NEWS

Lat War (3) ပိတ်သိမ်းမည့် သတင်းထွက်ပေါ် ၊ အလိုလျှောက် အလုပ်ထွက်သွားရေး ဆောင်ရွက်နေ

CoverLogo
233 Views
 
Lat War (3) Co.,Ltd ပိုင် အထည်ချုပ်စက်ရုံက လုပ်ငန်းသုံး ပစ္စည်းတချို့ ပြောင်းရွှေ့နေပေမဲ့ စက်ရုံ ပတ်သက်တဲ့ အကြောင်းအရာတွေကို ထုတ်ပြန်အသိပေးတာ မရှိဘူးလို့ မြန်မာနိုင်ငံကုန်ထုတ်နှင့် စက်မှုလက်မှု အလုပ်သမားများ အဖွဲ့ချုပ် IWFM ကို အလုပ်သမားတွေက ပြောထားပါတယ်။
 
“စက်ရုံက ၃ လပိုင်း၊ ၄ လပိုင်းထဲ ပိတ်မယ်ကြားနေပြီ။ အခုနှစ် ဇန်နဝါရီလထဲမှာ စက်ရုံပစ္စည်းတွေကို ဝါးတစ်ရာ စက်မှုဇုန်ကို ပြောင်းနေတာကို အလုပ်သမားတွေ တွေ့နေတယ်.” လို့ IWFM တာဝန်ရှိသူက ပြောပါတယ်။
 
စက်ရုံဘက်တော့ စက်ရုံ ပိတ်သိမ်း ပြောင်းရွှေ့သတင်းတွေကို တုန့်ပြန် ဖြေရှင်းတာမလုပ်တာက အလုပ်သမားတွေကို စိတ်ထိခိုက်အောင် ပြုလုပ်တာဖြစ်ပြီး အလုပ်သမားတွေကို ကိုယ်တိုင် အလိုအလျှောက် အလုပ်ပြောင်း၊ အလုပ်ထွက်ဖို့ ရည်ရွယ်ချက်ရှိရှိနဲ့ ဆောင်ရွက်နေတာလို့ အလုပ်သမားတွေက ပြောပါတယ်။
 
“ စက်ရုံပိတ်မည်ဆို လည်း အလုပ်သမားတွေကို ပွင့်ပွင့်လင်းလင်းပြောသင့်တာ။ မပိတ်ဘူး ပြောင်းရွေ့ မယ်ဆိုလည်း လိုက်နိုင်တဲ့ အလုပ်သမားတွေကို ခေါ်မလား မခေါ်ဘူးလား။ အခုက အလုပ်သမားတွေကို စိတ် မညစ်ညစ်အောင်လုပ်ပြီး ထွက်အောင် လုပ်နေတာ။ က်ရုံ ပိတ်သိမ်းဖို့ရှိတဲ့ သက်သေတခုက စက်လိုင်းထဲမှာ အလုပ်သမားတွေလိုနေတာ ဒါတွေကို ထပ်မဖြည့်တော့ဘူး၊ ရှိတဲ့သူတွေနဲ့ ဖြည့်ချုပ်ခိုင်းထားတယ်။” လို့ ပြောပါတယ်။
 
စက်ရုံဘက်က လုပ်ငန်းခွင် ပစ္စည်းတွေကို ဝါးတရာဘက် ရွေ့ပြောင်းနေပြီး စက်ရုံကို ဝင်လာတဲ့ အထည်တွေကို အပြင်ရုံ ခွဲပို့ပြီး ချုပ်ခိုင်းနေတယ်လို့လည်း အလုပ်သမားတွေက ပြောပါတယ်။ လက်ရှိမှာ တနေ့ အချိန်ပို ၂ နာရီ လုပ်ကိုင်ရတာမရှိတော့ဘူးလို့လည်း အလုပ်သမားတစ်ဦးက ပြောပါတယ်။
 
လက်ရှိ Lat War (3) အထည်ချုပ်စက်ရုံမှာ အလုပ်သမား (၉၀၀) ကျော်ဖြင့် လုပ်ကိုင်နေပြီး ခွင့်ရက် မပေးဘဲ အောလင်း၊ အောနိုက် နဲ့ တနင်္ဂနွေပိတ်ရက်တွေပါ အချိပိုတွေ လုပ်ကိုင်ပေးခဲ့ရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“ခွင့်ရတွေမပေးဘူး၊ ရက်ပျက်ဆိုပြီး ဒေးကြေး ၁၀၀၀၀ ရက်မှန်ကြေးတွေ တစ်ရက်ပျက် ၂၀၀၀၀၊ နှစ်ရက် ပျက်ရင် ဘာမှ မရတော့ဘူး။ အရင်ကတော့ တနင်္ဂနွေနေ့တောင် မရဘူး။ အခုက အချိန်ပိုကို မခေါ်ဘူး စက်လိုင်းတွေကို ညနေ ၄ နာရီခွဲဆို ပြန်လွတ်နေတာ.” လို့ အမျိုးသမီးအလုပ်သမားတဦးက ပြောပါတယ်။
 
Lat War (3) Co.,Ltd အထည်ချုပ် စက်ရုံမှာ WCC ဖွဲ့စည်းထားပေမဲ့ အလုပ်သမားသမဂ္ဂ တွေ မရှိဘူးလို့လည်း သိရပါတယ်။ စက်ရုံကတော့ ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ စက်မှုဇုန် (၂)၊ ဆိပ်ကန်းသာလမ်း မှာ ဖွင့်လှစ်ထားပါတယ်။ တရုတ် နိုင်ငံသားပိုင် စက်ရုံဖြစ်ပြီး လက်ရှိ KAPALUA, REGATA, MAVI CONIN’s စတဲ့ အထည်တွေ ချုပ်လုပ်နေပါတယ်။

Related posts

Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026
Cover
Myanmar Zhen Xiang Garment တပတ် နာရီ ၂၀ ကျော် အချိန်ပိုဆင်းခိုင်း ဖယ်ရီမပေးဘဲ ဆဲဆို
Jun 07, 2026
Cover
Casico Garment တွင် နှစ်လုံးရောင်းချသူ ဖုန်းအား မသိမ်းဘဲ၊ အလုပ်သမား ဖုန်း အားလုံး သိမ်းဆည်း
Jun 07, 2026
Cover
Saifeom International အထည်ချုပ် လျှစ်စစ် အန္တရာယ်နှင့် ကြုံတွေ့နေရ
Jun 07, 2026
Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026