NEWS

K SENG အထည်ချုပ်စက်ရုံမှာ အလုပ်သမားအခွင့်အရေးချိုးဖောက်မှုများ ကျုးလွန်နေ

CoverLogo
972 Views

ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ် သာဓုကန်စက်မှုဇုန်မှာဖွင့်ထားတဲ့ K SENG အထည်ချုပ်စက်ရုံမှာ နိုင်ငံတကာအမှတ်တံဆိပ်တွေဖြစ်တဲ့ Beisie /Orsay/ CLIQUE တွေကို အလုပ်သမား အင်အား ၁၅၀၀ ခန့်နဲ့ ချုပ်လုပ်တင်ပို့နေတာဖြစ်ပါတယ်။

တရုတ်နိုင်ငံသားပိုင်စက်ရုံဖြစ်ပြီး လုပ်ငန်းခွင်ထဲမှာ အလုပ်သမားတွေကို ခွင့်ခံစားခွင့်ပေးထားတာမရှိဘဲ အချိန်ပို အလွန်အကျွံခေါ်တာ အလုပ်သမားသမဂ္ဂရော လုပ်ငန်းခွင်ညှိနှိုင်းရေးကော်မီတီပါ ဖွဲ့စည်းခွင့်ပြုထားတာမရှိဘဲ အလုပ်သမားအခွင့်အရေးတွေ ဆုံးရှုံးနေရတာဖြစ်တယ်လို့ အဲ့ဒီစက်ရုံက အလုပ်သမားကပြောပါတယ်။

လုပ်ငန်းခွင်ထဲမှာ အချိန်ပိုခေါ်ယူမယ်ဆိုရင် အလုပ်သမားတွေရဲ့ ဆန္ဒသဘောထားတောင်းခံရမယ်လို့ ဥပဒေမှာ ပြဌာန်းထားပေမဲ့ အဲ့လိုလုပ်ဆောင်တာမရှိဘဲ အတင်းအကြပ် ခြိမ်းခြောက်ခိုင်းစေတာတွေ အချိန်ပိုကြေးလုပ်အားခတွေ ဖြတ်တောက်တာ အလုပ်သမားဥပဒေပါခွင့်ခံစားခွင့်တွေမပေးတာထိပါ ကျူးလွန်နေတာလို့ ကျေနပ်မှုမရှိတဲ့အလုပ်သမားကပြောဆိုပါတယ်။

အလုပ်သမားတွေရဲ့ ဆန္ဒမပါဘဲ အချိန်ပို အောလင်း အောနိုက်( ညလုံးပေါက် )ဆင်းခိုင်းတာတွေ လုပ်ပြီး အဲ့ဒီအလုပ်သမားတွေအတွက်လည်း ဖယ်ရီစီစဉ်မပေးဘဲ ကိုယ့်အစီအစဉ်နဲ့ကိုယ်သွားလာရတာ အချိန်ပိုကြေးတွေတွက်ချက်ပေးရာမှာလည် မှန်ကန်မှုမရှိတာ အချိန်ပိုမဆင်းနိုင်တဲ့အလုပ်သမားတွေကို ဖိအားပေး တာတွေ ကျူးလွန်လျက်ရှိတယ်လို့ သိရပါတယ်။

"ဥပဒေပါခွင့်တွေ မရပါဘူး အောစူပါ စူပါတွေနဲ့ဆက်ဆံရေးပြေလည်တဲ့ လူတွေနဲ့ မျက်နှာသာပေးခံရတဲ့ အလုပ်သမားတွေက ခွင့်ရတာရှိပြီး ကျန်အလုပ်သမားတွေကို ခွင့်မပေးဘူး ဒါက ခွဲခြားဆက်ဆံတာပါ ပြီးတော့ လူမှုဖူလုံရေးကတ်တွေ မလုပ်ပေးဘူးပေါ့နော် ကိုယ်ဝန်ဆောင်အလုပ်သမားတွေနဲ့ ဖူလုံရေးဆေးခွင့်ယူတဲ့
အလုပ်သမားတွေကိုလဲ ခွင့်မဲ့ လုပ်ပစ်တာရှိတယ်"လို့ အမည်မဖော်လိုတဲ့အလုပ်သမားကပြောပါတယ်။

