NEWS

Joy Time Garment စက်ရုံလုပ်သားများ တောင်းဆိုမှု ပြေလည်မှုရ

CoverLogo
425 Views
 
Joy Time အထည်ချုပ် စက်ရုံမှာ လုပ်အားခ တိုးမြှင့်ပေးဖို့ လုပ်သားတွေ တောင်းဆိုမှုက ဇွန်လ ၂ ရက်မှာ နှစ်ဖက်ညှိနှိုင်းပြီး ပြေလည်မှုရရှိခဲ့တယ်လို့ သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ် STUM က ထုတ်ပြန်ထားပါတယ်။
 
စက်ရုံ အလုပ်သမားတွေက အနည်းဆုံး အခကြေးငွေ တိုးမြှင့် ဖို့ မေလ ၃၀ ရက် ညနေ့ပိုင်းက စတင် တောင်းဆိုခဲ့ ကြတာပါ။ တောင်းဆိုမှုမှာ အလုပ်သမားအားလုံး ပါဝင်ခဲ့ပြီး ၃ ရက်ကြာပြီးနောက် အလုပ်ရှင်နဲ့ အလုပ်သမားကြား သဘောတူချက် ရရှိခဲ့တာ ဖြစ်ပါတယ်။
 
အလုပ်သမားတွေက ဒေးကြေး ၁၃,၀၀၀၊ အချိန်ပိုကြေး ၂၅၀၀ နဲ့ ရက်မှန်ကြေး ၆၀,၀၀၀ ရရှိဖို့ တောင်းဆို ခဲ့ကြပြီး နှစ်ဖက် သဘောတူချက်အရ ဒေးကြေး ၁၁,၅၀၀ ကျပ်၊ အချိန်ပိုကြေး ၂,၂၀၀ နဲ့ ရက်မှန်ကြေး ၅၀,၀၀၀ ကို အလုပ်သမားတွေ ခံစားခွင့်ရမှာ ဖြစ်ပါတယ်။
 
Joy Time (Myanmar) Garment စက်ရုံက ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်၊ ဝါးတစ်ရာစက်မှုဇုန်၊ ဗိုလ်တိုက်ချွန်းလမ်းမှာ ဖွင့်လှစ်ထားပြီး XSide ၊ SOUTHBLUE၊ LC WAIKIKI ၊ mavi စတဲ့ တံဆိပ်အထည်တွေ ချုပ်လုပ်နေတဲ့ CMP စက်ရုံဖြစ်ပါတယ်။
 

Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026