NEWS

Jin Yuan(Myanmar)Garment မတ်လ လစာမပေး၊ ပေးမဲ့ရက်လည်း မပြော

CoverLogo
1.4K Views
 
Jin Yuan(Myanmar)Garment က စက်ရုံ အလုပ်သမားတွေ မတ်လ လစာကို ဧပြီလ ၅ ရက်မှာ ထုတ်ပေးရပေမဲ့ လက်ရှိအချိန်အထိ ထုတ်ပေးတာမရှိတာကြောင့် အလုပ်သမားတွေ အခက်အခဲဖြစ်နေတယ်လို သိရပါတယ်။ စက်ရုံက ရန်ကုန်မြို့၊ ရွှေပြည်သာမြိုနယ် ၊ ကင်းဝန်မင်းကြီးလမ်းမှာ ဖွင့်လှစ်လုပ်ကိုင်နေတယ်လို့ သွေးစည်းညီညွတ်သော အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် STUM ဆီက သိရပါတယ်။
 
"လစာ မထုတ်ပေးတာကို ကြိုမပြောခဲ့ဘူး။ ၅ ရက်နေ့ အလုပ်ဆင်းတော့မှပြောတာ။ ပထမတော့ တစ်သိန်း အရင်ပေးမယ်ပြောတယ်။ ကျန်တာ နောက်မှယူလို ပြောတယ်။ နောက်မှလို့ပြောတာ ဘယ်နေ့ ဆိုတာကိုလည်း အတိအကျမပြောဘူး။ အလုပ်သမားတွေ တိုင်မယ်ပြောတော့မှ မန်နေဂျာတွေ အစည်းဝေးတွေ လုပ်ပြီး တနင်္လာနေ့မှာ လစာတစ်ဝက်လောက် ရအောင် လုပ်ပေးမယ်ဆိုပြီး ပြောတယ်"လို့ အလုပ်သမားတွေက ပြောပါတယ်။
 
အလုပ်သမားဥပဒေအရာ စက်ရုံအလုပ်သမားတွေရဲ့လစာကို လစဉ် လဆန်း ၅ ရက်မှာ ထုတ်ပေးရမှာ ဖြစ်ပါတယ်။ အဆောင်လခ၊ အိမ်လခတွေပေးဖိုနဲ့ တခြားပေးဖို့အတွက် စက်ရုံဘက်က လစာ အပြည့်အဝ ပေးဖို့ ပြောဆိုက ဧပြီ ၅ ရက် ည (၈)နာရီအထိ စက်ရုံထဲမှာ အလုပ်သမားတွေ စောင့်ဆိုင်းခဲ့ကြတယ်လို သိရပါတယ်။ အဲလို စောင့်ဆိုင်းတောင်းဆိုမှုကြောင့် လစာငွေကို ဧပြီ ၇ ရက်မှာ ၅၀ ရာခိုင်နှုန်း ပေးနိုင်ဖို့ ဆောင်ရွက်ပေးမယ်ဆိုပြီး ပြောဆိုခဲ့ပေမဲ့ လစာအပြည့် ရဖို့ အာမခံမှုမရှိခဲ့ဘူးလို အလုပ်သမားများက ပြောပါတယ်။
 
လစာငွေမရ ရှိခဲ့လို အလုပ်သမားတွေမှာ ခက်အခဲများစွာကြုံရပြီး ကိုယ်ပိုင်ပစ္စည်းတချို့ ရောင်းချ ပေါင်နှံ သုံးစွဲခဲ့ရတယ်လို့ စက်ရုံအလုပ်သမားတွေက ပြောပါတယ်။
 
မြန်မာနိုင်ငံမှာ ကုန်ဈေးနှုန်း အဆောင်ခတွေ မြင့်တက်ပြီး အခြေခံအသုံးစားရိတ် လိုအပ်ချိန်မှာ လုပ်ခလစာ အပြည့်မပေးတဲ့ Jin Yuan(Myanmar)Garment အထည်ချုပ်စက်ရုံကို STUM အဖွဲ့က ရှုတ်ချပြီး လုပ်ခလစာရဖို့ ကူညီဆောင်ရွက်ပေးမယ်လို့ ထုတ်ပြန်ထားပါတယ်။

Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026