာပဲ တဲ့။ လုပ်နိုင်ရင်လုပ် မလုပ်နိုင်ရင် ထွက်ပြောပါတယ်။ အာဝါဒီ မပေးနိုင်တဲ့ စူပါတွေကိုယ် အစည်းအဝေးခန်းမှာ မတ်တပ်ရပ်ခိုင်းပါတယ်။ စက်ရုံက အလုပ်သမားတွေ က စားဝတ်နေးရေးအတွက်နဲ့ လုပ်နေကြတာဆိုတော့ စိတ်ညစ်နေကြပြီ။” လို့ပြောပါတယ်။
 
စက်ရုံအလုပ်သမား ၉၀၀ ဝန်းကျင်ရှိပြီး DeFacto နဲ့ LEGENDARY whitetails တံဆိပ် ဝယ်လွန်အထည်တွေ ချုပ်လုပ်နေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ စက်ရုံက ရန်ကုန်မြို့ ၊ ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှုဇုန်၊ စက်မှုပတ်လမ်းမှာ ရှိပါတယ်။

Related posts

Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026
Cover
Myanmar Zhen Xiang Garment တပတ် နာရီ ၂၀ ကျော် အချိန်ပိုဆင်းခိုင်း ဖယ်ရီမပေးဘဲ ဆဲဆို
Jun 07, 2026
Cover
Casico Garment တွင် နှစ်လုံးရောင်းချသူ ဖုန်းအား မသိမ်းဘဲ၊ အလုပ်သမား ဖုန်း အားလုံး သိမ်းဆည်း
Jun 07, 2026
Cover
Saifeom International အထည်ချုပ် လျှစ်စစ် အန္တရာယ်နှင့် ကြုံတွေ့နေရ
Jun 07, 2026