NEWS

KFINE INTERNATIONAL GARMENT မှာအလုပ်သမားအခွင့်အရေးချိုးဖောက်မှုများရှိနေတယ်လို့ အလုပ်သမားတွေပြော

CoverLogo
1.9K Views

ပဲခူးတိုင်း အရှေ့ပိုင်း ဝိုင်းကျေးရွာ ကွင်းအမှတ် ( ၆၅၂-ဂ) မှာဖွင့်လှစ်ထားတဲ့ KFINE INTERNATIONAL GARMENT     စက်ရုံတွင်အလုပ်သမား (၁၀၀၀) ကျော်ဖြင့် လုပ်ကိုင်လျှက်ရှိပြီး  အလုပ်သမားအခွင့်အရေးချိုးဖောက်မှုများ ရှိနေတဲ့အတွက် ပြုပြင်ပြောင်းလဲပေးဖို့ လိုလားနေတယ်လို့ အလုပ်သမားတွေထံကသိရပါတယ်။

၎င်းစက်ရုံသည် ဂျာမန်နိုင်ငံသားပိုင်ဖြစ်ပြီး ကိုရီးယားအထည်များး ဝယ်လွန်အသား အနွေးထည်များ ချုပ်လုပ်ကာ လုပ်ငန်းခွင်ထဲမှာ နေ့စားအလုပ်သမား အများအပြားအသုံးပြုခိုင်းစေနေတာရှိပြီး တစ်နှစ်ကျော်ကြာ နေ့စားအဖြစ်လုပ်ကိုင်နေရတဲ့ အလုပ်သမားတွေလည်းရှိနေတယ်လို့ သိရပါတယ်။

"စက်ရုံမှာ တစ်ဝက်လောက်က နေ့စားတွေပါ တချို့ဆို တစ်နှစ်နီးပါး ရှိနေပါပြီ အချိန်ပိုကြေးကိုလည်း စက်သမားတွေကို ၆၀၀ ကျပ်ပေးပြီး ချည်မွှေးညှပ်ရတဲ့အလုပ်သမားတွေကိုကျတော့ တစ်နာရီ ၅၀၀ နဲ့ ခိုင်းပါတယ် အလုပ်တစ်ရက်ပျက်မယ်ဆိုရင်တော့ နောက်နေ့ လာစရာမလိုတော့ဘူး အလုပ်ပြန်မခန့်ဘူးလို့လည်းပြော တာ"လို့ စက်ရုံတွင်းက အမည်မဖော်လိုတဲ့ အလုပ်သမားကပြောပါတယ်။

အလုပ်သမားတွေအနေနဲ့ နေမကောင်းဖြစ်ပါက အလုပ်ပျက်လို့ မရတဲ့ အနေအထားဖြစ်နေတာကြောင့် အခက်တွေ့နေရတယ်လို့ ဆိုပါတယ်။

နေ့စားအလုပ်သမားတွေအနေနဲ့ လုပ်ငန်းခွင်စတင်ဝင်ရောက်စဉ်က အလုပ်ဆင်းရက် ၂ ရက်ကို အခမဲ့ဆင်းပေးရပြီး အမြဲတမ်းဝန်ထမ်းဖြစ်မှ ပြန်လည် ထည့်သွင်းပေးမယ်လို့ ဆိုပေမယ့် တစ်နှစ်ကျော်ကြာအထိ ခန့်အပ်ခြင်းမရှိတာကြောင့် လဲ ၂ ရက်တာ လုပ်ခလစာ မရရှိဘဲ လုပ်ကိုင်ခဲ့ရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် နေ့စားအလုပ်သမားတွေ အတွက် အလုပ်ချိန် ည ၇ နာရီမှာ နံနက် ၄ နာရီထိ အလုပ်ဆင်းခိုင်းပြီး နောက်တစ်နေ့ နံနက် ထိ အလုပ်မလုပ်နိုင်တဲ့ အလုပ်သမားတွေကို လုပ်အားခရှင်းမပေးဘဲ အလုပ်ဖြုတ်ပစ်တာတွေလည်း ပြုလုပ်တယ်လို့ အမည်မဖော်လိုတဲ့ အလုပ်သမားတွေကပြောဆိုပါတယ်။

အဆိုပါ နေ့စားအလုပ်သမားတွေထဲမှာ အသက်အရွယ်အားဖြင့် ၁၃ နှစ်မှ ၁၅ နှစ်အထိ လူရွယ်လုပ်သမားတွေအများအပြားခန့်ထားပြီး အလုပ်တက်ချိန် အတိအကျမရှိဘဲ အလုပ်ချိန်ထက် ပိုမိုစောစီးစွာ ဝင်ရောက်ချုပ်လုပ်ပေးရတာရှိတယ်လို့ လည်း ကျေနပ်မှုမရှိတဲ့ အလုပ်သမားတွေက ပြောဆိုပါတယ်။

