NEWS

Joy Time Garment စက်ရုံလုပ်သားများ တောင်းဆိုမှု ပြေလည်မှုရ

CoverLogo
240 Views
 
Joy Time အထည်ချုပ် စက်ရုံမှာ လုပ်အားခ တိုးမြှင့်ပေးဖို့ လုပ်သားတွေ တောင်းဆိုမှုက ဇွန်လ ၂ ရက်မှာ နှစ်ဖက်ညှိနှိုင်းပြီး ပြေလည်မှုရရှိခဲ့တယ်လို့ သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ် STUM က ထုတ်ပြန်ထားပါတယ်။
 
စက်ရုံ အလုပ်သမားတွေက အနည်းဆုံး အခကြေးငွေ တိုးမြှင့် ဖို့ မေလ ၃၀ ရက် ညနေ့ပိုင်းက စတင် တောင်းဆိုခဲ့ ကြတာပါ။ တောင်းဆိုမှုမှာ အလုပ်သမားအားလုံး ပါဝင်ခဲ့ပြီး ၃ ရက်ကြာပြီးနောက် အလုပ်ရှင်နဲ့ အလုပ်သမားကြား သဘောတူချက် ရရှိခဲ့တာ ဖြစ်ပါတယ်။
 
အလုပ်သမားတွေက ဒေးကြေး ၁၃,၀၀၀၊ အချိန်ပိုကြေး ၂၅၀၀ နဲ့ ရက်မှန်ကြေး ၆၀,၀၀၀ ရရှိဖို့ တောင်းဆို ခဲ့ကြပြီး နှစ်ဖက် သဘောတူချက်အရ ဒေးကြေး ၁၁,၅၀၀ ကျပ်၊ အချိန်ပိုကြေး ၂,၂၀၀ နဲ့ ရက်မှန်ကြေး ၅၀,၀၀၀ ကို အလုပ်သမားတွေ ခံစားခွင့်ရမှာ ဖြစ်ပါတယ်။
 
Joy Time (Myanmar) Garment စက်ရုံက ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်၊ ဝါးတစ်ရာစက်မှုဇုန်၊ ဗိုလ်တိုက်ချွန်းလမ်းမှာ ဖွင့်လှစ်ထားပြီး XSide ၊ SOUTHBLUE၊ LC WAIKIKI ၊ mavi စတဲ့ တံဆိပ်အထည်တွေ ချုပ်လုပ်နေတဲ့ CMP စက်ရုံဖြစ်ပါတယ်။
 

Related posts

Cover
Handsome အထည်ချုပ်စက်ရုံတွင် အလုပ်သမားများ ထံမှ တရားမဝင် ငွေကောက်ခံမှုများ ပြုလုပ်နေ (ရုပ်သံသတင်း)
Oct 09, 2025
Cover
Myantex စက်ရုံ အလုပ်သမားခေါင်းဆောင် တချို့ အနိုင်ကျင့် လုပ်ခလစာဖြတ်တောက်နေ (ရုပ်သံသတင်း)
Oct 09, 2025
Cover
Handsome အထည်ချုပ်စက်ရုံတွင် အလုပ်သမားများ ထံမှ တရားမဝင် ငွေကောက်ခံမှုများ ပြုလုပ်နေ
Oct 09, 2025
Cover
မဲဆောက် တွင် ဈေးရောင်းနေသည့် မြန်မာများ အဖမ်းခံရ
Oct 09, 2025
Cover
Myantex စက်ရုံ အလုပ်သမားခေါင်းဆောင် တချို့ အနိုင်ကျင့် လုပ်ခလစာဖြတ်တောက်နေ
Oct 09, 2025
Cover
Sudey စက်ရုံ အလုပ်သမားများ လစာဖြတ်တောက်ခံရ
Oct 08, 2025
Cover
Sudey စက်ရုံ အလုပ်သမားများ လစာဖြတ်တောက်ခံရ (ရုပ်သံ သတင်း)
Oct 08, 2025
Cover
ရွှေပေါက်ကံစက်မှုဇုန်မှ HYUN TEX အထည်ချုပ်ရုံသစ်တွင် ညအချိန်ပို အတင်းအကျပ် ခိုင်းစေ (ရုပ်သံသတင်း)
Oct 07, 2025