NEWS

LC Waikiki ချုပ် Sheng Jie စက်ရုံ အလုပ်သမားများ ဖိနှိပ်ခံရ

CoverLogo
489 Views
 
Sheng Jie (Myanmar) Clothing Co.ltd အထည်ချုပ်စက်ရုံမှာ အလုပ်ချိန် ၇ နာရီကျော် တဆက်တည်း လုပ်ကိုင်ရတဲ့ အပြင် အတင်းအကျပ် အချိန်ပိုဆင်းတာနဲ့ ဆဲဆိုခိုင်းစေခံနေရတယ်လို့ မြန်မာနိုင်ငံ ကုန်ထုတ်နှင့်စက်မှုလက်မှု အလုပ်သမားများအဖွဲ့ချုပ် (IWFM) ကို အလုပ်သမားတွေက ပြောပါတယ်။
 
“အလုပ်က မနက် ၈ နာရီစတယ်၊ နေ့လည်ထမင်းစား ပြီးကတည်းက ည ၇ နာရီခွဲ အထိ တဆက်တည်း လုပ်ရတာ နားချိန်မပေးတော့ဘူး။ အရင်က မုန့်စားချိန်ပေးခဲ့တယ်။ အခုက နားချိန်မပေးဘဲ တောက်လျှောက် လုပ်ရတယ်။ ဗိုက်ဆာလို့ ခိုးစားလို့ မိရင် စူပါတွေက မခံနိုင်အောင် ပြောဆိုလုပ်တယ်" လို ဆိုပြီး အလုပ်သမားတစ်ဦးက ရှင်းပြပါတယ်။
လုပ်ငန်းခွင် မုန့်စားတာကို ပြောဆိုပေမဲ့ စူပါတွေ ကိုယ်တိုင်ကတော့ စားသောက်နေကြပြီး ခွဲခြားဆက်ဆံ နေတာလို့ အလုပ်သမားတွေက ပြောပါတယ်။
 
အလုပ်သမားတွေမှာ တပတ် နှစ်ရက် သုံးရက် အောနိုင် အောလင်း ညလုံးပေါက် အချိန်ပိုတွေ ဆင်းပေးနေရလို့ ကျန်းမာရေး ထိခိုက်မှုတွေ ခံစားနေရတယ်လို့လည်း အလုပ်သမားတွေက ပြောပါတယ်။
 
“ ရုံးပေါ်က အချိန်ပိုတွေ မဆင်းချင် ရတယ်လို့ ပြောထားတယ်၊ ကိုယ်က မဆင်းဘူး ပြောတာနဲ့ စူပါတွေက ဆဲပြီး အတင်း ဆင်းခိုင်းတာ။ အလုပ်ထဲမှာ တခုခုဆို "ေ-ာက်သုံးမကျတာတွေ၊ သေချာမလုပ်တာတွေ စုံနေတာပဲ" ပြောတယ်။” လို့ ပြောပါတယ်။
 
အလုပ်သမားများ အရေးကြီးကိစ္စရှိတာ ဒါမှမဟုတ် နေထိုင်မကောင်းလို့ ဂိတ်ပတ် ယူပါက စက်ရုံက ခွင့်မပြု ငြင်းပယ်လေ့ပေမဲ့ စူပါတွေကိုသာ ဂိတ်ပတ်ပေးတယ်လို့ သိရပါတယ်။
 
"စူပါတွေကိုယ်တိုင်ကျတော့ ဘာအကြောင်းအရင်းမှ မရှိဘဲ Bar သွားတာတောင် ၄ ခွဲ ဂိတ်ပတ်နဲ့ ပြန်တယ်။ ရုံးပေါ်ကလဲ မသိချင်ယောင်ဆောင်တာလား မသိတာလား၊ လုပ်ခွင့်ပေးထားတာလား မသိဘူး ဖြစ်နေတယ်။ 'မတူရင် မတုနဲ့' တဲ့။ အောက်ခြေ အလုပ်သမားတွေကဘဲ အဖိနှိပ်ခံနေရတာပါ" လို့ ပြောပါတယ်။
 
Sheng Jie (Myanmar) Clothing Co.ltd စက်ရုံက တူရကီ အခြေစိုက် LC Waikiki အမှတ်တံဆိပ် အထည်တွေ ချုပ်လုပ်နေပြီး စက်ရုံကိုတော့ တရုတ်နိုင်ငံသားပိုင်ဆိုင်တယ်လို့ သိရပါတယ်။
 
စက်ရုံကတော့ ရန်ကုန်တိုင်း ဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်မှာ ရှိပြီး အလုပ်သမား ၁,၀၀၀ ကျော် လုပ်ကိုင်နေတယ်လို့ သိထားပါတယ်။

Related posts

Cover
Myanmar Handsome စက်ရုံ အချိန်ပို အတင်းကျပ် ဆင်းခိုင်း
Jun 25, 2026
Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026
Cover
စုပေါင်းတောင်းဆိုနေသည့် အလုပ်သမားများအား Max Technology  စက်ရုံ အတွင်း ဝင်ခွင့်မပေး
Jun 24, 2026
Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026