NEWS

JinKai အထည်ချုပ် အချိန်ပိုခေါ် အတင်းအကျပ်ခေါ်ယူပြီး လိမ်လည် ဖြေခိုင်း

CoverLogo
532 Views
 
JinKai Manufacturing(Myanmar) Co.,Ltd အထည်ချုပ်စက်ရုံမှာ အချိန်ပို အတင်းအကျပ်လုပ်ကိုင်ခိုင်းပြီး စစ်ဆေးမှုတွေကို လိမ်လည်ဖြေကြားခိုင်းတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ စက်ရုံလုပ်သား ၇၀၀ ကျော်ထဲက အလုပ်သမားတချို့ကို လိမ်လည်ဖြေကြားဖို့ ကြိုတင်သင်ကြားပေးခဲ့တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
“အလုပ်သမားရုံးက အရာရှိတွေ လာစစ်ဆေးမှာကို အလုပ်ရှင်က ကြိုသိထားတယ်။ အဲတော့ အလုပ်သမားတွေကို ရုံးခန်းထဲခေါ်ပြီး သင်ပေးတဲ့ အတိုင်း ပြောရမယ်ဆို ပြီး ကြိုပြောတယ်။ လာစစ်တော့ ကြိုသင်ထားတဲ့အတိုင်း အချိန်ပို တစ်နေ့ကို ၂နာရီပဲ လုပ်ခိုင်းတယ်ဆိုပြီး ဖြေခိုင်းတယ်။ အလုပ်ရှင်သင်တဲ့အတိုင်း မပြောပဲ အမှန်တိုင်းပြောရင် ဖြေရတဲ့ အလုပ်သမားတွေ အလုပ် အထုတ်ခံရမယ်ဆိုတော့ အမှန်တိုင်း မဖြေရဘူး။” လို့ အမျိုးသမီးအလုပ်သမားတဦးက ပြောပါတယ်။
စက်ရုံမှာ ပုံမှန် နေ့စဉ် အချိန်ပို ၂နာရီပဲ ခိုင်းစေနေခဲ့ရာကနေ တနေ့ ၃ နာရီအထိ မဆင်းမနေရ အတင်းအကျပ် ခိုင်းစေခဲ့တယ်လို့ အလုပ်သမားတွေက မြန်မာနိုင်ငံကုန်ထုတ်နှင့်စက်မှုလက်မှု အလုပ်သမားများအဖွဲ့ချုပ် (IWFM)ကို ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် အလုပ်သမားတွေကို အချိန်ပို လုပ်ကိုင်ရမယ်လို့ ကြိုတင် အကြောင်းကြားမှု မရှိသလို ဥပဒေအရ ခွင့်ပြုထားတဲ့ ခွင့်အမျိုးအစားတွေ မရကြဘူးလို့ ပြောပါတယ်။
“ဖူလုံရေးကြေးလည်း လတိုင်းဖြတ်ယူနေတာ၊ ဆေးခွင့်လည်း မရဘူး၊ ကျန်တဲ့ ခွင့်တွေ ဆို ဘာမှ မရတာ။ ပိုဆိုးတာက လူမှုဖူလုံရေး ကတ် မရဘူး။ ခွင့်မပေးတဲ့အပြင် တရက်ပျက်တာနဲ့ ဒေးကြေး ၇၈၀၀ ၊ ရက်မှန်ကြေး ၃၀၀၀၀ ဖြတ်တယ်။ နေ့စားတွေဆို ပိုလို့တောင် နစ်နာရတယ်” လို့ အလုပ်သမားတွေက ပြောပါတယ်။
လုပ်ငန်းခွင်အတွင်း ၁၄၊ ၁၅၊ ၁၆ အရွယ် လူငယ်၊လူရွယ် လုပ်သားတွေကို ဆေးထောက်ခံချက် မပါဘဲ လူကြီး အလုပ်သမားတွေနဲ့ တန်းတူခိုင်းစေနေတဲ့ အပြင် နေ့စားအလုပ်သမားများ ၆၀ ကျော်ကို တစ်နာရီ ကျပ် ၁၀၀၀ နဲ့ ခေါ်ယူ ခိုင်းစေကာ သတ်မှတ်ကာလ ပြည့်ပေမဲ့ အတည်ပြုဝန် ထမ်းမခန့်ဘဲ အလုပ်ဖြုတ်တယ်လို့ သိရ ပါတယ်။
စက်ရုံလုပ်သားအားလုံး နီးပါးကို EC စာချုပ် ချုပ်ဆိုပေးတာမရှိဘဲ လုပ်ငန်းခွင် ချိုးဖောက်မှုတွေကို လာရောက်စစ်ဆေးမှုတွေကလည်း စိစပ်သေချာတဲ့ စစ်ဆေးမှုတွေ ပြုလုပ်တာ မရှိလို့ နစ်နာမှုတွေ ပိုများလာတယ်လို့ အလုပ်သမားတွေက ပြောကြားထားပါတယ်။
JinKai Manufacturing(Myanmar) Co.,Ltd အထည်ချုပ်စက်ရုံက တရုတ်နိုင်ငံသားပိုင်ဆိုင်ပြီး ရန်ကုန်မြို့ ၊ ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုန်၊ မဟူရာလမ်းမှာ LC Walklkl, macron တံဆိပ် ဝယ်လွန်အနွေးထည်တွေ ချုပ်လုပ်တယ်လို့ သိထားပါတယ်။

Related posts

Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026
Cover
Dongxin Garment Co, Ltd လုပ်ခတိုးပေးရန်တောင်းဆိုမှု အလုပ်ရှင်အလုပ်သမား ဒုတိယအကြိမ် စာချုပ်ချုပ်ဆို
May 30, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အထည်စံချိန်မပြည့်ပါက အလုပ်ထုတ်မည်ဟု နို့တစ်ကပ်
May 30, 2026
Cover
FM (1) အထည်ချုပ်စက်ရုံ သတ်မှတ်လစာ လျှော့ပေး
May 30, 2026
Cover
YST Co.,Ltd အထည်ချုပ် မန်နေဂျာမှ အထည်မရလို့ ကိုယ်ထိလက်ရောက် ကျူးလွန် ခိုင်းစေ
May 29, 2026
Cover
New Zhong Hui အထည်ချုပ် အချိန်ပို မဆင်းလို့ အလုပ်ထုတ်နေ
May 29, 2026
Cover
Victory Myanmar အထည်ချုပ် အချိန်ပို စစ်ဆေးမှုကို တိမ်းရှောင်ခိုင်း
May 29, 2026
Cover
He MeT (2)Co.,Ltd စက်ရုံ အချိန်ပို လုပ်ခမပေးဘဲ ကိုယ့်စရိတ်နှင့်ကိုယ် လုပ်ကိုင်ပေးနေရ
May 29, 2026