NEWS

LAT WAR GARMENT (2) CO,LTD စက်ရုံ ရှောင်တခင်ခွင့် တရက်ကြိုတိုင်ခိုင်း၊ ရက်ပျက်ပါက လုပ်ခ ၃ ရက်စာ အထိ ဖြတ်တောက်

CoverLogo
760 Views
 
LAT WAR GARMENT (2) CO,LTD စက်ရုံမှာ အလုပ်သမားတွေရဲ့ ဥပဒေပါ ခံစားခွင့်ဖြစ်တဲ့ ရှောင်တခင်ခွင့်၊ ဆေးခွင့်တွေ မပေးဘဲ့ ရှောင်တခင်ခွင့်ကို တစ်ရက် ကြိုတိုင်ရမယ်ဆိုပြီး သတ်မှတ်ထားတယ်လို့ သိရပါတယ်။
 
ရှောင်တခင်ခွင့် အမျိုးစားမှာ ကြိုတင်ခွင့်အမျိုး စားမျိုးမဟုတ်တာနဲ့ အလုပ်သမားတွေရဲ့ ကြိုမသိနိုင်တဲ့ အကြောင်းအရာတွေတွက် ယူရတဲ့ ခွင့်အမျိုးစားဖြစ်တာကြောင့် ကြိုတင် ခွင့်ယူဖို့ဆိုတာ မဖြစ်နိုင်လို့ ရှောင်တခင် ခွင့် ယူတိုင်းစက်ရုံဘက်က မပေးဘဲ ရက်ပျက်သတ်မှတ် ခံရပြီး လုပ်ခတွေ ဖြတ်ထောက်ခံရတယ်လို့ အလုပ်သမား တွေက ပြောပါတယ်။
 
“ အရေးပေါ်ကိစ္စမို့ တရက်ခွင့်ယူဖို့ကို စက်ရုံဘက်ကို ဖုန်းဆက် ခွင့်တင်ပါတယ်။ ခွင့်မပေးဘဲ လစာထဲက ပိုက်ဆံ ဖြတ်တာပဲ။ အလုပ်ပျက်တာက တရက်ဆို ပိုက်ဆံဖြတ်တောက်တာက ရှေ့တရက်၊ နောက်တရက်ပါ ထည့်ဖြတ် တာ။ ၃ရက်စာ ဖြတ်တော့တာပဲ။ “ လို့ LAT WAR GARMENT စက်ရုံက အလုပ်သမား တဦးက ပြောပါတယ်။
 
LAT WAR GARMENT (2) စက်ရုံက ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ မင်းသိဒ္ဒိကျော်စွာလမ်းမှာ ဖွင့်လှစ်ထားပြီး အလုပ်သမားများ(၈၀၀)နဲ့ CR တံဆိပ် ဘောင်းဘီတွေချုပ်နေတဲ့ တရုတ်နိုင်ငံသားပိုင် စက်ရုံ သိရပါတယ်။
 
စက်ရုံအတွင်း လူငယ်၊ လူရွယ် နေ့စားအလုပ်သမား အများအပြားကို အလုပ်ချိန် ၈နာရီကို ၃၆၀၀ နဲ့ ခိုင်းစေထား တယ်လို့လည်း အလုပ်သမားတွေက ပြောပါတယ်။ နေ့ စားအလုပ်သမားတွေ လုပ်သက် ၃ လ လုပ်ကိုင်ပြီးပေမဲ့ အတည်ပြု ဝန်ထမ်းခန့်အပ်တာမရှိသလို့ တချို့အလုပ်သမားတွေမှာလည်း အလုပ်ကနေ အထုတ်ခံရတယ်လို့ သိရပါတယ်။ အလုပ်သမားတွေ မချုပ်လုပ်နိုင်တဲ့ အထည် စံချိန် တောင်းခံပြီး မရပါက အောစူပါ၊ စူပါတွေက ရိုင်းစိုင်းစွာ ဆဲဆိုတာတွေပြုလုပ်တဲ့လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“စက်လိုင်းတလိုင်းကို စူပါအပါ ၂၂ ဦးရှိတယ်။ စံချိန်ကို GOOD ဆိုတဲ့အထည် တနာရီ ၃၀ အထိပေးရတယ်။ အလုပ်ပျက်သူရှိလည်း အထည်စံချိန် လျှော့ပေးတာမရှိဘူး။ လူအပြည့်လိုပဲ ချုပ်ပေးရတယ်။ စံချိန်ပြည့်ဖို့ ည ၈နာရီအထိ အချိန်ပို အလကားဆင်းပြီး ချုပ်ပေးရတယ်။ ပေါ်တာဆွဲသတင်းတွေနဲ့ဆို အိမ်အပြန် နောက်ကျတော့ စိုးရိမ်းစိတ် မျာတယ်” လို့ LAT WAR GARMENT (2) စက်ရုံ အလုပ်သမားတွေက ပြောပါတယ်။
 
လုပ်ငန်းခွင်အတွင်း အလုပ်သမားတွေ အသုံးစွဲနေတဲ့ သောက်တဲ့ရေတွေနဲ့ အိမ်သာတွေဟာမှာလည်း သန့်ရှင်းမှု မရှိဘူးလို့လည်း ပြောပါတယ်။
 
အလုပ်သမားတွေအတွက် ဥပဒေအတိုင်း ဆေးခွင့်၊ ရှောင်တခင် ခွင့်တွေပေးဖို့၊ အောစူပါ၊စူပါတွေရဲ့ ဆဲဆို ရိုင်းစိုင်းတာတွေ ရပ်တန့်ဖို့ ၊ အချိန်ပို အတွက် လုပ်အားခပေးဖို့ နဲ့ နေ့စားအလုပ်သမားတွေကို အလုပ်ထုတ်တာတွေ မလုပ်ဖို့ ကို LAT WAR GARMENT (2) CO,LTD အလုပ်သမားတွေက ပြောဆိုထားပါတယ်။

Related posts

Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026
Cover
Myanmar Zhen Xiang Garment တပတ် နာရီ ၂၀ ကျော် အချိန်ပိုဆင်းခိုင်း ဖယ်ရီမပေးဘဲ ဆဲဆို
Jun 07, 2026
Cover
Casico Garment တွင် နှစ်လုံးရောင်းချသူ ဖုန်းအား မသိမ်းဘဲ၊ အလုပ်သမား ဖုန်း အားလုံး သိမ်းဆည်း
Jun 07, 2026
Cover
Saifeom International အထည်ချုပ် လျှစ်စစ် အန္တရာယ်နှင့် ကြုံတွေ့နေရ
Jun 07, 2026
Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026