NEWS

JOC အထည်ချုပ် စက်ရုံ နှစ်ပတ်နီးပါးကြာ အလုပ်သမား တောင်းဆိုမှု ညှိနှိုင်း ပြီးဆုံး

CoverLogo
317 Views
 
JOC (COSTEC) အထည်ချုပ်စက်ရုံမှာ တောင်းဆိုမှုတွေ ဖြစ်ပွားပြီးနောက် ၁၂ ရက်အကြာမှာ ပြီးဆုံးသွားပြီးလို့ Solidarity Trade Union of Myanmar (STUM)က သတင်းထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၉ ရက် ညနေပိုင်းမှာ တောင်းဆိုမှုတွေစတင်ခဲ့ပြီးနောက် ဒီကနေ့ ဇန်နဝါရီ ၁၀ ရက် တောင်းဆိုမှုကို ဦးဆောင်သူတွေက ညှိနှိုင်းရလဒ်တွေကို အလုပ်သမားတွေကို ချပြပြီးနောက် တောင်းဆိုမှု ပြီးဆုံးခဲ့တာလို့ အလုပ်သမားတဦးက ပြောပါတယ်။
 
“ အခု ဒေးကြေး ၅၀၀ ပဲ တိုးတယ်၊ ရက်မှန်ကြေး ကျပ် ၁၀၀၀၀ တိုးတယ်။ ဒါပါပဲ။” လို့ ပြောပါတယ်။
ဒါပေမဲ့ တောင်းဆိုတဲ့ ကာလအတွက် လုပ်ခလစာ ပေးမပေး တိတိကျကျ မသိရသေးဘူးလို့လည်း အမျိုးသမီး အလုပ်သမား တဦးက Myanmar Labour News ကို ပြောပါတယ်။ ဒါ့အပြင် တောင်းဆိုမှု ကာလအတွင်း စက်ရုံဘက်က မီးဖြတ်၊ သုံးရေဖြတ်တာတွေ ပြုလုပ်ခဲ့တဲ့ အပြင် No Work , No Pay ဆိုပြီး ကြေညာခဲ့တာပါ။
 
“အခု ငါးရာတိုးပေးတော့ ဒေးကြေး ၈၃၀၀ နဲ့ ရက်မှန်ကြေး ၄၀၀၀၀ ရမယ်ပေါ့။ တောင်းဆိုတဲ့ ရက်တွေ အတွက်က ဘာမှန်း မသိရသေးဘူး။ ပြီးခဲ့တဲ့ လထဲမှာ ၃ ရက် ဖြတ်ထားသေးတယ်” လို့ ပြောပါတယ်။
 
အလုပ်သမားတွေက လုပ်ခတိုးမြှင့်ရေးကို လုပ်ငန်းခွင့်ရပ်တန့် တောင်းဆိုခဲ့တာဖြစ်ပြီး စက်ရုံဘက်တော့ ဇန်နဝါရီ ၁ရက်မှာ စက်ပစ္စည်းတွေက လွဲပြီး အထည်တွေနဲ့ လုပ်ငန်းသုံး ပစ္စည်းတွေကို ပြောင်းရွှေ့ခဲ့ပါတယ်။
 
“စက်ရုံက သူတို့ အောင်ဒါက ၅ လပိုင်းလောက်မှ ပြန်ရမယ်ဆိုတော့၊ အလုပ်သမားတွေ ညှိနှိုင်းမှုကို လက်ခံရတဲ့ သဘောပါ” လို့ အလုပ်သမားတဦးက ပြောပါတယ်။
 
ပြီးခဲ့တဲ့ လပိုင်းမှာ JOC စက်ရုံကို COSTEC အထည်ချုပ်စက်ရုံအမည်ကနေ ပြောင်းလဲခဲ့ပြီး LC Wakiki ၊ X Shelter ၊ ZERO STAGE နဲ့ Colopuca စတဲ့ အမှတ် တံဆိပ်တွေ ချုပ်လုပ်ခဲ့တာလို အလုပ်သမားတွေက ပြောထားပါတယ်။
JOC အထည်ချုပ်စက်ရုံကတော့ ရန်ကုန်မြို၊ ရွှေပြည်သာစက်မှူဇုန်(၃)၊ မြတောင်ဝန်ကြီးဦးမှိလမ်း ဖွင့်လှစ်ထားပြီး အလုပ်သမား ၁၀၀၀ ဝန်းကျင်လုပ်ကိုင်နေတယ်လို သိထားပါတယ်။

Related posts

Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026
Cover
Myanmar Zhen Xiang Garment တပတ် နာရီ ၂၀ ကျော် အချိန်ပိုဆင်းခိုင်း ဖယ်ရီမပေးဘဲ ဆဲဆို
Jun 07, 2026
Cover
Casico Garment တွင် နှစ်လုံးရောင်းချသူ ဖုန်းအား မသိမ်းဘဲ၊ အလုပ်သမား ဖုန်း အားလုံး သိမ်းဆည်း
Jun 07, 2026
Cover
Saifeom International အထည်ချုပ် လျှစ်စစ် အန္တရာယ်နှင့် ကြုံတွေ့နေရ
Jun 07, 2026
Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026