အလုပ်သမား အင်အား ၁၅၀၀ ကျော်လုပ်ကိုင်နေတဲ့ စက်ရုံလုပ်ငန်းခွင်မှာ သောက်ရေစီစဉ်ပေးထားတာမရှိဘဲ ပိုက်ဖြင့် သွယ်တန်းပေးထားတဲ့ရေကို သောက်ရပြီး လုပ်ငန်းခွင်ဆိုင်ရာ စစ်ဆေးရေးများလာပါက ရေသန့်ဘူးတွေ ဝယ်ပြီးပြထားပေးထားကာ သောက်ရေသန့် စီစဉ်ပေးထားသယောင် လိမ်လည်ထားတာတွေလည်း စက်ရုံတာဝန်ရှိသူတွေ ပြုလုပ်ထားတာလို့ ဆိုပါတယ်။

ဒါ့အပြင် ကျန်းမာရေး ကိစ္စဖြစ်တဲ့ အိမ်သာကို လည်း အလုပ်သမားဦးရေအလိုက်သင့်တင့်အောင် စီစဉ်ပေးမထားတာ လေအေးစက်တပ်ဆင်မပေးဘဲ ပူလောင် အိုက်စပ်စွာ လုပ်ကိုင်ရတာ ကြောင့် အပူအအေးမမျှတဘဲ ကျန်းမာရေးကို ထိခိုက်စေတာတွေလည်း ရှိတယ်လို့ အလုပ်သမားကပြောပါတယ်။
 
လုပ်ငန်းခွင်ထဲမှာ အလုပ်ရှင် အလုပ်သမားဆက်ဆံရေးကောင်းမွန်ဖို့ အထောက်အကူဖြစ်စေတဲ့ လုပ်ငန်းခွင်ညှိနှိုင်းရေကော်မတီ WCC ဖွဲ့စည်းမပေးတာ၊ အလုပ်သမား များ၏ ဆန္ဒမပါဘဲ ချိန်ပိုနှင့် အောလင်း/အောနိုက်ခေါ်တာ၊ အချိန်ပိုကြေးများ ဖြတ်တောက်တာ၊ အလုပ်သမားများအား ဥပဒေပါခွင့် များခံစားခွင့် မပေးတာ ၊ စက်ရုံအတွင်း   အလုပ်သမားများအတွက်   သောက်ရေစီစဉ်ထားပေးမှုမှာ    သန့်ရှင်းမှုမရှိတာ၊ ဆေးခန်းတွင် ဆေးပစ္စည်း ပြည့်စုံစွာ စီစဉ်မပေးတာ၊  စက်ရုံသည် လုပ်ငန်းခွင်တွင် အပူအအေး မျှတအောင်စီစဉ်မပေးတာ၊ အိမ်သာစီစဉ်ပေးမှုမှာ သန့်ရှင်းမှု မရှိခြင်းနှင့် လုံလောက်မှုမရှိတာ၊ စက်ရုံမှ စီစဉ်ပေးသော ဖယ်ရီများမှာ ကားကြပ်သည့်တွက် အလုပ်သမားများ အစဉ်မပြေတာ ၊ အချိန်ပိုမဆင်းနိုင်သော အလုပ်သမားများ အလုပ်နားရန် ခွင့်တောင်းသည့် အလုပ်သမားများနှင့် အထည်စံချိန်မပြည့်အခါများတွင် စူပါ/အောစူပါများက ရိုင်းစိုင်းစွာပြောဆိုဆက်ဆံခြင်းများရှိတာတွေကို စက်ရုံဘက်မှ တာဝန်ရှိသူတွေအနေနဲ့ ဖြေရှင်းပေးဖို့ လိုလားတယ်"လို့ အလုပ်သမားတွေထံက  သိရပါတယ်။


Related posts

Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026
Cover
Myanmar Zhen Xiang Garment တပတ် နာရီ ၂၀ ကျော် အချိန်ပိုဆင်းခိုင်း ဖယ်ရီမပေးဘဲ ဆဲဆို
Jun 07, 2026
Cover
Casico Garment တွင် နှစ်လုံးရောင်းချသူ ဖုန်းအား မသိမ်းဘဲ၊ အလုပ်သမား ဖုန်း အားလုံး သိမ်းဆည်း
Jun 07, 2026
Cover
Saifeom International အထည်ချုပ် လျှစ်စစ် အန္တရာယ်နှင့် ကြုံတွေ့နေရ
Jun 07, 2026
Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026