NEWS

Kings rich (MYANMAR) Fashion စက်ရုံမှာ ဒေးကြေးတိုးပေးဖို့ စက်ရုံတစ်ရုံလုံးဆန္ဒပြ

CoverLogo
530 Views

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့၊ ၁၈ ရပ်ကွက်၊ ရေပြာလမ်း ၊အမှတ် -  ရှိ Kings rich (MYANMAR) Fashion Limited မှာ၀င်ရောက်လူပ်ကိုင်နေကြတဲ့  အလုပ်သမားတွေဟာ ဒီကနေ့ဇွန် ၁၀ရက်နံနက်ပိုင်းက  ဒေးကြေးတိုးပေးဖို့စက်ရုံတစ်ရုံလုံးဆန္ဒပြတောင်းဆိုနေကြတယ်လို့ ကနဦးသိရပါတယ်။ 

"ရွှေပြည်သာ စက်မှုဇုန်  Kings rich Myanmar fashion အထည်ချုပ် စက်ရုံ ဆန္ဒပြ၊ Day ကြေး တိုးပေးဖို့ တောင်းဆိုချက် တခုတည်း ကိုဘဲတောင်းတာလို့ ကနဦး သတင်းရရှိထားပါတယ်။စက်ရုံ တရုံလုံး မီးမှောင်ချထားပြီး ဘယ်သူမှအလုပ်မလုပ်ဘဲ တောင်းဆိုမှုကို ဒီနေ့မနက် ၈:၀၀နာရီ အလုပ်စဝင်ချိန်ထဲက ပြုလုပ်တာလို့သိထားတယ်" လို့  STUM ကဆိုထားပါတယ်။ 

အဆိုပါစက်ရုံဟာ HM အမှတ်တံဆိပ် ချုပ်နေတဲ့ အလုပ်သမားထောင်ကျော်ရှိတဲ့ စက်ရုံတစ်ရုံဖြစ်ပြီး အလုပ်သမားများ အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရမှုကြောင့်  အငြင်းပွားမှုမကြာခဏဖြစ်ပွားလေ့ရှိတဲ့စက်ရုံလည်းဖြစ်သလို ပြီးခဲ့တဲ့နှစ်က အလုပ်သမားတစ်ဦးကိုယ်ထိလက်ရောက်ကျူးလွန်ခံရမှုကို ဖြေရှင်းပေးခြင်းမရှိတဲ့အပြင် ဥပဒေမဲ့ အလုပ်ကထုတ်ပယ်ခဲ့တဲ့ ဖြစ်စဉ်လည်းရှိခဲ့ပါတယ်။

"အဆက်အသွယ်တော့မရသေးဘူး ခေါင်းဆောင်လည်းမရှိဘူး ဒီအတိုင်းဒေးကြေးတိုးတောင်းတဲ့အချက်နဲ့ပဲဆန္ဒပြတယ်လို့သိရတယ်။ ဒေးကြေးကအရမ်းနည်းလွန်းလို့ ခုလိုတောင်းဆိုတာဖြစ်မယ်။ စက်ရုံမှာ လုံခြုံရေးတွေစောင့်နေကြတယ်ဆိုတော့ ကိုယ်တွေလည်းသွားမဖြစ်ဘူး။  ဘာကြောင့်လဲတောင်းဆိုချက်တွေဘာလဲဆိုတာ မသိရ ဘူး။ ဒီစက်ရုံကခုထိတော့ HM ဘရမ်းချုပ်နေသေးတယ်သိရတယ်။ အလုပ်သမားကထောင်ကျော်တယ်။ စက်ရုံကပြသနာခဏခဖြစ်တဲ့စက်ရုံနာမည်ကြီးပဲ။ အလုပ်သမားတွေဆန္ဒမပြရဘူး မတောင်းဆိုရဘူး။ သမဂ္ဂမဖွဲ့ရဘူး  အမျိုးမျိုးပဲ"လို့ အလုပ်သမားရေးကူညီဆောင်ရွက်သူတစ်ဦးကဆိုပါတယ်။ 

အဆိုပါစက်ရုံကအလုပ်သမားတွေဟာ  ယနေ့နံနက်၈နာရီ စက်ရုံထဲစရောက်ချိန်ကစလို့  ဒေးကြေးအရမ်းနည်းလွန်းတာကြောင့်  ဒေးကြေးတိုးပေးဖို့  စက်ရုံတွင်းမီးများပိတ်ကာ  အလုပ်ရပ်ပြီးအလုပ်သမားများအားလုံးတောင်းဆိုနေကြတာဖြစ်တယ်လို့ သိရပါတယ်။


Related posts

Cover
သမဂ္ဂဖွဲ့ရန် ကြိုးပမ်းသည့် SHENG TAI စက်ရုံလုပ်သားများ အလုပ်ထုတ်ခံရပြီး ခွဲခြားဆက်ဆံမှုများ ကြုံတွေ့ရ
Nov 22, 2025
Cover
DAMEI စက်ရုံတွင် အလုပ်သမား အခွင့်အရေး ချိုးဖောက်ခံရပြီး အရွယ်မရောက်သူများပါ အလွန်အကျွံ ခိုင်းစေခံရ
Nov 21, 2025
Cover
အပိုထောက်ပံ့ကြေး ၁၀၀၀ကျပ် မပေးသဖြင့်တိုင်ကြားခံရသည့် True Green City စက်ရုံ အလုပ်ရှင်၊ အလုပ်သမား ညှိနှိုင်းပြေလည်မှုရရှိ
Nov 21, 2025
Cover
ပြည်ပအလုပ်အကိုင်အတွက် EC စာချုပ် ချုပ်ပြီး တစ်နှစ်နီးပါးအထိ ထွက်ခွာခွင့်မရတဲ့အလုပ်သမားတွေ အခက်ကြုံနေ
Nov 21, 2025
Cover
အလုပ်သမားအဖွဲ့စည်းများ လွတ်လပ်စွာ ဖွဲ့စည်း နိုင်တယ်လို့ စစ်ကော်မရှင်ရဲ့ အလုပ်သမားဝန်ကြီးပြော
Nov 21, 2025
Cover
Myanmar Bestfortune Garment တစ်ပတ် ၇ ရက်နီးပါး အချိန်ပို ဖိအားပေးစေခိုင်း
Nov 21, 2025
Cover
Myanmar Huasheng Golden Fashion အလုပ်သမား ၂၀၀ နီးပါးအား အလုပ်ထုတ်
Nov 15, 2025
Cover
Lita Myanmar အထည်ချုပ် စနေနေ့အတွက်ဆိုပြီး အချိန်ပိုနာရီမှ ဖြတ်ယူ
Nov 15, 2025