ယင်းကဲ့သို့ စောစီးစွာ ဝင်ရောက်လုပ်ကိုင်မှုမရှိပါက ရိုင်းစိုင်းစွာပြောဆိုခြင်းခံရပြီး အထည်စံချိန်များကိုလည်း အလုပ်သမားတွေ ချုပ်လုပ်နိုင်တာထက်ပိုတဲ့ စံချိန် တောင်းခံထားပြီး ကိုရီးယားအနွေးထည် ဝယ်လွန် အသား များကို တစ်နာရီလျင် အထည် ၂၀ သတ်မှတ်တောင်းခံတဲ့အတွက် ပွိုင့်များခြင်း ချုပ်လုပ်ရ ခက်ခဲခြင်း လက်ဝင်ခြင်းတို့ ကြောင့် စံချိန်ပြည့်မီရန် ရေမသောက် အပေါ့အပါးမသွားဘဲ ချုပ်လုပ်နေရပြီး စံချိန်မပြည့်ပါက ရိုင်းစိုင်းစွာ ဆဲဆိုကာ ဖိအားပေးစေခိုင်းတာတွေရှိနေတယ်လို့ အလုပ်သမားတွေကပြောပါတယ်။

"ကျွမ်းကျင်ကြေး ကို   A,B,C,ကို ခွဲထားပေးပြီး စက်လိုင်းထဲပြန်ရောက်လို့ ရှိရင်  A ရထားတဲ့  လိုင်းကို စူပါကနေ ပြန်ခွဲပေးတာတွေလုပ်တယ်  အမှန်တကယ် ပွိုင့်စုံချုပ်တတ်တဲ့ သူက A မရဘဲ  စူပါနဲ့အဆင်ပြေ စူပါအလုပ်သွင်းပေးသူက A ရရှိပြီး ပိုက်ဆံပိုရနေတာတွေ ရှိပါတယ်၊  တကယ်အလုပ်လုပ်သူ အတွက် တရားမျှတမှု မရှိဘူး" လို့ အလုပ်သမားကပြောပါတယ်။

လုပ်ငန်းခွင်ထဲမှာ ကိုယ်ဝန်ဆောင် အမျိုးသမီးလုပ်သားတွေကို အကြောင်းပြချက်မရှိဘဲ ဥပဒေမဲ့အလုပ်ထုတ်တာ အလုပ်သမားတွေခံစားခွင့်ရှိတဲ့ ခွင့်တွေကိုလည်း ခံစားခွင့်မရရှိတာတွေကြောင့် အခက်အခဲတွေ ကြုံတွေ့နေရတယ်လို့ အလုပ်သမားတွေကပြောဆိုပါတယ်။

အလုပ်သမားများတောင်းဆိုချက်များအနေနဲ့  ၃လပြည့်ပြီးသော အလုပ်သမားများကို အတည်ပြုဝန်ထမ်းခန့်အပ်ပေးရန် တစ်နှစ်နီးပါးရှိသော အလုပ်သမားများကို အချိန်ပိုအိုတီကြေး အပြည့်အဝပေးရန် အလုပ်သမားများ သတ်မှတ်အလုပ်ချိန်ပြည့်မှ အလုပ်ခိုင်းစေရန် ကျွမ်းကျင်ကြေးပေးရာတွင် ဘက်လိုက်မှုမရှိပဲ အလုပ်ပေါ်ကြည့်ပြီး ပေးရန် အလုပ်သမားတစ်ဦး ချုပ်လုပ်နိုင်သော စံချိန်ကိုသာ တောင်းခံရန် အလုပ်သမားများ ခံစားခွင့်ရှိသော ဥပဒေပါခံစားခွင့်များ ပေးရန်တောင်းဆိုလိုတယ်လို့ အလုပ်သမားတွေကပြောဆိုပါတယ်။

#MyanamrLabourNews

 


Related posts

Cover
Myanmar Handsome စက်ရုံ အချိန်ပို အတင်းကျပ် ဆင်းခိုင်း
Jun 25, 2026
Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026
Cover
စုပေါင်းတောင်းဆိုနေသည့် အလုပ်သမားများအား Max Technology  စက်ရုံ အတွင်း ဝင်ခွင့်မပေး
Jun 24, 2026
Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026