NEWS

LC international Hotel ဝန်ထမ်းများ ခွင့်အမျိုးအစားများ ခံစားခွင့်မရ

CoverLogo
886 Views
 
LC international Hotel က ဝန်ထမ်းတွေပါ နည်းနည်းလောက် ကူညီပါဦး။
 
ကျွန်တော်တို့ ဟိုတယ်က သင်္ကြန်ပိတ်ရက်အနေနဲ့ ၇ ရက်ပိတ်ပေးပြီး။ အလုပ် ပြန်တက်တဲ့နေ့မှာ တရက် ရက်အစားဆင်းပေးခိုင်းပါတယ်။
ဝန်ထမ်းတွေကိုလည်း ကြိုက်တဲ့နေရာသွားတိုင် ပိုက်ဆံပေးရင်ရတယ်ဆိုပြီး အနိုင်ကျင့်နေပါတယ်။ အလုပ်သမားရုံးကို ဝန်ထမ်းတွေတိုင်ကြားဖူးပါတယ်။ ဒါပေမဲ့ ဟိုတယ်က ငွေပေးလိုက်တော့ ဝန်ထမ်းတွေ တိုင်ကြားတာက မထိရောက်ဘူး ဖြစ်နေတာပါ။
 
အများပြည်သူအလုပ်ပိတ်ရက် Gazette holiday တွေမှာလည်း အလုပ်ဆင်းပေးရပါတယ်။ အဲလို ဆင်းပေးရလို့လည်း မြန်မာအလုပ်သမားဥပဒေအတိုင်း လုပ်ခလစာ နှစ်ဆ မပေးပါဘူး။
 
ဟိုတယ်က ရန်ကုန်မြို့၊ လှိုင်သာယာ အရှေ့ပိုင်းမြို့နယ်၊ ကျန်စစ်သားလမ်းပေါ်မှာပါ။ ဟိုတယ်ရှေ့မှာ အောင်မြေသာယာဘုရားရှိပါတယ်။
အဆိုးဆုံးကတော့ Casual leave (ရှောင်တခင်ခွင့်) မပေးပါဘူး။ Medical leave လည်း မပေးပါဘူး (လုံးဝမရပါဘူး)။ လူမှုဖူလုံရေး SSB မဆောင်တဲ့ ဝန်ထမ်းတွေလည်း ရှိပါတယ်။ အဲလို မဆောင်လို့ ဟိုတယ်လက်က ဘာမှ မပြောပါဘူး။ လစဉ်သွင်းတဲ့ပေးတဲ့ ဝန်ထမ်းတွေလည်း ရှိပါတယ်။ အဲ့လို SSB သွင်းတာကလည်း လူဟောင်းတချို့ပဲ ရှိပါတယ်။
 
ဟိုတယ်ဝန်ထမ်း ၂၀၀ ဝန်းကျင်ရှိပါတယ်။ ဟိုတယ်ကတော့ ၂၀၂၃ ခုနှစ်က ဖွင့်ခဲ့တာပါ။ဘယ်လောက်ဆိုးလဲဆိုရင် လုပ်သက်ခွင့် Annual leave ကိုတောင် တနှစ်လုံးမှာ ၁ ရက်ပဲပေးပါတယ်။ဟိုတယ်မှာတော့ Singapore labour law နဲ့ ဝန်ထမ်းတွေကို အုပ်ချုပ်နေတယ်လို့ ပြောနေပါတယ်။
လစာတွက်တာ ၁ ရက်နေ့ကနေ ၃၀ ရက်နေ့ပါ။ လစာကိုလည်း လတိုင်း ၁၅ရက်နေ့မှ ဟိုတယ်က ပေးပါတယ်။
 
ရက်စားလုပ်ပေးရမယ်ဆိုတာ ကျွန်တော်တို့ ဟိုတယ်လုပ်သက်တလျှောက် မကြားဘူးပါ၊ မကြုံခဲ့ဘူးပါဘူး။ ဟိုတယ်လုပ်ငန်းက စက်ရုံလုပ်ငန်း‌တွေလို ကြုံနေရလို့ ကူညီပေးစေချင်ပါတယ်။

Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026