NEWS

KBL Garment အချိန်ပိုမဆင်းသည့် အလုပ်သမားအား ဒဏ် ၁လချမည်ဟု ခြိမ်းခြောက်

CoverLogo
818 Views
ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ ကျန်းစစ်သားလမ်း၊ စက်မှုဇုန် (၁)က သတိုးသမီးဝတ်စုံချုပ် KBL Garment စက်ရုံမှာ အချိန်ပိုမဆင်းတဲ့ အလုပ်သမားသမားတွေကို ပြစ်ဒဏ်အနေနဲ့ အချိန်ပို ၁ လမခေါ်ဘူးဆိုပြီး ခြိမ်းခြောက်တယ်လို့ ပြောပါတယ်။
KBL Garment စက်ရုံမှာ ညနေ ၄နာရီခွဲကနေ ည ၉ နာရီ၊ ၁၁ နာရီ စတဲ့ အချိန်တွေအထိ အချိန်ပိုလုပ်ကိုင် ရပြီး နိုင်ငံရေးအခြေအနေတွေကြောင့် အလုပ်သမားတွေက ညနေ ၆ နာရီခွဲအထိ လုပ်ကိုင်ခွင့်ပြုဖို့ တောင်းဆိုခဲ့တာကို အခုလို အရေးယူမယ်ဆိုပြီး ပြောဆိုခဲ့တာလို့ အလုပ်သမားတွေက ပြောပါတယ်။
 
“အော်စူပါ၊ စူပါတွေက ခေါ်သည့်အချိန်ပိုကို မဆင်းရင် အချိန်ပိုမပေးဘဲ့ (၁) လ ဖိုင်း(ဒဏ်)ချမယ် ပြောတယ်။ ဒါကြတော့ အဆင်မပြေဘူး။လစာအတိုင်းဆို စာဝတ်နေရေး မလွယ်ဘူး။ အချိန်ပို တနေ့ (၂) နာရီလောက်လုပ်မှ လစာအဆင်ပြေတာ ဖြစ်ပါတယ်။ လုံးဝ အချိန်ပိုမပေးရင် စားဝတ်နေရေးအတွက် မပြေလည်နိုင်ဘူး။ ဒါကြောင့် ကြိတ်မှိတ်ဆင်းနေရတာ” လို့ အလုပ်သမားတွေက ပြောပါတယ်။
 
လုပ်ခလစာကို နှစ်ကြိမ် ခွဲပေးပြီး ညနေ ၆ နာရီခွဲ နောက်ပိုင်း အချိန်ပိုဆင်းတဲ့ လုပ်ခကို လကုန်ရက်မှာ သီးခြား ခွဲပေးတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ လကုန်ပြီး ၅ ရက်မှာ အချိန်ပို ၂ နာရီအပါလုပ်ခလစာကို နောက်ထပ်တကြိမ် ထပ်ပေးတာလို့ ပြောပါတယ်။
 
အထည်စံချိန်တွေကို အလုပ်သမားချုပ်နိုင်တဲ့ အရေအတွက်တက် ပိုမိုတောင်းခံပြီး၊ သတ်မှတ်ချက်ရရှိဖို့ အော်စူပါ ၊ စူပါတွေက အော်ဟစ် ရိုင်းစိုင်းစွာ ပြောဆို ခိုင်းစေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ ဥပဒေပါခွင့် ရဖို့ ခက်ခဲပြီး အပြောအဆို ခံရပြီးမှ ခွင့်ရတယ်လို့လည်း အလုပ်သမားတွေက ပြောပါတယ်။
 
အလုပ်သမားတွေကတော့ နိုင်ငံရေးအခြေအနေတွေကြောင့် အချိန်ပိုကို ၆နာရီခွဲအထိသာ လုပ်ကိုင်လိုပြီး ဆန္ဒ ရှိသူတွေကိုသာ ညနက် အချိန်ပို လုပ်ကိုင်စေဖို့၊ ခွင့်ရက်တွ ပေးဖို့၊ အလုပ်သမားလုပ်ကိုင်နိုင်တဲ့ အရည်အတွက်ကို ညှိနှိုင်းခိုင်းစေဖို့၊ ဖိအားပေးဆဲဆိုတာ မလုပ်ဖို့ အလုပ်သမားတွေက လိုလားနေပါတယ်။
 
KBL Garment စက်ရုံက တရုတ် နိုင်ငံသား ပိုင်ဖြစ်ပြီး DAVIDS BRIDAL, Studio စတဲ့ သတိုးသမီးဝတ်စုံတွေ ချုပ်လုပ်နေတယ်လို့ သိရပါတယ်။

Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026