NEWS

JOC Myanmar Knitwear အထည်ချုပ်စက်ရုံအလုပ်သမားတွေ ဒေးကြေးတိုးပေးဖို့တောင်းဆို၊ အလုပ်သမား ၂ ဦးအလုပ်ထုတ်ခံရ

CoverLogo
919 Views

အင်းစိန်မြို့နယ် မှတ်-- ၊ ဦးမြဲလမ်း၊ စက်မှုဇုန် (၄)၊ တွင် ဖွင့်လှစ်ထားပြီး အလုပ်သမားဝန်ထမ်း ၈၀၀ကျော်နဲ့ လုပ်ငန်း လုပ်ကိုင် နေတဲ့ JOC Myanmar Knitwear အထည်ချုပ်စက်ရုံက အလုပ်သမားတွေဟာ လတ်တလော မြင့်တက်လာတဲ့ ကုန်ဈေးနှုန်း နဲ့ စားဝတ်နေရေး အခြေအနေတွေကို ကို ဖြေရှင်းနိုင်ဖို့  ဒေးကြေးတိုးမြှင့်ပေးဖို့စက်ရုံတွင်းတောင်းဆိုနေဆဲဖြစ်တယ်လို့ သိရပါတယ်။

"ဒီ၅လပိုင်းလစာထုတ်ရာမှာ  ဂရိတ်ကြေး လျှော့ခံထားရတယ်။ ဂရိတ်ကြေးဆိုတာကလည်း လုပ်ငန်းရှင်တွေကသူတို့ကစားဖို့ထည့်ထားတာကိုး။ ၀န်ကြီးဌာနထုတ်ပြန်ထားတဲ့စာတွေမဟုတ်ဘူးဆိုတေ့ာ သူတို့လည်းဂရိတ်ကြေးဖြတ်ချလိုက်တယ်ပေါ့။ ဂရိတ်ကြေးဖြတ်ချတယ်ဆိုတာကလည်း ဟုတ်မဟုတ်တော့မသိဘူးပေါ့နော်။ စွပ်စွဲသလိုလည်းဖြစ်မှာပေါ့။ စက်ရုံ အားလုံး ၆၈၀၀ ပေးနေကြတော့ ၆၈၀၀ နဲ့တက်ပေးမယ်ဆိုရင်ဂရိတ်ကြေးဖြတ်ချလိုက်မယ်လို့ သူတို့တွက်ပုံရပါတယ်။ အဲ့တော့ အလုပ်သမားတွေကမကျေနပ်ဘူး။ မကျေနပ်တော့ ၆ရက်နေ့က သူတို့ဆန္ဒပြတယ်။ ဒေးကြေး ၇၈၀၀ ဂရိတ်ကြေး ၄သောင်းဆိုပြီးတောင်းဆိုတယ်" လို့  အဲ့ဒီအလုပ်သမားတွေကိုကူညီဆောင်ရွက် ပေးနေသူကဆိုပါတယ်။  

အဆိုပါအလုပ်သမားတွေဟာ  ဒေးကြေး ၇၈၀၀ ကျပ်ပေးဖို့နဲ့ grade ကြေးလေးသောင်းပေးဖို့ ပြီးခဲ့တဲ့ဇူလိုင်၆ရက်နေ့က စတင်တောင်းဆိုမှုပြုလုပ်နေခဲ့တာဖြစ်ရာ  တောင်းဆိုနေချိန်မှာ တစ်တော့ ရုပ်သံရိုက်ကူးမှုပြုလုပ်တဲ့ အလုပ်သမားနဲ့ အခြားအလုပ်သမားတစ်ဦး အငြင်းပွားနေချိန် တရုတ် နည်းပညာရှင် ကတွေ့ရှိပြီး အလုပ်သမားနှစ်ဦးလုံးကို လက်မှတ်ထိုးခိုင်းပြီး   အလုပ်ကနေထုတ်ပယ်လိုက်တယ်လို့ သိရပါတယ်။ 

"တောင်းဆိုနေချိန်မှာ တစ်တော့ရိုက်နေတဲ့အလုပ်သမားတွေအများကြီးပဲ။ သူလည်းတင်လိုက်တယ်ပေါ့။ ၈ရက်နေ့မှာကျတော့ ကောင်မလေးတစ်ယောက်က တစ်တော့မှာသူ့မျက်နှာပါနေတယ် အဲ့တာကိုဖြုတ်ပေးလို့ပြောတယ်။ နှစ်ယောက်အချင်းများနေတာကို  သူတို့ရဲ့ ပညာရှင်တရုတ်လူမျိုးကတွေ့သွားပြီး HR ရုံးကိုခေါ်တယ်။ နှစ်ယောက်လုံးကိုအလုပ်ဖြုတ်လိုက်တယ်" လို့ ၎င်းကဆိုပါတယ်။

အီးစီစာချုပ်ချုပ်ဆိုထားခြင်းမရှိခဲ့ဘဲ အလုပ်ထုတ်ခံခဲ့ရတာကြောင့်  အင်းစိန်အလုပ်သမားရေးရာ ဆက်ဆံရေးဦးစီးဌာနသို့ ဇူလိုင်၁၀ ရက်နေ့မှာ သွားရောက် တိုင်ကြားရာ JOC စက်ရုံ မန်နေဂျာက ဦးစီးမှူးထံ ကြိုတင်ရောက်ရှိနေ ပြီး ယခုလို  တိုင်စာလာတင်တဲ့ EC ချုပ်ဆိုထားခြင်းမရှိတဲ့အလုပ်သမားကို EC စာချုပ်ဖောက်ဖျက်သည်ဟု အလဆ ဦးစီးက  စွတ်စွဲပြောဆိုခဲ့သလို ခြိမ်းခြောက်ခဲ့တယ်လို့ သိရပါတယ်။  

"သူတို့ကလုပ်သက် တစ်နှစ်နီးပါးရှိတယ် အီးစီမရှိဘူးဆိုတော့ ကိုယ်တိုင်လည်းလက်မှတ်ထိုးထွက်ခဲ့ရတယ်ဆိုတော့ အလစကိုတော့တိုင်ဆိုပြီး လွှတ်လိုက်တော့ မန်နေဂျာ ရောက်နေတယ်တဲ့ ရောက်နေတော့အဲ့ဒီ အလစက ဒီတိုင်စာကိုလက်မခံဘူးပြောတယ်တဲ့။ အီးစီကိုလည်းချိုးဖောက်တယ်ပေါ့။ အီးစီလည်းမချုပ်ထားတော့ ဘယ်ဟာကိုချိူးဖောက်တာလဲဆိုတော့  စကားလာမပြောနဲ့နင်တို့သမဂ္ဂတွေကအလုပ်သမားတွေမှန်မှန်မှားမှား လိုက်ဖြေရှင်းပေးနေတယ်ပေါ့။ ဒီကိစ္စကိုလည်းမရှင်းပေးဘူးပေါ့။ တာ၀န်လည်းမယူဘူး။ ဒီကိစ္စကိုလည်းဖေ့ဘွတ်ပေါ်တင်လို့ အရေးယူလို့တောင်ရတယ်လို့ပြောတယ်။ တိုင်စာကိုလက်မဘူးဆိုရင် လက်မခံဘူးဆိုတာကိုလက်မှတ်ထိုးပေးလို့ ဦးစီးကိုပြောဆိုတော့  အလုပ်သမားကိုမေးပါအုံးတဲ့ အလုပ်သမားကတိုင်ချင်လားဆိုပြီးပြောတယ်။ အလုပ်သမားကသူ့ကိုဖေ့ဘွတ်ပေါ်တင်လို့အရေးယူမယ်ဆိုတော့ မတိုင်တော့ပါဘူးပြောတာပေါ့"လို့ အဖြစ်အပျက်ကို ပြောဆိုပါတယ်။  

JOC စက်ရုံတွင် လက်ရှိ ဖြစ်ပွါးနေသောဒေးကြေးတိုးမြင့်ပေးဖို့ စုပေါင်းတောင်းဆိုမှုကို ပြေလည်အောင်ဖြေရှင်းဆောင်ရွက်ခြင်းမရှိသလို အလုပ်ရှင် အလုပ်သမားတွေ EC စာချုပ် ချုပ်ဆိုထားခြင်းမရှိပေမဲ့  အင်းစိန် အလည အနေနဲ့ လုပ်ငန်းရှင် ကို စစ်ဆေးအရေးယူဆောင်ရွက်ထားခြင်းမရှိဘဲ အလုပ်သမားကိုသာအရေးယူလို့ရတယ်လို့ခြိမ်းခြောက်ခဲ့တာလို့ ပြောပါတယ်။

ယခုကဲ့သို့ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှူကိုအရေးယူဆောင်ရွက်ခြင်းမရှိသလို အလုပ်သမားတိုင်ကြားစာ ကို လက်ခံခြင်းမရှိသော အင်းစိန်မြို့နယ် အလဆ ဦးစီးနှင့်အလည ဦးစီးတို့ကို အလုပ်သမားအရေး အဖွဲ့အစည်းအနေနဲ့ မှတ်တမ်းတင်ထားတယ်လို့လည်းသိရပါတယ်။ 

"၇၈၀၀ ဆိုတဲ့တောင်းဆိုချက်ကလည်း ခုထိမရသေးဘူး။ ခုထိတောင်းဆိုနေကြဆဲ ဆန္ဒပြနေကြဆဲ ညှိနှိုင်းလို့မရသေးဘူး အဲ့တာကိုလည်းသူတို့ပြေလည်အောင်မဖြေရှင်းကြဘူး။ရှင်းရှင်းပြောရရင်  မန်နေဂျာအဲဒီကိုရောက်နေတာကလည်း အဲ့ကိစ္စလက်ဝါးချင်းလာရိုက်တာ။ နောက်တစ်ချက်က အီးစီမရှိဘူး အီးစီချုပ်ဖို့ရာကိုမလုပ်ဘူး။ အဲ့တာကို အလုပ်သမားကကြောက်ပြီးမတိုင်ဘူး လုပ်လို့ရတဲ့နည်းလမ်းကနေဆွဲတင်မယ် " ဆိုပါတယ်။ 

JOC ဟာ အလုပ်သမား ၈၀၀ ခန့်ဖြင့်  ယခုလက်ရှိ US Brand ကိုလက်ခံချုပ်နေသောစက်ရုံဖြစ်ပြီး  JOC စက်ရုံ၊မန်နေဂျာ နှင့် ခြိမ်းခြောက်မှူပြုသည့် အလဆဦးစီး၊ အရေးယူရန်ပျက်ကွက်သော အလည ဦးစီး တို့ အား ဝန်ကြီးဌာန ဘက်မှ အရေးယူမှု ဖြစ် စဉ်ရှိ၊မရှိ ဆက်လက်စောင့်ကြည့်သွားမယ်လို့လည်း ဆိုထားပါတယ်။

 


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026